မိုး​သည်း​ထန်​မှု​ကြောင့်​ ပိတ်​ခဲ့​ရသည့်​​ ​ပ​နား​မား​တူ​မြောင်း​​ ​ပြန်​လည်​ဖွင့်​လှစ်

alt

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ၂၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပိတ်ခဲ့ရသော ပနားမား တူးမြောင်းကို ပြန်ဖွင့်​လိုက်ပြီ​ဖြစ်သည်။ ဒီဇင်ဘာ ၉ ရက်နေ့က ပနားမား နိုင်ငံတွင် တည်ရှိပြီး ကမ္ဘာ့​ရေကြောင်း သွားလာမှုတွင် အရေးပါသည့် နေရာ​တစ်ခု​ဖြစ်သော တူးမြောင်း​ကို ပြန်ဖွင့်​နိုင်ခဲ့သည်။

တူးမြောင်းနှင့်​ကပ်လျက် ကုန်းမြေရှိ ကန်များတွင် ရေလျှံမှုများ ဖြစ်ပေါ်​လာပြီးနောက် တူးမြောင်း​အတွင်း ဖြတ်သန်းသည့် ရေယာဥ်များ လုံခြံုရေး​အတွက် ဝင်ရောက်သွားလာမှုကို ၁၇ နာရီကြာ ရပ်ဆိုင်းထားရခြင်းဖြစ်သည်။ ယခုအခါ တူးမြောင်းကို ပုံမှန်ပြန်လည် ဖွင့်လှစ်ပေးပြီး သင်္ဘောများ သွားလာခွင့် ပေးထားပြီ​ဖြစ်ကြောင်း တူးမြောင်း​စီမံအုပ်ချုပ်ရေး တာဝန်ရှိသူ တစ်ဦးဖြစ်သည့် အယ်ဘာတို အလီမန် ဇူဘလီတာက သတင်းထောက်များအား ပြောကြားခဲ့သည်။

ဂူတန်နှင့် အယ်ဟူဂျူလာ ရေကန်များ၏ ရေမျက်နှာပြင်အမြင့်သည် သမိုင်းတလျှောက် အမြင့်ဆုံး စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာပြီးနောက် ဒီဇင်ဘာ ၈ ရက်နေ့က တူးမြောင်းကို ပိတ်ပစ်ရန် တာဝန်ရှိသူများက ဆုံးဖြတ်ခဲ့သည်။ ပနားမား သမ္မတ ရီကာဒို မာတီနယ်လီက ၁၉၁၄ ခုနှစ်တွင် တူးမြောင်းကို စတင်ဖွင့်လှစ်ပြီးနောက် ရာသီဥတုကြောင့် ပိတ်ရခြင်းသည် ယခုတစ်ကြိမ် ပထမဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။ မိမိတို့၏ ရာသီဥတု ပညာရှင်များက ရ၃ နှစ်အတွင်း နိုင်ငံတွင် မိုးအသည်းထန်ဆုံး ရွာသွန်းနိုင်ကြောင်း ခန့်မှန်းခဲ့ပြီးနောက် တူးမြောင်းကို ယာယီပိတ်ရန် ဆုံးဖြတ်ခဲ့သည်ဟု မာတီနယ်လီက သတင်းထောက်များအား ရှင်းပြခဲ့သည်။

ပနားမားတွင် မိုးသည်းထန်စွာ ရွာသွန်ပြီး ရေကြီးရေလျှံမှုများ မကြာသေးမီက ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၈ ဦး သေဆုံးကာ ၁၅၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း သိရှိရသည်။​

LEAVE A REPLY

Please enter your comment!
Please enter your name here