မြောက်​အမေရိက​တိုက်မှ နိုင်ငံခြားရေး​ဝ​န်ကြီးများ ဒေသ​တွင်း​လုံခြုံရေး​ဆိုင်ရာများ ဆွေးနွေး

alt

မြောက်​အ​မေ​ရိ​က​တိုက်​ရှိ​ နိုင်ငံ​ကြီး​များ​မှ​ နိုင်ငံ​ခြား​ရေး​ ​ဝန်​ကြီး​များ​သည်​ ဒေ​သ​တွင်း​ ​လုံ​ခြံု​ရေး​ဆိုင်​ရာ​ ခြိမ်း​ခြောက်​မှု​များ​ မြင့်​တက်​လာ​မှု​အ​ပေါ်​ ​ဆွေး​နွေး​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​

အ​မေ​ရိ​ကန်​၊​ ​မ​က္က​စီ​ကို​နှင့်​ ​က​နေ​ဒါ​တို့မှ ​နိုင်ငံ​ခြား​ရေး​ ​ဝန်​ကြီး​များ​သည်​ ​ဒေ​သ​တွင်း​ ​လုံ​ခြံု​ရေး​ ​စိန်​ခေါ်​မှု​များ​အ​ပေါ်​ ​မည်​သို့​ကိုင်​တွယ်​ ​ဖြေ​ရှင်း​သင့်​ကြောင်း​ ​ဒီ​ဇင်​ဘာ​ ​၁၃​ ​ရက်​နေ့​က​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ခြင်း​ဖြစ်​သည်​။​ က​နေ​ဒါ​နိုင်ငံ​ခြား​ရေး​ဝန်​ကြီး​ ​လော​ရင့်​ကင်​နွန်​၊​ ​အ​မေ​ရိ​ကန်​ ​နိုင်ငံ​ခြား​ရေး​ဝန်​ကြီး​ ​ဟီ​လာ​ရီ​က​လင်​တန်​နှင့်​ ​မ​က္က​စီ​ကို​ ​နိုင်ငံ​ခြား​ရေး​ဌာ​န​ ​အ​တွင်း​ရေး​မှူး​ ​ပက်​ထ​ရစ်​ရှာ​ ​အက်​စ​ပီ​နို​ဆာ​တို့​ ​၃​ ဦး​သည်​ ​ကျူး​ဘက်​ရှိ​ ​ဝိတ်​ဖီး​အ​ပမ်း​ဖြေ​ ​ကျေး​ရွာငယ်​လေး​တွင်​ ​နေ့​ဝက်​ကြာ​ ​စည်း​ဝေး​မှု​ ​ပြု​လုပ်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​

ဒေ​သ​တွင်း​ ​လုံ​ခြံု​ရေး​နှင့်​ ​ပတ်​သက်​ပြီး​ ​စိန်​ခေါ်​မှု​များ​ ​ရှိ​နေ​သည်​ကို​ ​မိ​မိ​တို့​အား​လုံး​ ​သ​ဘော​တူ​ညီ​ခဲ့​ကြောင်း​ ​ကင်​နွန်​က​ ​သ​တင်း​ထောက်​များ​နှင့်​ ​တွေ့​ဆုံ​စဥ်​ ​မှတ်​ချက်​ပြု​ ​ပြော​ကြား​ခဲ့​သည်​။​ မိ​မိ​တို့​သည်​ ​အ​စိုး​ရ​များ​ ​ပူး​ပေါင်း၍​ ​အ​ကြမ်း​ဖက်​မှု​ ​တား​ဆီး​ရေး​နှင့်​ ​မြောက်​အ​မေ​ရိ​က​တိုက်​၏​ ​လုံ​ခြံု​ရေး​ကို​ ​မြှင့်​တင်​ရန်​ ​ပူး​ပေါင်း​ဆောင်​ရွက်​ရေး​ ​သ​ဘော​တူ​ညီ​ခဲ့​ကြောင်း​ ​ကင်​နွန်​က​ဆို​သည်​။​ ထို့​အ​ပြင်​ ​စီး​ပွား​ရေး​ ​ပူး​ပေါင်း​ဆောင်​ရွက်​မှု​၊​ ​အ​လုပ်​အ​ကိုင်​ ​အ​ခွင့်​အ​လမ်း​ ​ဖန်​တီး​ပေး​ခြင်း​စ​သော​ ​ကိ​စ္စ​များ​တွင်​လည်း​ ​အ​တူ​လက်​တွဲ​ ​ဆောင်​ရွက်​ရန်​ ​ဝန်​ကြီး​ ​၃ ဦး​က​ ​မူ​အား​ဖြင့်​ ​ဆွေး​နွေး​ဆုံး​ဖြတ်​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here