မလေးရှား​နိုင်ငံသို့ ဂျက်စတင်ဘီဘာ လာရောက်​ဖျော်ဖြေမည်

alt

မ​လေး​ရှား​နိုင်ငံ​သို့​ ဂျက်​စ​တင်​ဘီ​ဘာ​ ​လာ​ရောက်​ဖျော်​ဖြေ​မည်​ဟု​ ​သိ​ရ​သည်​။​ ​အ​သက်​ ​၁၆​ ​နှစ်​သာ​ ရှိ​သေး​သော်​လည်း​ ​က​မ္ဘာ့​အ​နု​ပ​ညာ​လော​က​တွင်​ ​အ​ကျော်​ကြား​ဆုံး​ ​ကြယ်​ပွင့်​လေး​ ​ဖြစ်​လာ​သည့်​ Pop​ အ​ဆို​တော်​သည်​ ​

လာ​မည့်​နှစ်​ ​က​မ္ဘာ​လှည့်​ ​ဖျော်​ဖြေ​ပွဲ​တွင်​ ​ကွာ​လာ​လမ်​ပူ​မြို့​ကို​ပါ​ ​ထည့်​သွင်း​စီ​စဥ်​ထား​ကြောင်း​ ​ပွဲ​စီ​စဥ်​သူ​များ​က​ဆို​သည်​။​ Baby​၊​ Somebody​ to​ Love ​တို့​ကဲ့​သို့​ ​သီ​ချင်း​များ​ဖြင့်​ ​အောင်​မြင်​မှု​များ​ ​ရ​ရှိ​ခဲ့​သည့်​ ​ဘီ​ဘာ​သည်​ ​အ​ရှေ့​တောင်​အာရှ​ ​နှစ်​နိုင်ငံ​ဖြစ်​သော​ ​စ​င်္ကာ​ပူ​နှင့်​ ​မ​လေး​ရှား​တို့​သို့​ပါ​ ​ခြေ​ဆန့်​မည်​ဖြစ်​ပြီး​ ဧ​ပြီ​လ​အ​တွင်း​ ​လာ​ရောက်​ဖျော်​ဖြေ​ရန်​ ​စီ​စဥ်​ထား​ကြောင်း​ ​သိ​ရ​သည်​။​

​ပွဲ​စီ​စဥ်​သူ​များ​သည်​ ဘီ​ဘာ​၏​ ​ပြည်​ဝင်​ခွင့်​ ​ကိ​စ္စ​အ​တွက်​ ​ဆောင်​ရွက်​နေ​ပြီး​ ​ယင်း​သည်​ ​အ​ခက်​အ​ခဲ​ ​တ​စုံ​တ​ရာ​ ​မ​ရှိ​နိုင်​ဟု​ဆို​သည်​။​ ​မ​လေး​ရှား​တွင်​ ​ကျင်း​ပ​မည့်​ ​ဖျော်​ဖြေ​ပွဲ​နှင့်​ ​ပတ်​သက်​ပြီး​ ​လက်​မှတ်​ေ​ဈး​နှုန်း​နှင့်​ ​ရက်​အ​တိ​အ​ကျ​ကို​ ​မ​ကြာ​မီ​ ​ကြေ​ညာ​သွား​နိုင်​ရန်​ ​ရှိ​နေ​ကြောင်း​လည်း​ ​ပွဲ​စီ​စဥ်​သူ​များ​နှင့်​ ​နီး​စပ်​သော​ ​အ​သိုင်း​အ​ဝိုင်း​မှ​ ​ထွက်​ပေါ်​လာ​သည့်​ ​သ​တင်း​များ​အ​ရ​ ​သိ​ရ​သည်​။​ ​

ယင်း​ပွဲ​ကို​ ​အ​ဓိ​က​ ​စီ​စဥ်​သည့်​ Tune​ Talk​ ၏​ CEO ​ဖြစ်​သူ​ ​ဂျေ​ဆန်​လို​က​ ​ဖျော်​ဖြေ​ပွဲ​နှင့်​ ​ပတ်​သက်​ပြီး​ ​မှတ်​ချက်​မ​ပေး​လို​သေး​ကြောင်း​ ​ပြော​ကြား​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here