Transporter ဇာတ်ကားကို ဇာတ်လမ်းတွဲစီးရီးများအဖြစ် ရိုက်ကူးရန် စီစဉ်

alt

နာ​မည်​ကျော်​ Action​ အ​သား​ပေး​ ​ဇာတ်​ကား​ Transporter​ ကို​ ​ရှည်​လျား​သော​ ​ဇာတ်​လမ်း​တွဲ​ ​စီး​ရီး​အ​ဖြစ်​ ​ရိုက်​ကူး​ရန်​ ​စီ​စဥ်​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​နာ​မည်​ကျော်​ ​ဟော​လီး​ဝုဒ်​မင်း​သား​ ​ဂျေ​ဆင်​စ​တက်​ဟမ်း​ ဦး​ဆောင်​ပါ​ဝင်​သည့်​ Transporter​ ကို​ ​

အ​ပိုင်း​ ​၁၂​ ​ခု​ပါ​ဝင်​သည့်​ စီး​ရီး​အ​ဖြစ်​ ​ရိုက်​ကူး​သွား​ရန်​ ​စီ​စဥ်​နေ​ခြင်​းဖြစ်​သည်​။​

​ဗြိ​တိ​သျှ​ ​ရုပ်​ရှင်​မင်း​သား​ ​စ​တက်​ဟမ်း​သည်​ ​ယင်း​ဇာတ်​ကား​တွင်​လည်း​ ​ထူး​ခြား​ဆန်း​ပြား​သော​ ​ပို့​ကုန်​များ​ကို​ ​တာ​ဝန်​ယူ​ ​ပေး​ပို့​ရ​သည့်​ ​လူ​စွန့်​စား​ ​ကား​မောင်း​သ​မား​အ​ဖြစ်​ ​ပါ​ဝင်​ဖွယ်​ ​ရှိ​နေ​သည်​။​ ​တ​ရုတ်​မင်း​ သ​မီး​ ​ရှု​ကြည်​ပါ​ဝင်​သည့်​ Transporter​ ဇာတ်​ကား​ ​အ​လွန်​ အောင်​မြင်​ခဲ့​ပြီး​နောက်​ ​ဆက်​လက်​ရိုက်​ကူးသည့်​ Transporter​ 2​ ​နှင့်​ 3​ တို့​သည်​လည်း​ ပ​ရိ​သတ်​ ​အား​ပေး​မှု​ ​ရ​ရှိ​ခဲ့​သည်​။​ ​ ယင်း​ဇာတ်​ကား​များ​တွင်​ ​စ​တက်​ဟမ်း​က​ပင်​ ​ခေါင်း​ဆောင်​မင်း​သား​အ​ဖြစ်​ ​ပါ​ဝင်​ခဲ့​သည်​။​ ​

ယ​ခု​အ​ခါ​ ​အ​မေ​ရိ​ကန်​ ​ရုပ်​မြင်​သံ​ကြား​ Channel​ တစ်​ခု​သည်​ Transporter​ ကို​ ​ဇာတ်​လမ်း​တွ​ အြ​ဖြစ်​ ​ရိုက်​ကူး​နိုင်​ရန်​ ​ကမ်း​လှမ်း​ထား​ပြီး​ ​အ​ဆင်​ပြေ​ပါ​က​ ​လာ​မည့်​နှစ်​ ​အ​စော​ပိုင်း​တွင်​ ​ရိုက်​ကွင်း​စ​တင်​နိုင်​ရန်​ ​မျှော်​လင့်​ထား​သည်​။​ ​သတ်​မှတ်​ရက်​အ​တိုင်း​ ​ရိုက်​ကွင်း​စ​နိုင်​ပါ​က​ Transporter ​စီး​ရီး​ ​ပ​ထ​မ​ပိုင်း​ကို​ ​လာ​မည့်​နှစ်​ ​နို​ဝင်​ဘာ​လ​တွင်​ ပြ​သ​သွား​နိုင်​ဖွယ်​ ​ရှိ​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here