​စတော့ဟုမ်းတွင် အသေခံ​ဗုံးခွဲခဲ့သူမှာ ဆွီဒင်​နိုင်ငံသား​တစ်ဦးဖြစ်

alt

ဆွီ​ဒင်​နိုင်ငံ​၊​ စ​တော့​ဟုမ်း​မြို့​တော်​တွင်​ အ​သေ​ခံ​ ​ဗုံး​ဖောက်​ခွဲ​မှု​ ကျူး​လွန်​ခဲ့​သူ​မှာ​ ဆွီ​ဒင်​နိုင်ငံ​သား​ တစ်ဦး​သာ​ဖြစ်​ကြောင်း​ တာ​ဝန်​ရှိ​သူ​များ​က​ ပြော​ကြား​ခဲ့​သည်​။​ ​အ​ သေ​ခံ​ ​ဗုံး​သ​မား​ ​မည်​သူ​မည်​ဝါ​ဆို​သည်​ကို​ ​၉၈​ ​ရာ​ခိုင်​နှုန်း​ ​သေ​ချာ​စွာ​ ​ဖော်​ထုတ်​နိုင်​ခဲ့​ပြီ​ဖြစ်​ကြောင်း​၊​ ​

စ​တော့​ဟုမ်း​တွင်​ ​ဒီ​ဇင်​ဘာ​ ​၁၁​ ​ရက်​နေ့​က​ ​ဖောက်​ခွဲ​ခဲ့​သူ​မှာ​ ဆွီ​ဒင်​နိုင်ငံ​သား​ဖြစ်​ရန်​ ​သေ​ချာ​ကြောင်း​ ​ရဲ​များ​က​ ​ပြော​ဆို​သွား​သည်​။​ ​ဗုံး​ဖောက်​ခွဲ​မှု​ကို​ ​စုံ​စမ်း​ရာ​တွင်​ ​အ​ဓိ​က​ ​တာ​ဝန်​ယူ​ထား​သူ​ ​အ​စိုး​ရ​ရှေ့​နေ​ ​အ​ကြီး​အ​ကဲ​ ​သော​မတ်​လင်းစ​ရန်း​က​ ​ဗုံး​သ​မား​၏​ ​အ​မည်​၊​ ​မိ​ သား​စု​နှင့်​ ​ပတ်​သက်​ပြီး​ ​တ​ရား​ဝင်​ ​အ​တည်​ပြု​ချက်​ ​မ​ရ​နိုင်​သေး​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​

ယ​ခင်​က​ ​ရဲ​မှတ်​တမ်း​တွင်​ ​မ​ရှိ​ခဲ့​သူ​ ​တစ်ဦး​ဖြစ်​ပြီး​ ​ဗုံး​သ​မား​နှင့်​ ​ပတ်​သက်၍​ ​အ​သေး​စိတ်​ ​သိ​ ရှိ​ရန်​ ​စုံ​စမ်း​နေ​ဆဲ​ဟု​ ​သော​မတ်​က​ဆို​သည်​။​ ​၁၉၈၁​ ​ခု​နှစ်​က​ ​မွေး​ဖွား​ပြီး​ ​၁၉၉၂​ ​ခု​နှစ်​က​ ​ဆွီ​ဒင်​သို့​ ​ရောက်​ရှိ​ခဲ့​သူ​ ​တာမူ​ရင်​ ​အက်​ဒူ​ဝါ​ဟက်​၏​ ​မူ​ရင်း​ဇစ်​မြစ်​နိုင်ငံ​သည်​ ​အ​ရှေ့​အ​လယ်​ ပိုင်း​မှ​ဖြစ်​ကြောင်း​ ​သော​မတ်​က​ ​အ​တည်​ပြု​ခဲ့​သော်​လည်း​ ​နိုင်ငံ​အ​မည်​ကို​မူ​ ​ပြော​ဆို​ရန်​ ​ငြင်း​ဆန်​သွား​သည်​။​ ​အက်​ဒူဝါ​ဟက်​သည်​ ​ဗုံး​ခါး​ပတ်​ကို​ ​ဝတ်​ဆင်​လာ​ပြီး​ ​ကျော​တွင်​လည်း​ ​ ဖောက်​ခွဲ​ရေး​ ​ကိ​ရိ​ယာ​များ​ကို​ ​လွယ်​လာ​ကာ​ ​လက်​ထဲ​တွင်​လည်း​ ​ပ​စ္စည်း​တစ်​ခု​ခု​ ​ကိုင်​ခဲ့​သည်​ကို​ ​မျက်​မြင်​တွေ့​ခဲ့သူ​များ​ ​ရှိ​နေ​ကြောင်း​ ​သော​မတ်​က​ဆို​သည်​။​ ​အက်​ဒူ​ဝါ​ဟက်​၏​ ​အ​သေ​ခံ​ ​ဖောက်​ခွဲ​မှု​ေြ့ာင့်​ ​အ​နည်း​ဆုံး​ ​လူ​ ​၂​ ဦး​ ​ဒဏ်​ရာ​ရှိ​ခဲ့​ပြီး​ ​ယ​ခု​အ​ခါ​ ​ဆွီ​ဒင်​ရဲ​တပ်​ဖွဲ့​သည်​ ​ဖောက်​ခွဲ​မှု​၏​ ​နောက်​ကွယ်​တွင်​ ​ဆက်​စပ်​ကြိုး​ကိုင်​နေ​သည်​ဟု​ ​ယူ​ဆ​ရ​သူ​များ​ကို​ ​ခြေ​ရာ​ခံ​ ​ရှာ​ဖွေ​ လျက်​ရှိ​သည်​။​ ဆွီ​ဒင်​လုံ​ခြံု​ရေး​ဝန်​ဆောင်​မှု​အ​ဖွဲ့​ (SAPO)​ မှ​ ​စစ်​ဆင်​ရေး​ ​ဒါ​ရိုက်​တာ​ ​အန်း​ဒ​ရက်​သွန်​ဘက်​က​ ​နိုင်ငံ​အ​တွင်း​ရှိ​ ​မွတ်​ဆ​လင်​ ​အ​ဖွဲ့​အ​စည်း​များ​ထံ​မှ​ ​အ​ကူ​အ​ညီ​ကို​ ​ရ​ယူ​ကာ​ ​စုံ​စမ်း​မှု​များ​ ​ပြု​လုပ်​သွား​နိုင်​ရန်​ ​ရည်​ရွယ်​ကြောင်း​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ကြား​ခဲ့​သည်​။​ ​မိ​မိ​တို့​အ​နေ​နှင့်​ ​ဗုံး​သ​မား​သည်​ ​ယ​ခု​အ​မှု​ကို​ တစ်ဦး​တည်း​ ​ကျူး​လွန်​သည်​ဟု​ ​မ​ထင်​ ကြောင်း​လည်း​ ​အန်း​ဒ​ရက်​က​ဆို​သည်​။​ ​လက်​ရှိ​တွင်​ ​ဆွ​ီ​ဒင်​မြေ​ပေါ်​သို့​ ​နောက်​ထပ်​အ​ကြမ်း​ဖက်​မှု​များ​ ​ပြု​လုပ်​လာ​ဖွယ်​ ​မ​ရှိ​ဟု​ ​ယူ​ဆ​ထား​ပြီး​ ​အ​ရေး​ပေါ်​အ​ခြေ​အ​နေ​ ​ထုတ်​ပြန်​ခြင်း​ ​မ​ရှိ​ဟု​ ၎င်း​က​ ​အ​တည်​ပြု​ခဲ့​သည်​။​

​ဒီ​ဇင်​ဘာ​ ​၁၁​ ​ရက်​နေ့​က​ ​စ​တော့​ဟုမ်း​ ​မြို့​လယ်​တွင်​ ​အ​သေ​ခံ​ ​ဗုံး​သ​မား​တစ်ဦး​ ​ယူ​ဆောင်​လာ​သည့်​ ​ဗုံး​များ​မှ​ ​ပေါက်​ကွဲ​မှု​နှစ်​ခု​ ​ဖြစ်​ပွား​ပြီး​ ​ဗုံး​သ​မား​မှာ​ ​ဒု​တိ​ယ​ မြောက်​ ​ပေါက်​ကွဲ​မှု​တွင်​ ​သေ​ဆုံး​သွား​သည်​။​ ၎င်း​သည်​ ​လူ​ထူ​ထပ်​ရာ​သို့​ ဦး​တည်​ခဲ့​ဟန်​ရှိ​သော်​လည်း​ ​လူ​အ​များ​ထံ​ ​မ​ရောက်​မီ​ ​ပ​ထ​မ​ဗုံး​ ​ပေါက်​ကွဲ​သွ​ား​ခြင်း​ဖြစ်​သည်​။​ ဗုံး​သ​မား​သည်​ ​ ခါး​တွင်​ ​လက်​လုပ်​ဓာတ်​ငွေ့​ဗုံး​များ​ကို​ ​ခါး​ပတ်​အ​ဖြစ်​ ​ချိတ်​ယူ​လာ​ကာ​ ​ယင်း​တို့​ပေါက်​ကွဲ​စဥ်​ ​ဝမ်း​ဗိုက်​ကို​ ​ပြင်း​ထန်​စွာ​ ​ပွင့်​ထွက်​သွား​စေ​ရာ​မှ​ ​အက်​ဒူ​ဝါ​ဟက်​ ​သေ​ဆုံး​သွား​ခြင်း​ဟု​ ​ရဲ​ များ​က​ ​ယူ​ဆ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here