​​အ​လုပ်​ထုတ်​ခံ​လိုက်​ရ​သည့်​ ​ဆန်​တာ​က​လော့စ်

alt

ညစ်တီးညစ်ပတ် ပြက်လုံးများ ထုတ်ခဲ့ပြီးနောက် ဆန်တာ ကလော့စ်မှာ အလုပ် ထုတ်ခံလိုက်ရကြောင်း သိရသည်။ ဆန်ဖရန် ဆစ္စကိုရှိ စူပါ မားကက်ကြီး တစ်ခုတွင် ဆန်တာကလော့စ်ပုံစံ ဝတ်ဆင်ကာ ဈေးဝယ်သူများ အား ကြိုဆို နှုတ်ခွန်းဆက်ရသည့်

ဂျွန်တူမီသည် ဈေးဝယ်သူ ၂ ဦးအား စိတ် မကျေနပ်မနပ်ဖြစ်အောင် ညစ်ညစ်ပတ်ပတ် ဟာသများ ပြောခဲ့ခြင်း အတွက် အလုပ် ထုတ်ခံ လိုက်ရခြင်း ဖြစ်သည်။ လုပ်သက် နှစ် ၂၀ ကျော် ရှိပြီ ဖြစ်သည့် အသက် ၆၈ နှစ်အရွယ် တူမီ၏ ရိုင်းစိုင်းမှု အပေါ် ဈေးဝယ်သူများက စောဒက တက်ခဲ့ရာ အလုပ် ထုတ်ခံခဲ့ရခြင်း ဖြစ်သည်။

ယခုကိစ္စအတွက် စိတ်ပျက်မိပြီး မိမိအနေနှင့် ဆိုးဆိုးရွားရွား အသုံးအနှုန်းများ ပြောဆိုခဲ့ခြင်း မရှိကြောင်း တူမီကဆိုသည်။ တူမီ အလုပ် ထုတ်ခံရခြင်းနှင့် ပတ်သက်ပြီး စူပါ မားကက်သို့ လာရောက်သည့် ပုံမှန် ဖောက်သည် အချို့တို့က မကျေနပ် ကြချေ။ ၎င်းအား အနည်းဆုံး ၁၅ နှစ်ခန့် ဆိုင်ဝန်ထမ်းအဖြစ် တွေ့မြင်ခဲ့ရကြောင်း၊ တူမီသည် ဖော်ရွေပြီး ယဥ်ကျေးသူ တစ်ဦးဖြစ်ကြောင်း ဖောက်သည်တစ်ဦးက မှတ်ချက်ပြုခဲ့သည်။ ထို့အပြင် လူတိုင်းက တူမီကိုချစ်ကြောင်း၊ ယခုကိစ္စသည် နားလည်မှု လွဲမှားခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တူမီသည် လက်ရှိတွင် သီးခြားမိသားစု ပါတီများတွင် ဆန်တာကလော့စ်အဖြစ် အလုပ်လုပ်ခွင့်ရရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here