၂ လကျော် ပိတ်မိခဲ့သည့် ချီလီမိုင်းတွင်းလုပ်သားများ မန်ယူ၏ လေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်ခွင့်ရ

alt

၂​ ​လ​ကျော်​ကြာ​မျှ​ မြေ​အောက်​အ​နက်​ ​ပေ​ ၂၀၀၀​ ​ကျော်​တွင်​ ​ပိတ်​မိ​နေ​ခဲ့​သည့်​ ချီ​လီ​မိုင်း​အ​လုပ်​သ​မား​များ​သည်​ မန်​ချက်​စ​တာ​ ​ယူ​နိုက်​တက်​ အ​သင်း​၏​ ​လေ့​ကျင့်​ ရေး​ ​အ​စီ​အ​စဥ်​တွင်​ ​ပါ​ဝင်​ခွင့်​ ​ရ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​

ဒီ​ဇင်​ဘာ​ ​၁၃​ ​ရက်​နေ့​က​ ​က​မ္ဘာ​ကျော်​ ​ဘော​လုံး​က​လပ်​အ​သင်း​ကြီး​မှ​ ​က​စား​သ​မား​များ​နှင့်​ ​အ​ချိန်​ပိုင်း​ ​လက်​တွဲ​လေ့​ကျင့်​ခွင့်​ ​ရ​ ခဲ့​သလို​ ​ယူ​နိုက်​တက်​၏​ ​အိမ်​ကွင်း​ဖြစ်​သော​ ​အိုး​ထ​ရက်​ဖို့ဒ်​တွင်​ ​မ​ဟာ​ပြိုင်​ဖက်​ ​အာ​ဆင်​နယ်​နှင့်​ ​ထိပ်​တိုက်​တွေ့​သော​ ​ပွဲ​စဥ်​ကို​လည်း​ ​မိုင်း​အ​လုပ်​သ​မား​များ​ ​ကြည့်​ရှု​ခွင့်​ ​ရ​ခဲ့​သည်​။​ ​ဒီ​ ဇင်​ဘာ​ ​၁၂​ ​ရက်​နေ့​က​ ​မန်​ချက်​စ​တာ​မြို့​သို့​ ​ရောက်​ရှိ​လာ​သော​ ​မိုင်း​အ​လုပ်​သ​မား​များ​ကို​ ​ယူ​နိုက်​တက်​၏​ ​ဂ​န္တ​ဝင်​ ​က​စား​သ​မား​ဟောင်း​ကြီး​ ​ဘော်​ဘီ​ချာ​တန်​က​ ​ကြို​ဆို​ခဲ့​သည်​။​ ​

ချာ​တန်​၏​ ​ဖ​ခင်​မှာ​ ​မိုင်း​အ​လုပ်​သ​မား​တစ်ဦး​ ​ဖြစ်​ခဲ့​ပြီး​ ​ချာ​တန်​သည်​ ​အောက်​တို​ဘာ​လ​က​ ​မိုင်း​အ​လုပ်​သ​မား​ ​၃၃​ ဦး​တို့​ ​လွတ်​မြောက်​လာ​ရေး​အ​တွက်​ ​အ​ကူ​အ​ညီ​များ​ ​ပေး​ပို့​ကြ​ပါ​ရန်​ ဦး​ ဆောင်​ဆော်ဩ​ပေး​ခဲ့​သည်​။​ ​တစ်​က​မ္ဘာ​လုံး​၏​ ​စိတ်​နှ​လုံး​ကို​ ​ကိုင်​လှုပ်​နိုင်​ခဲ့​သည့်​ ​သူ​ရဲ​ကောင်း​များ​ကို​ ​ကြို​ဆို​ခွင့်​ရ​သည့်​အ​တွက်​ ​ကျေ​နပ်​ဂုဏ်​ယူ​ပါ​ကြောင်း​ ​ချာ​တန်​က​ ​နှုတ်​ဆက်​စ​ကား​ ​ပြော​ကြား​ခဲ့​သည်​။​ ​ယူ​နိုက်​တက်​ ​အ​သင်း​၏​ ​အ​ထူးဧည့်​သည်​တော်​အ​ဖြစ်​ ​မိုင်း​အ​လုပ်​သ​မား​ ​အား​လုံး​ကို​ ​ဖိတ်​ကြား​ခဲ့​သော်​လည်း​ ​၂၃​ ဦး​သာ​ ​လာ​ရောက်​နိုင်ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ယင်း​တို့​ကို​ ​ယူ​နိုက်​တက်​၏​ ​နည်း​ပြ​ကြီး​ ​ဆာ​အ​လက်​ဖာ​ဂူ​ဆန်​က​လည်း​ ​ကာ​ရင်တန်​ ​လေ့​ကျင့်​ရေး​ကွင်း​တွင်​ ​တွေ့​ဆုံ​နှုတ်​ဆက်​ခဲ့​သည်​။​

​ဖာ​ဂူ​ဆန်​က​ ​အ​သင်း​၏​ ​တရား​ဝင်​ ​ဝက်​ဆိုက်​တွင်​ ​မိ​မိ​သည်​ ​လူ​သား​တို့​၏​ ​အ​သက်​ရှင်​သန်​ရေး​အ​တွက်​ ​ရုန်း​ကန်​မှု​စွမ်း​ရည်​ကို​ ​သက်​သေ​ပြ​ခဲ့​သူ​များ​နှင့်​ ​တွေ့​ခွင့်​ရ​ခဲ့​သည့်​အ​တွက်​ ​အ​လွန်​ဂုဏ်​ယူ​ကြောင်း​ ​ဖော်​ပြ​ခဲ့​သည်​။​ ည​ပိုင်း​တွင်​ ​မိုင်း​အ​လုပ်​သ​ မား​များသည်​ ​ယူ​နိုက်​တက်​နှင့်​ ​အာ​ဆင်​နယ်​တို့​ ​ယှဥ်​ပြိုင်​က​စား​မှု​ကို​ ​အထူးဧည့်​သည်​တော်​များ​အ​ဖြစ်​ ​ကြည့်​ရှု​ခွင့်​ ​ရ​ခဲ့​ပြီး​ ​ထို​ပွဲ​တွင်​ ​ယူ​နိုက်​တက်​က​ ​၁-၀​ ​ဖြင့်​ ​အ​နိုင်​ရ​ရှိ​သွား​ကြောင်း​ ​သိ​ ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here