ဖိလစ်ပိုင်တွင် အင်တာနက်မှတဆင့် လိင်ပုံရိပ်များ ပျံ့နှံ့နေခြင်း အပေါ် အာဏာပိုင်များ သတိပေးပြောကြား

alt

ဖိ​လစ်​ပိုင်​နိုင်ငံ​တွင်​ အင်​တာ​နက်​မှ​တ​ဆင့်​ လိင်​ပုံ​ရိပ်​များ​ ​ပျံ့​နှံ့​နေ​ခြင်း​သည်​ ကြီး​မား​သော​ ​ခြိမ်း​ခြောက်​မှု​တစ်​ခု​ ​ဖြစ်​လာ​ကြောင်း​ ​အာ​ဏာ​ပိုင်​များ​က​ ​သ​တိ​ပေး​ ​ပြော​ ကြား​လိုက်​သည်​။​

အ​မျိုး​သ​မီး​များ​၏​ ​လိင်​ဆိုင်​ရာ​ ​စိတ်​အား​ထက်​သန်​မှု​ ​အ​တွေ့​အ​ကြံု​များ​ကို​ Webcam ​ဖြင့်​ ​ရိုက်​ကူး​ကာ​ ​အင်​တာ​နက်​ပေါ်​ ​လွှင့်​တင်​ထား​ခြင်း​ကို​ ​ရှာ​ဖွေ​ကြည့်​ရှု​သူ​ များ​သည်​ ​အ​ရှိန်​အ​ဟုန်​ ​လျင်​မြန်​စွာ​ ​ဖွံ့​ဖြိုး​တိုး​တက်​လာ​နေသည့်​ ​အ​ရှေ့​တောင်​အာ​ရှ​ ​နိုင်ငံ​အ​တွင်း​ ​တ​ရိပ်​ရိပ်​တိုး​ပွား​လာ​နေ​သည်​။​

Cybersex​ ခေါ်​ ​အ​ဆို​ပါ​ ​မ​လျော်​မ​ကန်​ ​လုပ်​ရပ်​ များ​သည်​ ​နိုင်ငံ​အ​တွင်း​ ​က​လေး​သူငယ်​ ​ပြည့်​တန်​ဆာ​မှု​များ​ကဲ့​သို့​ ​လိင်​မှု​ခင်း​များ​ကို​ ​ပို​မို​တွန်း​အား​ပေး​နေ​ကြောင်း​ ဥ​ပ​ဒေ​ပြု​ ​တာ​ဝန်​ရှိ​သူ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​နိုင်ငံ​မြောက်​ပိုင်း​ ​ အို​လာ​ဂါ​ပို​ရှိ​ ​အိမ်​တစ်​လုံး​ကို​ ​ရဲ​များ​က​ ​စီး​နင်း​ခဲ့​ရာ​ ​အ​သက်​ ​၁၄​ ​နှစ်​နှင့်​ ​၁၈​ ​နှစ်​ကြား​ ​မိန်း​က​လေးငယ်​ ​၅​ ဦး​နှင့်​ ​အ​ရွယ်​ရောက်​ပြီး​ ​အ​မျိုး​သ​မီး​ ​၃​ ဦး​တို့​သည်​ Webcam ​များ​ရှေ့​တွင်​ လိင်​နှိုး​ဆွ​သော​ ​အ​ပြု​အ​မူ​များ​ ​လုပ်​ဆောင်​နေ​သည်​ကို​ ​တွေ့​ရှိ​ခဲ့​သည်​။​ ​

ယင်း​သည်​ Online​ မှ​တ​ဆင့်​ ​ပြည့်​တန်​ဆာ​အ​လုပ်​အ​တွက်​ ​ဖောက်​သည်​ရှာ​မှု​ ​တစ်​မျိုး​အ​ဖြစ်​ ​သတ်​မှတ်​နိုင်​ ကြောင်း​၊​ ​မိ​မိ​တို့​အ​နေ​နှင့်​ ​အ​မျိုး​သား​များ​နှင့်​ ​ဆက်​သွယ်​ပြော​ဆို​ပြီး​နောက်​ ​ယင်း​တို့​က​ ​ငွေ​ကြေး​ပေး​သည့်​ ​အ​ချိန်​အ​တိုင်း​အ​တာ​အ​လိုက်​ Online ​မှ​တ​ဆင့်​ ​နှိုး​ဆွ​သည့်​ ​ဟန်​ပန်​များ​ဖြင့်​ ​လိင်​စိတ်​ဖျော်​ဖြေ​ပေး​ကြောင်း​ ​အ​ဖမ်း​ခံ​ရ​သူ​ Rainbow​ ဆို​သော​ ​အ​မည်​ဝှက်​နှင့်​ ​မိန်း​က​လေး​က​ ​ဝန်​ခံ​ခဲ့​သည်​။​ အ​မျိုး​သား​ ​ထောက်​လှမ်း​ရေး​ ​ဗျူ​ရို​မှ​ ​တာ​ဝန်​ရှိ​သူ​ ​တစ်ဦး​ဖြစ်​သည့်​ ​မင်​ဒို​ နီ​ယို​ ​ကွန်​ဇွန်း​က​ ​အ​စိုး​ရ​အ​နေ​နှင့်​ Cybersex​ ကို​ ​ထိန်း​ချုပ်​ရန်​ ​ပို​မို​တိုက်​ရိုက်​ကျသည့်​ ဥ​ပ​ဒေ​များ​ ​ပြ​ဌာန်း​ရန်​ ​လို​အပ်​ကြောင်း​၊​ ​လက်​ရှိ​တွင်​ ​အင်​တာ​နက်​မှ​ ​အ​သက်​မ​ပြည့်​ဘဲ​ ​လိင်​ဝန်​ ဆောင်​မှု​ပေး​နေ​သည့်​ ​က​လေးငယ်​ ​အ​ရေ​အ​တွက်​သည်​ ​တ​စ​ထက်​တ​စ​ ​တိုး​ပွား​လာ​နေ​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here