နားရွက်နှင့်နှာခေါင်းများ အဖြတ်ခံခဲ့ရသည့် အာဖဂန် မိန်းကလေး၏ ယောက္ခထီးဖြစ်သူအား ဖမ်းဆီး

alt

Time ​မ​ဂ္ဂ​ဇင်း​က​​ ​ဖော်​ပြ​ခဲ့​သည့်​ ​နား​ရွက်​နှင့်​​ ​နှာ​ခေါင်း​များ​ ​ဖြတ်​တောက်​ခံ​ခဲ့​ရ​သူ​​ ​အာ​ဖ​ဂန်​ ​န​စ္စ​တန်​​ ​နိုင်ငံ​သူ​ ​မိန်း​က​လေး​၏​​ ​ယော​က္ခ​ထီး​အား​ ​ဖမ်း​ဆီး​လိုက်​ကြောင်း​​ ​သိ​ရ​သည်​။​ ​

နှိပ်​စက်​လွန်း​သော​ ​ခင်​ပွန်း​သည်​နှင့်​ ​ယင်း​၏​မိ​သား​စု​ဒဏ်​ကို​ ​မ​ခံ​နိုင်​သ​ဖြင့်​ ​ထွက်​ပြေး​သော​ ​အေ​ရှာ​ကို​ ​နှာ​ခေါင်း​နှင့်​ ​နား​ရွက်​များ​ဖြတ်​ပြီး​ ​ရက်​ရက်​စက်​စက်​ ​ဒဏ်​ပေး​ပုံ​ကို​ ဩ​ဂုတ်​လ​ ​၉​ ​ရက်​နေ့​ထုတ်​ Time​ ​မ​ဂ္ဂ​ဇင်း​က​ ​ဖော်​ပြ​ခဲ့​ရာ​ ​တစ်​က​မ္ဘာ​လုံး​က​ ​အာ​ဖ​ဂန်​ရှိ​ ​အ​မျိုး​သ​မီး​များ​၏​ ​အ​ခွင့်​အ​ရေး​ ​ဆုံး​ရှုံး​နေ​မှု​ကို​ ​ပြင်း​ပြင်း​ထန်​ထန်​ ​ဝေ​ဖန်​ခဲ့​သည်​။​ ​

သူ​မ​သည်​ ​ယ​ မန်​နှစ်​က​ ​အ​သက်​ ​၁၈​ ​နှစ်​သာ​ ​ရှိ​သေး​သည့်​ ​အ​ရွယ်​တွင်​ ​ ​ခင်​ပွန်း​သည်​၏​ ​အိမ်​မှ​ ​ထွက်​ပြေး​ခဲ့​သော်​လည်း​ ​ပြန်​လည်​ဖမ်း​မိ​သွား​ချိန်​တွင်​ ​တာ​လီ​ဘန်​ ​အ​ကြမ်း​ဖက်​အ​ဖွဲ့​ ​တပ်​မှူး​တစ်ဦး​က​ ​တ​ရား​သူ​ကြီး​အ​ဖြစ်​ ​ဆောင်​ရွက်​ပြီး​ ​ယ​ခု​လို​ ​ပြစ်​ဒဏ်​ပေး​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ယ​ခု​အ​ခါ​ ​အ​မေ​ရိ​ကန်​သို့​ ​ရောက်​ရှိ​နေ​သည့်​ ​အေ​ရှာ​က​ ​သူ​မ​သည်​ ​ခင်​ပွန်း​ဖက်​မှ​ ​တော်​စပ်​သည့်​ ​ဆွေ​မျိုး​များ​၏​ ​ရိုက်​နှက်​မှု​နှင့်​ ​အ​ကြမ်း​ဖက်​နှိပ်​စက်​မှု​များ​ကြောင့်​ ​ထွက်​ပြေး​မိ​ခြင်း​ဟု​ ​ဝန်​ခံ​ပြော​ကြား​ခဲ့​သည်​။​ ​

ယ​ခု​အ​ခါ​ ​အေ​ရှာ​အား​ ​တ​ရား​စီ​ရင်​ရာ​တွင်​ ​ပါဝင်ပတ်​သက်​ခဲ့​ပြီး​ ​အေ​ရှာ​၏​ ​နှာ​ခေါင်း​နှင့်​ ​ နား​ရွက်​တို့​ကို​ ​လှီး​ဖြတ်​ခဲ့​သည်​ဆို​သော​ ​ယော​က္ခ​ထီး​အား​ ​အာ​ဖ​ဂန်​ အာ​ဏာ​ပိုင်​များ​က​ ​ဖမ်း​ဆီး​လိုက်​ခြင်း​ဖြစ်​သည်​။​ ​အေ​ရှာ​သည်​ ​လော့စ်​အိန်​ဂျယ်​လိစ်​သို့​ ​ရောက်​ရှိ​နေ​ပြီး​ ​သူ​မ​၏​ ​လှီး​ ဖြတ်​ခံ​ထား​ရ​သော​ ​နှာ​ခေါင်း​ကို​ ​အ​ပြည့်​အ​ဝ​ ​အ​စား​ထိုး​နိုင်​မည့်​ ​ကု​သ​မှု​အ​တွက်​ ​စောင့်​ဆိုင်း​နေ​ဆဲ​ဖြစ်​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here