အီ​ဂျစ်​ကမ်း​ခြေ​တွင်​ ငါး​မန်း​ကိုက်​ခံ​ရ​သူ​​ ​ကိုယ်​တွေ့​ဖြစ်​ရပ်​များ​​ ​ပြန်​လည်​ပြော​ပြ

alt

အီဂျစ် နိုင်ငံတွင် သောင်းကျန်းနေသည့် ငါးမန်း တိုက်ခိုက်မှုကို ခံစား ခဲ့ရသူ တစ်ဦးက ၎င်း၏ ကိုယ်တွေ့ အဖြစ်အား ပြန်လည် ပြောပြ ခဲ့သည်။ ရှမ်အယ်ရှိတ် ကမ်းခြေတွင် ရေကူးရင်း ငါးမန်း အကိုက်ခံရသူ ရုရှားလူမျိုး သင်္ဘောသားဟောင်း

တစ်ဦးက ငါးမန်းသည် ၎င်း၏ လက်မောင်းကို ဆွဲယူ ပြီးနောက် ဝါးစားနေသည်ကို ကိုယ်တွေ့ မြင်လိုက် ရသည်ဟု ဆိုသည်။ အသက် ၅၄ နှစ်ရှိ ယူဂျင်ထရစ်ရှကင်မှာ ငါးမန်း တိုက်ခိုက်မှုနှင့် ကြံုခဲ့ရသူ ၅ ဦး အနက် ၁ ဦး ဖြစ်ပြီး ဝဲဖက်လက်ကို ဆုံးရှံုးခဲ့ရသည်။

တိုက်ခိုက်မှုများ အတွင်း အသက် ရ၀ အရွယ် ဂျာမန် ကမ္ဘာလှည့် ခရီးသည် အမျိုးသမီး တစ်ဦးမှာ သေဆုံးသွားခဲ့သည်။ အခြေအနေ တိုးတက် ကောင်းမွန်လာပြီး လက်ရှိတွင် အီဂျစ်ရှိ ဆေးရုံတစ်ခုသို့ တက်ရောက်ကုသမှု ခံယူနေသည့် ယူဂျင်က ငါးမန်းသည် မိမိရှေ့တွင်ပင် မိမိ လက်တစ်ချောင်းအား ကိုက်ဝါး စားပစ်လိုက်သည်ကို တွေ့မြင် ရပြီးနောက် ငါးမန်းအား ကန်ကျောက်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ သွေးရူးသွေးတန်း ဖြစ်နေသော အခြေအနေတွင် မည်သည့် အရာကိုမျှ သတိမမူမိတော့ကြောင်းလည်း ယူဂျင်က ဝန်ခံခဲ့သည်။

ငါးမန်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ပင်လယ်နီ ကမ်းခြေတွင် အပျော်တမ်း ရေငုပ်သူ အချို့ကရုပ်ရှင်ရိုက်ကူးနိုင်ခဲ့ကြောင်းလည်း သိရသည်။ လူ ၃ ဦး အတူရေကူးနေရာသို့ ငါးမန်းတစ်ကောင် ရောက်လာကာ တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်ကို ရုပ်ရှင်ရိုက်ထားခြင်းဖြစ်သည်။ လွန်ခဲ့သော သီတင်းနှစ်ပါတ်ခန့်က ရိုက်ကူးထားသည့် ရုပ်ရှင်အရ ငါးမန်းသည် Oceanic whitetip အမျိုးအစား ဖြစ်နိုင်ကြောင်း သုတေသီများကဆိုသည်။ ပညာရှင်များက ယခင်က ရေနက်ပိုင်းတွင်သာ အနေများသော သားစားသတ္တဝါများ ရေတိမ်ရာ ကမ်းခြေသို့ ပြောင်းရွှေ့လာခြင်းသည် ကမ္ဘာလှည့် ခရီးသည်များ လိုက်ပါလာသည့် လှေများက အသားငါးများကို ရေတိမ်ပိုင်းတွင် စည်းကမ်းမဲ့ စွန့်ပစ်ခြင်းနှင့် ဆက်စပ်နေနိုင်ပြီး ယင်းလုပ်ရပ်သည် ငါးမန်းများကို လူထူထပ်ရာ ကမ်းစပ်ပိုင်းသို့ လာရောက်ကျက်စားအောင် ဆွဲဆောင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here