အင်္ဂလန်အမျိုးသမီး၏ ထူးထူးဆန်းဆန်း ရဲစခန်းသို့ တိုင်ကြားမှု

alt

အ​င်္ဂလန်​နိုင်ငံ​မှ​​ ​အ​မျိုး​သ​မီးတစ်ဦး​သည်​​ ​ရဲ​စ​ခန်း​သို့​ ​ထူး​ထူး​ဆန်း​ဆန်း​​ ​တိုင်​ကြား​မှု​ ​တစ်​ခု​ကြောင့်​​ ​ရဲ​များ​ ဦး​နှောက်​စား​နေ​ကြောင်း​​ ​သိ​ရ​သည်​။​ ​နိုင်ငံ​အ​ရှေ့​တောင်​ပိုင်း​​ ​ကန့်​ဒေသ​တွင်​ ​ဆီး​နှင်း​များ​ ​ထူ​ထပ်​ပြီး​ ​ကား​ပေါင်း​ ရာ​နှင့်​ချီ​ လမ်း​ဘေး​ထိုး​ရပ်​ထား​ရာ​မှ​ ​ရဲ​များ​ထံ​ ​အ​ကူ​အ​ညီ​ ​တောင်း​ခံ​နေ​သော​ကြောင့်​

​ရဲ​တပ်​ဖွဲ့​မှာ​ ​အ​လွန်​အ​လုပ်​များ​လျက်​ရှိ​ချိန်​တွင်​ ​အ​ဆို​ပါ​ ​အ​မျိုး​သ​မီးက​​ ​သူ​မထု​လုပ်​ထား​သည့်​ ​နှင်း​ခဲ​ရုပ်​ကို​ ​သူ​များ​ခိုး​သွား​ကြောင်း​ ​တိုင်​ကြား​ခဲ့​ခြင်း​ဖြစ်​သည်​။​

ယင်း​အ​ရုပ်​အ​တွက်​ ​၅​ ​နာ​ရီ​ကြာ​ ​အ​ချိန်​ယူ​ခဲ့​ရ​ကြောင်း​၊​ ​သူ​မ​ပိုင်​ ​နှင်း​ခဲ​ရုပ်​ကို​ ​သူ​မ​စီး​က​ရက်​ ​သွား​သောက်​ချိန်​တွင်​ ​တစ်ဦးဦး​က​ ​ခိုး​ယူ​သွား​ကြောင်း​ ​အ​ဆို​ပါ​ ​အ​မျိုး​သ​မီး​က​ ​ဖုန်း​ဆက်​တိုင်​ကြား​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​အ​ရုပ်​ကို​ ​ဖြစ်​နိုင်​သ​မျှ​ ​အ​မြန်​ဆုံး​ ​ကူ​ညီ​ရှာ​ဖွေ​ပေး​စေ​လို​ကြောင်း​ ​ပန်​ကြား​ခဲ့​သေး​သည်​။​ ​ရဲ​များ​က​ ​ထို​အ​မျိုး​သ​မီး​သည်​ ​အ​ပျော်​သ​ဘော​ ​ကျီ​စယ်​နေ​ခဲ့​ခြင်း​ ​မ​ဟုတ်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​စုံ​ထောက်​ဌာ​န​ ​အ​ကြီး​အ​ကဲ​ ​ဆီ​မွန်​ဘ​လက်​က​ ​ထို​ကိ​စ္စ​သည်​ အ​လွန်​အ​လိုက်​မ​သိ​သော​ ​လုပ်​ရပ်​ဖြစ်​ကြောင်း​ ​ဝေ​ဖန်​သွား​သည်​။​

​ဗြိ​တိန်​နိုင်ငံ​ ​နေ​ရာ​အ​နှံ့​အ​ပြား​တွင်​ ​ရေ​ခဲ​များ​ ​ဖုံး​လွှမ်း​နေ​ပြီး​ ​ကား​များ​လမ်း​ချော်​ခြင်း​ကဲ့​သို့​ ​ကိ​စ္စ​များ​ကြောင့်​ ​အ​ရေး​ပေါ်​ ​ဖုန်း​နံ​ပါတ်​ 999 ​သို့​ ​အ​ကူ​အ​ညီ​ ​တောင်း​ခံ​မှု​ ​အ​မြောက်​အ​မြား​ ​ရှိ​နေ​ကြောင်း​ ​သိရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here