မက္ကစီကို မူးယစ်ရာဇာတစ်ဦး ရဲတပ်ဖွဲ့၏ စီးနင်း တိုက်ခိုက်မှု အတွင်း သေဆုံး

alt

မ​က္က​စီ​ကို​​ ​နိုင်ငံ​၏​ ​အ​ထင်​က​ရ​​ ​မူး​ယစ်​ရာ​ဇာ​ ​တစ်ဦး​မှာ​​ ​ရဲ​တပ်​ဖွဲ့​၏​ ​စီး​နင်း​တိုက်​ခိုက်​မှု​အ​တွင်း​ ​သေ​ဆုံး​သွား​ကြောင်း​ ​သိ​ရ​သည်​။​ ​လာ​ဖာ​မီ​လာ​ ​ဒု​စ​ရိုက်​အ​ဖွဲ့​ကို​ ဦး​ဆောင်​နေ​သည့်​ ​နာ​ဇာ​ရီ​ယို​ ​မို​ရီ​နို​ ​ဂွန်​ဇာ​လက်​သည်​ ​ဒီ​ဇင်​ဘာ​ ​၉​ ​ရက်​နေ့​ည​ ​ရဲ​တပ်​ဖွဲ့​က​ ​အ​နောက်​ပိုင်း​ဒေ​သ

​ ​မီ​ချို​အာ​ကန်​တွင်​ ​ဝင်ရောက်​စီး​နင်း​မှု​အ​တွင်း​ ​သေ​ဆုံး​သွား​ကြောင်း​ ​အ​မျိုး​သား​ ​လုံ​ခြံု​ရေး​ ​ကက်​ဘိ​နက်​မှ​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​ရာ​ရှိ​ ​အ​လီ​ဂျန်​ဒ​ရို​ ​ပိုင်​အို​ရီ​က​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​ကုန်​တွင်​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ကြား​ခဲ့​သည်​။​ ​

ယင်း​စီး​နင်း​မှု​တွင်​ ​ပြည်​ထောင်​စု​ ​ရဲ​ဌာ​န​မှ​ ​တပ်​ဖွဲ့​ဝင် ​၅​ ဦး​အ​ပါ​အ​ဝင် ​လူ​ ​၁၀​ ဦး​ ​သေ​ဆုံး​ပြီး​ ​အ​ခြား​ ​၅​ ဦး​မှာ​ ​အ​ရပ်​သား​ ​၃​ ဦး​နှင့်​ ​မူး​ယစ်​ဆေး​ဝါး​ ​မှောင်ခို​ဂိုဏ်း​ဝင် ​၂​ ဦး​တို့​ဖြစ်​ကြောင်း​ ၎င်း​က​ ​အ​တည်​ပြု​ ​ပြော​ဆို​သွား​သည်​။​ ​ပိုင်​အို​ရီ​က​ ​ရဲ​တပ်​ဖွဲ့​သည်​ ​မီ​ချို​အာ​ကန်​ရှိ​ ​ဒု​စ​ရိုက်​ဂိုဏ်း​များ​ကို​ ​နှိမ်​နင်း​ရေး​ ​အ​ရှိန်​အ​ဟုန်​ ​မြှင့်​တင်​ရန်​ ​တပ်​ဖွဲ့​ဝင် ​အင်​အား​ကို​ ​တိုး​မြှင့်​သွား​မည်​ဟု​ ​ကြေ​ညာ​သွား​သည်​။​ ​

ခေါင်း​ဆောင်​ပိုင်း​မှ​ ​ဂွန်​ဇာ​လက်​ကို​ ​အ​သေ​ဖမ်း​မိ​သော်​လည်း​ ​လာ​ဖာ​မီ​လာ​ဂိုဏ်း​ကို​ ​အ​ပြီး​သတ်​ ​ဖြို​ခွဲ​ရန်​ ​ကြိုး​စားဦး​မည်​ဟု​ ​ပိုင်​အို​ရီ​က​ ​ပြော​ဆို​သွား​သည်​။​ မ​က္က​စီ​ကို​နိုင်ငံ​တွင်​ ​ရဲ​တပ်​ဖွဲ့​နှင့်​ ​မူး​ယစ်​ဆေး​ဝါး​ ​မှောင်​ခို​သူ​များ​ ​အပါ​အ​ဝင် ​ဒု​စ​ရိုက်​ ​ဂိုဏ်း​များ​အ​ကြား​ ​အ​ပြန်​အ​လှန်​ ​တိုက်​ခိုက်​မှု​များ​ကြောင့်​ ​ယ​ခု​နှစ်​အ​တွင်း​ အ​ရပ်​သား​များ​ ​အ​ပါ​အ​ဝင် ​လူ​ပေါင်း​ ​၇၅၀၀​ ​ကျော်​ ​သေ​ဆုံး​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here