ဂျော်ဒန်နိုင်ငံတွင် ဘောလုံးပွဲရန်ဖြစ်မှုကြောင့် ၂၅၀ ကျော် ထိခိုက်ဒဏ်ရာရ

alt

ဂျော်​ဒန်​နိုင်ငံ​​ ​ဘော​လုံး​ပွဲ​စဥ်​တစ်​ခု​အ​တွင်း​​ ​ပ​ရိ​သတ်​များ​ကြား​ ​ခိုက်​ရန်​ဖြစ်​ပွား​ရာ​​ ​အ​နည်း​ဆုံး​ ​လူ​ ​၂၅၀​​ ​ကျော်​ ​ထိ​ခိုက်​ဒဏ်​ရာ​များ​​ ​ရ​ရှိ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​ဒေ​သ​ခံ​ ​ဘီ​ဒို​အင်း​များ​နှင့်​ ​ပါ​လက်​စ​တိုင်း​များ​ကြား​ ​ပ​ဋိ​ပ​က္ခ​ ​ဖြစ်​ပွား​ရာ​မှ​

​ကြီး​မား​သည့်​ ​သ​တ္တု​စည်း​ရိုး​ကြီး​တစ်​ခု​ ​လူ​အ​များ​အ​ပေါ်​ ​ပြို​ကျ​ပြီး​ ​အ​များ​အ​ပြား​ ​ဒဏ်​ရာရ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​

ဒီ​ဇင်​ဘာ​ ​၁၀​ ​ရက်​နေ့​ ​ည​ပိုင်း​က​ ​ဝါး​ဒက်​နှင့်​ ​ဖိုင်​ဆယ်​လီ​အ​သင်း​များ​ ​ယှဥ်​ပြိုင်​စဥ်​ ​အာ​မန်​ကွင်း​ကြီး​အ​တွင်း​ ​ပ​ရိ​သတ်​များ​ ​ခိုက်​ရန်​ဖြစ်​ပွား​ခဲ့​ခြင်းဟု​ ​ရဲ​တပ်​ဖွဲ့​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​ရာ​ရှိ​ ​ရဲ​မှူး​ကြီး​ ​အာ​မက်​အ​ဘူ​ဟာ​မက်​က​ ​ပြော​ကြား​ခဲ့​သည်​။​ ၎င်း​က​ ​ဒဏ်​ရာ​ရ​ခဲ့​သူ​များ​အ​နက်​ ​ပ​ဋိ​ပ​က္ခ​ကို​ ​ဝင်ရောက်​ဖြန်​ဖြေ​ရန်​ ​ကြိုး​ပမ်း​ခဲ့​သည့်​ ​ရဲ​များ​လည်း​ ​ပါ​ဝင်ကြောင်း​ ​အ​တည်​ပြု​ခဲ့​သည်​။​ ​ယင်း​နှစ်​သင်း​၏​ ​ပ​ရိ​သတ်​များ​သည်​ ​ယ​ခင်​က​တည်း​က​ ​အ​မြင်​မ​ကြည်​သည့်​ ​အ​စဥ်​အ​လာ​များ​ ​ရှိ​ခဲ့​ပြီး​ဖြစ်​သည်​။​ ​

အ​စ္စ​ရေး​နိုင်ငံ​ကို​ ​၁၉၄၈​ ​ခု​နှစ်​က​ ​စ​တင်​တည်​ထောင်​ပြီး​နောက်​ ​အ​လုံး​အ​ရင်း​ ​ရွှေ့​ပြောင်း​လာ​သည့်​ ​ပါ​လက်​စ​တိုင်း​များ​နှင့်​ ​ဒေ​သ​ခံ​ ​ဘီ​ဒို​အင်း​များ​ကြား​ ​မ​ပြေ​လည်​မှု​သည်​ ​ကာ​လ​ရှည်​ကြာ​ ​တည်​ရှိ​နေ​ခဲ့​သည်​။​ ​ဖိုင်​ဆယ်​လီ​အ​သင်း​၏​ ​အ​ဓိ​က​ ​ပ​ရိ​သတ်​များ​သည်​ ​ဒေ​သ​ခံ​ ​ဂျော်​ဒန်​ဘီ​ဒို​အင်း​များ​ ​ဖြစ်​ကြ​သည်​။​ ၀ါး​ဒက်​ပ​ရိ​သတ်​မှာ​မူ​ ​ပါ​လက်​စ​တိုင်း​ ​ရွှေ့​ပြောင်း​ဒု​က္ခ​သည်​ ​အ​များ​စု​ ​ဖြစ်​နေ​သည်​။​ ​ယ​ခု​ပွဲ​ ​မ​တိုင်​မီ​က​တည်း​က​ ​လုံ​ခြံု​ရေး​ ​တိုး​မြှင့်​မှု​များ​ ​ပြု​လုပ်​ခဲ့​သည့်​ကြား​မှ​ ​ရန်​ပွဲ​ဖြစ်​ခဲ့​ခြင်း​ဟု​ ​ရဲ​တပ်​ဖွဲ့​က​ဆို​သည်​။​ ​ဂျော်​ဒန်​ရဲ​တပ်​ဖွဲ့​သည်​ ​ယ​ခု​အ​ခါ​ ​ရန်​ပွဲ​စ​တင်​သည့်​ ​အ​ကြောင်း​ရင်း​နှင့်​ ​ပတ်​သက်​ပြီး​ ​စုံ​စမ်း​နေ​ဆဲ​ဖြစ်​သည်​။​ ​

မျက်​မြင်​များ​က​ ​ဝါး​ဒက်​က​ ​ဖိုင်​ဆယ်​လီ​ကို​ ​၁-၀​ ​ဖြင့်​ ဦး​ဆောင်​နေ​စဥ်​ ​ပ​ရိ​သတ်​များ​ကြား​ ​စ​တင်​ခိုက်​ရန်​ဖြစ်​ပွား​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ရဲ​များ​သည်​ ​ယ​ခု​အ​ခါ​ ​လူ​ပေါင်း​ဒါ​ဇင်​နှင့်​ချီ​ပြီး​ ​စစ်​ဆေး​မေး​မြန်း​မှု​ ​ပြု​လုပ်​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here