အီဂျစ်ရှိ နာမည်ကျော် ကမ်းခြေတွင် ငါးမန်း သောင်းကျန်း နေမှု အစ္စရေးနှင့် ပတ်သက်​နိုင်

alt

အီ​ဂျစ်​နိုင်ငံ​၊​​ ​ပင်​လယ်​နီ​ ​ကမ်း​ခြေ​ရှိ​​ ​နာ​မည်​ကျော်​ ​အ​ပမ်း​ဖြေ​​ ​စ​ခန်း​တစ်​ခု​တွင်​ ငါး​မန်း​သောင်း​ကျန်း​နေ​မှု​သည်​ ​အ​စ္စ​ရေး​၏​ ​စ​နက်​မ​ကင်း​နိုင်​ကြောင်း​ ​စွပ်​စွဲ​မှု​များ​ ​ထ​ွက်​ပေါ်​လာ​ခဲ့​သည်​။​ ​

ယ​ခင်​က​ ​တစ်​နှစ်​လုံး​နေ​မှ​ ​အ​လွန်​ဆုံး​ ​လူ​ ​၁​ ဦး​၊​ ​၂​ ဦး​မျှ​သာ​ ငါး​မန်း​ကိုက်၍​ ​သေ​ဆုံး​ခဲ့​သော်​လည်း​ ​ရှမ်​အယ်​ရှိတ်​ ​ကမ်း​ခြေ​တွင်​ ​ပြီး​ခဲ့​သည့်​ ​ရက်​ပိုင်း​အ​တွင်း​ ​လူ​ ​၄​ ဦး​ ​ပြင်း​ပြင်း​ထန်​ထန်​ ​ဒဏ်​ရာ​ရ​ပြီး​ ​ဂျာ​မန်​ ​အ​မျိုး​သ​မီး​ ​သေ​ဆုံး​သည်​အ​ထိ​ ငါး​မန်း​သောင်း​ကျန်း​ခဲ့​သည်​။​ ယင်း​ဖြစ်​စဥ်​သည်​ ​သ​မား​ရိုး​ကျ​ ​မ​ဟုတ်​ကြောင်း​ ​အီ​ဂျစ်​၏​ ​ခ​ရီး​သွား​လုပ်ငန်း​ ​ဝန်​ကြီး​ဖြစ်​သူ​ ​ဇူ​ဟာ​ဂျီ​ရာ​နာ​က​ဆို​သည်​။​ ​

လက်​ရှိ​တွင်​ ​မိ​မိ​တို့​ ​အ​ခြေ​အ​နေ​ကို​ ​တိ​တိ​ကျ​ကျ​ ​အ​ဖြေ​မ​ထုတ်​နိုင်​သေး​သော်​လည်း​ ​တစ်​စုံ​တစ်ဦး​၏​ ​စ​နက်​ပါ​နေ​မည်​ဟု​ ​သံ​သ​ယ​ရှိ​ကြောင်း​ ​ဝန်​ကြီး​က​ဆို​သည်​။​ ​ထို့​အ​ပြင်​ ​ပင်​လယ်​နီ​အ​တွင်း​ ​လူ​သား​စား​ ​မာ​ကိုငါး​မန်း​များ​ကို​ ​အ​စ္စ​ရေး​ ​ထောက်​လှမ်း​ရေး​ ​မော့​ဆက်​အ​ဖွဲ့​က​ ​စေ​လွှတ်​ထား​ခြင်း​ဟူ​သော​ ​စွပ်​စွဲ​မှု​များ​လည်း​ ​ထွက်​ပေါ်​နေ​သည်​။​ ​ယ​ခင်​က​ ​ပင်​လယ်​နီ​တွင်​ ​လူ​များ​ကို​ ငါး​မန်း​က​ ​တိုက်​ခိုက်​ခြင်းသည်​ ​အ​လွန်​ရှား​ပါး​သော​ ​ကိ​စ္စ​ဖြစ်​သော်​လည်း​ ​ယ​ခု​အ​ခါ​ ​ဆက်​တိုက်​လို​လို​ ​ဖြစ်​နေ​ခြင်း​သည်​ ​သံ​သ​ယ​ရှိ​စ​ရာ​ ​ဖြစ်​လာ​ခဲ့​သည်​။​

​ပြီး​ခဲ့​သည့်​ ​ရက်​ပိုင်း​အ​တွင်း​ ​အီ​ဂျစ်​တံငါ​သည်​များ​သည်​ ​လူ​များ​ကို​ ​တိုက်​ခိုက်​ခဲ့​သည်​ဟု​ ​ယူ​ဆ​ရ​သည့်​ ငါး​မန်း​အ​နည်း​ဆုံး​ ​နှစ်​ကောင်​ကို​ ​သတ်​ဖြတ်​နိုင်​ခဲ့​သော်​လည်း​ ​နောက်​တစ်​ရက်​တွင်​ပင်​ ​ဂျာ​မန်​က​မ္ဘာ​လှည့်​ ​ခ​ရီး​သည်​ ​အ​မျိုး​သ​မီး​ ​သေ​ဆုံး​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ယ​ခု​အ​ခါ​ ​အ​ချို့​သော​ ​သ​တင်း​ဌာ​န​များ​က​ ​မ​မျှော်​လင့်​ဘဲ​ ငါး​မန်း​များ​ ​ထူ​ထပ်​ပေါ​များ​လာ​ခြင်း​၏​ ​နောက်​ကွယ်​တွင်​ ​မော့​ဆက်​ရှိ​နေ​နိုင်​ကြောင်း​ ​ခန့်​မှန်း​ခဲ့​ပြီး​ ​မော့​ဆက်​မှ​ ​အ​ဏ္ဏ​ဝါ​ဗေ​ဒ​ ​ပ​ညာ​ရှင်​များ​သည်​ ​မာ​ကိုငါး​မန်း​များ​ကို​ ​သွေး​ဆာ​ပြီး​ ​လူ​ကို​တိုက်​ခိုက်​အောင်​ ​သင်​ကြား​ပေး​ခဲ့​ဟန်​ရှိ​ကြောင်း​ ​ဖော်​ပြ​ခဲ့​သည်​။​ ​ယင်း​သို့​လုပ်​ရာ​တွင်​ ငါး​မန်း​များ​၏​ ​လူ​ကို​တတ်​နိုင်​သ​မျှ​ ​ရှောင်​ရှား​လေ့​ရှိ​သည့်​ ​သ​ဘာ​ဝ​ကို​ ​ပြောင်း​လဲ​အောင်​ ဦး​နှောက်​ဆေး​ခြင်း​၊​ ​မျိုး​ဗီ​ဇ​ဆိုင်​ရာ​ ​ပြောင်း​လဲ​မှု​များ​ ​ပြု​လုပ်​ခြင်း​များ​ ​ဆောင်​ရွက်​ခဲ့​ဖွယ်​ ​ရှိ​နေ​ကြောင်း​ ​က​နေ​ဒါ​ ​နေ​ရှင်​နယ်​ပို့စ်​ ​သ​တင်း​စာ​မှ​ ​ဂျို​န​သန်​ကေး​က​ ​သုံး​သပ်​ပြော​ကြား​ခဲ့​သည်​။​ ​

မော့​ဆက်ငါး​မန်း​များ​ဟု​ ​အ​မည်​ပေး​ထား​သော​ ငါး​မန်း​များ​သည်​ ​ပစ်​မှတ်​နောက်​သို့​ ​တ​စိုက်​မတ်​မတ်​ ​လိုက်​ပါ​ချဥ်း​ကပ်​ပြီး​ ​ချေ​မှုန်း​အောင်​ ​လေ့​ကျင့်​ပေး​ထား​သည်​ဟု​ ​ယူ​ဆ​ရ​ကြောင်း​ ​အီ​ဂျစ်​မှ​ ​ပ​ရော်​ဖက်​ရှင်​နယ်​ ​ရေငုပ်​သ​မား​တစ်ဦး​က​လည်း​ ​ရုပ်​မြင်​သံ​ကြား​မှ​တ​ဆင့်​ ​ပြော​ကြား​ခဲ့​သည်​။​ သို့​သော်​လည်း​ ငါး​မန်း​များ​နှင့်​ ​မော့​ဆက်​အ​ဖွဲ့​ ​ပတ်​သက်​နေ​မှု​မှာ​ ​အ​တိ​အ​ကျ​ ​သက်​သေ​ပြ​နိုင်​သည့်​ ​အ​ထောက်​အ​ထား​ ​မ​ရှိ​သ​လို​ ​နိုင်ငံ​ရေး​အ​ရ​ ​နာ​မည်​ဖျက်​ရန်​ ​စွပ်​စွဲ​မှု​များ​သာ​ဖြစ်​သည်​ဟု​ ​ဝေ​ဖန်​သူ​များ​လည်း​ ​ရှိ​နေ​သည်​။​

ယ​ခု​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ​အ​စ္စ​ရေး​က​ ​တ​စုံ​တ​ရာ​ ​မှတ်​ချက်​မ​ပေး​သ​လို​ ​အီ​ဂျစ်​အ​စိုး​ရ​က​လည်း​ ​တ​ရားဝင် ​စွပ်​စွဲ​မှု​ ​မ​ပြု​လုပ်​ခဲ့​ချေ​။​ ​သို့​သော်​လည်း​ အ​စိုး​ရ​အ​နေ​နှင့်​ ငါး​မန်း​များ​ကို​ ​ရှာ​ဖွေ​ဖမ်း​ဆီး​ပြီး​ ​စစ်​ဆေး​မှု​များ​ ​ပြု​လုပ်​ဖွယ်​ရှိ​ကြောင်း​ ​အီ​ဂျစ်​သ​တင်း​များ​က​ ​ခန့်​မှန်း​ဖော်​ပြ​ခဲ့​သည်​။​ ​အီ​ဂျစ်​အ​စိုး​ရ​သည်​ ​ယ​ခု​သီ​တင်း​ပါတ်​အ​တွင်း​ ငါး​မန်း​တစ်​ကောင်​ ​ထပ်​မံ​ဖမ်း​မိ​ကြောင်း​ ​ပြော​ဆို​ခဲ့​သော်​လည်း​ ​ယင်းငါး​မန်း​သည်​ ​ဂျာ​မန်​က​မ္ဘာ​လှည့်​ ​ခ​ရီး​သည်​ ​အ​မျိုး​သ​မီး​ကို​ ​တိုက်​ခိုက်​သတ်​ဖြတ်​ခဲ့​သည့်​ ​သ​တ္တ​ဝါ​ ​မ​ဖြစ်​နိုင်​ဟု​ ​သုံး​သပ်​ကြေ​ညာ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here