ကင်​ညာ​တွင်​​ ​က​မ္ဘာ့​အ​ရှား​ပါး​ဆုံး​နှင့်​ ​သက်​တမ်း​အ​ရင့်​ဆုံး​ ​ယင်​ကောင်​မျိုး​စိတ်​ ​ရှာ​ဖွေ​တွေ့​ရှိ

alt

ကင်ညာနိုင်ငံမှ သုတေသန ပညာရှင် အချို့သည် ကမ္ဘာပေါ်တွင် အရှားပါးဆုံးနှင့် သက်တမ်း အရင့်ဆုံးဟု ယူဆရမည့် ယင်ကောင် မျိုးစိတ်​တစ်ခု​ကို ဖော်ထုတ်​တွေ့ရှိ​ခဲ့သည်။

ယင်း​သတ္တဝါများ ရှိနေနိုင်​သေးသည်ဟူသော မျှော်လင့်ချက်​ဖြင့် ကြာမြင့်စွာ ရှာဖွေမှုသည် ယခုအခါ အဆုံးသတ်​နိုင်ပြီဟု သိပ္ပံ​ပညာရှင်များက ဒီဇင်ဘာ ၈ ရက်နေ့တွင် ကြေညာ​ခဲ့သည်။

အဝါရောင် အမွေးများရှိသည့် ယင်ကောင်မျိုးကို ၁၉၃၃ ခုနှစ်ကတစ်ကြိမ်၊ ၁၉၄၈ ခုနှစ်က တစ်ကြိမ် တွေ့ရှိ​ခဲ့ဖူးသည်။ သီကာနှင့် ဂါရစ်ဆာ မြို့များကြားတွင် အနည်းဆုံး အဆိုပါ​ယင်ကောင် ဒါဇင်ဝက်မျှအား တွေ့ရှိခဲ့ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ ၁ စင်တီမီတာ အရွယ်မျှထိ ကြီးမားနိုင်သည့် ယင်ကောင်များသည် သဘာဝအားဖြင့် မပျံသန်းနိုင်ဘဲ လင်းနို့ချေးတွင် ပေါက်ဖွားလေ့ ရှိကြသည်။ ယင်းတို့အား မီတာ ၂၀ မြင့်သည့် ကျောက်ဆောင်​တစ်ခု​ပေါ်တွင် တွေ့ရှိခဲ့ခြင်း​ဖြစ်သည်။

အယ်ကာဇီတောင်တန်းရှိ သီးခြားတည်ရှိနေသော တောင်ထွတ်တစ်ခုတွင် တွေ့ရသော ယင်ကောင်များတွင် တောင်ပံ​ပါသော်လည်း ပျံသန်းနိုင်သည့် လုပ်ငန်း​အတွက် အသုံး​မဝင်ပေ။ နိုင်ရိုဘီ အခြေစိုက် နိုင်ငံတကာ အင်းဆက်​လေ့လာရေး စင်တာမှ ဒေါက်တာ ရောဘတ်ကော့လန်းက ယင်ကောင်၏ ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဍန်သည် ပညာရှင်များ​အား ပဟေဠိ​ဖြစ်စေပြီး ပျံသန်း​နိုင်သည့် ဖွဲ့စည်းပုံမျိုး ဖြစ်နေသော အတောင်ပံကြီးများ ရှိနေသော်လည်း မပျံနိုင်ခြင်းကို လေ့လာ​နေကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here