ကမ္ဘာ့အရှားပါးဆုံး စာအုပ်တစ်အုပ်အား ဒေါ်လာ ၁၀ သန်းဖြင့် လေလံတင်ရောင်းချနိုင်ခဲ့

alt

ရုတ်​တ​ရက်​​ ​ကြည့်​မည်​ဆို​ပါ​က​ ငှက်​များ​အ​ကြောင်း​​ ​ဖော်​ပြ​ထား​သည့်​ ​စာ​အုပ်​တစ်​ခု​သာ​​ ​ဖြစ်​ပေ​လိမ့်​မည်​။​​ ​သို့​သော်​လည်း​ ​ဂျွန်​ဂျိမ်း​ ​အော်​ဒူ​ဘွန်​ ​ရေး​သား​သည့်​ ​အ​ဆို​ပါ​ ​စာ​အုပ်​သည်​ ​

က​မ္ဘာ​ပေါ်​တွင်​ ​အ​ရှား​ပါး​ဆုံး​ ​အ​နု​ပ​ညာ​လက်​ရာ​တစ်​ခု​၊​ ​သ​ဘာ​ဝ​သ​မိုင်း​ဆိုင်​ရာ​ ​အ​ထိမ်း​အ​မှတ်​တစ်​ခု​ဟု​ ​သတ်​မှတ်​ခံ​ရ​ပြီး​နောက်​ ​ဒေါ်​လာ​ ​၁၀​ ​သန်း​ကျော်​ဖြင့်​ ​လေ​လံ​တင်​ ​ရောင်း​ချ​နိုင်​ခဲ့​သည်​။​ ​

ယင်း​သည်​ ​က​မ္ဘာ့​သ​မိုင်း​တွင်​ ​ေ​ဈး​အ​ကြီး​ဆုံး​ ​စာ​အုပ်​ဆို​သော​ ​စံ​ချိန်​ကို​ပါ​ ​ရ​ရှိ​သွား​စေ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​က​မ္ဘာ​ပေါ်​တွင်​ ​အ​ချမ်း​သာ​ဆုံး​ ​စာအုပ်​စု​ဆောင်း​သူ​ ​အ​ချို့​တို့​က​ ​ပူး​ပေါင်း​ပြီး​ ​ယင်း​စာ​အုပ်​ကို​ ​ဝယ်​ခဲ့​ခြင်း​ဖြစ်​သည်​။​ Birds​ of​ America​ ဆို​သော​ ​စာ​အုပ်​ကို​ ​၁၉​ ​ရာ​စု​၏​ Masterpiece​ ​လက်​ရာ​တစ်​ခု​ဟု​ ​သတ်​မှတ်​ထား​ပြီး​ ​လက်​ဖြင့်​ရေး​ဆွဲ​ထား​သည့်​ ​ရောင်​စုံငှက်​ပုံ​ ​၄၃၅​ ​ခု​ ​ပါဝင်သည်​။​

ဆို​သာ​ဘီ​ ​လေ​လံ​ပွဲ​တွင်​ အ​ခြား​မည်​သည့်​ ​စာ​အုပ်​မှ​ ​အော်​ဒူ​ဘွန်​လောက်​ ​ေ​ဈး​မ​ရ​နိုင်​ခဲ့​ကြောင်း​ ​န​ယူး​ယောက်​မြို့​ရှိ​ ​ရှား​ပါး​စာ​အုပ်​များ​ဆိုင်​ရာ​ ​ကျွမ်း​ကျင်​ပ​ညာ​ရှင်​ ​ဟီ​သာ​ ​အို​ဒေါ်​နယ်​က​ စာ​အုပ်​အ​တွင်း​ ​ခြယ်​မှုန်း​ထား​သော​ ​ဆေး​ရောင်​စုံ​ ​ပန်း​ချီ​များ​မှာ​ ​အ​လွန်​အ​နု​ပ​ညာ​ ​အ​မြင်​ထက်​သန်​ပြီး​ ​လက်​ရာ​မြောက်​ကြောင်း​ ​သုံး​သပ်​ခဲ့​သည်​။​ ​အော်​ဒူ​ဘွန်​သည်​ ​သ​ဘာ​ဝ​ကို​ ​​လေ့​လာ​နေ​သည့်​ ​ပ​ညာ​ရှင်​၊​ ​ပန်း​ချီ​ဆ​ရာ​စ​သည့်​ ​ဂုဏ်​ပုဒ်​များ​နှင့်​ ​ပြည့်​စုံ​သူ​ဖြစ်​ပြီး​ ​ယင်း​စာ​အုပ်​ကို​ ​၁၈၂၇​ ​ခု​နှစ်​က​ ​ထုတ်​ဝေ​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here