​​​​​​အစိုးရများ၏ လျှို့​ဝှက်ချက်များ Wikileaks တွင် ဖွင့်ချမှု အပေါ် ဂျူလီယန်အက်ဆန်း ကာကွယ် ပြောကြားထား

alt

Wikileaks​ ဝက်​ဆိုက်​ကို​​ ​ထူ​ထောင်​သူ​ ​ဂျူ​လီ​ယန်​အက်​ဆန်း​က​​ ​နိုင်ငံ​အ​စိုး​ရ​များ​၊​​ ​သံ​တ​မန်​ရေး​ရာ​ ​ကိ​စ္စ​များ​၏​​ ​လျှို့​ဝှက်​ချက်​များ​ကို​​ ၎င်း​၏​ဝက်​ဆိုက်​မှ​တ​ဆင့်​ ​ဖော်​ထုတ်​ခဲ့​ခြင​်း​နှင့်​ ​ပတ်​သက်​ပြီး​ ​ကာ​ကွယ်​ပြော​ကြား​ထား​မှု​ကို​ ဩ​စ​တြေး​လျ​ ​သ​တင်း​စာ​ ​တစ်​စောင်​က​ ​ဖော်​ပြ​ခဲ့​သည်​။​

​ဒီ​ဇင်​ဘာ​ ​၇​ ​ရက်​နေ့​က​ ​လန်​ဒန်​တွင်​ ​လိင်​ဆိုင်​ရာ​ ​ရာ​ဇ​ဝတ်​မှု​နှင့်​ ​အ​ဖမ်း​ခံ​ရ​ပြီး​ ​စစ်​ဆေး​မှု​များ​ ​ခံ​ယူ​နေ​ရ​သူ​ ​အက်​ဆန်း​သည်​ ၎င်း​၏​ ​ပွင့်​လင်း​သော​ ​အ​မြင်​နှင့်​ ​ပတ်​သက်​ပြီး​ ​ရေး​သား​ထား​သော​ ​ဆောင်း​ပါး​ကို​ The​ Australian​ ​သ​တင်း​စာ​က​ ​ဖော်​ပြ​ခဲ့​သည်​။​ ​၄​ ​နှစ်​ကြာ​ ​သက်​တမ်း​ရှိ​ခဲ့​သော​ Publishing​ ​ဝန်​ဆောင်​မှု​အ​တွင်း​ Wikileaks ​သည်​ ​တစ်ဦး​ချင်း​စီ​၏​ ​ပု​ဂ္ဂ​လိ​က​ ​လွတ်​လပ်​ခွင့်​ကို​ ​မ​တိုက်​ခိုက်​ခဲ့​ကြောင်း​၊​ ​နိုင်ငံ​အ​စိုး​ရ​များ​ကို​ ​ပို​မို​လွတ်​လပ်​ပွင့်​လင်း​လာ​အောင်​ ​ပြောင်း​လဲ​ရန်​သာ​ ​ကြိုး​ပမ်း​ခဲ့​ကြောင်း​ ​အက်​ဆန်း​က​ ​ရေး​သား​ထား​သည်​။​ ​

သို့​သော်​လည်း​ ​အ​မေ​ရိ​ကန်​အ​စိုး​ရ​သည်​ ​ယင်း​ကို​ ​ဆိုး​ဆိုး​ရွား​ရွား​ ​ဖိ​အား​ပေး​ခဲ့​ကြောင်း​၊​ ​နိုင်ငံ​တိုင်း​တွင်​ ​အ​စိုး​ရ​၏​ ရပ်​တည်​ချက်​ ​ပို​မို​ရိုး​သား​ ​ခိုင်​မာ​ရေး​အ​တွက်​ ​မီ​ဒီ​ယာ​ ​ပွင့်​လင်း​မှု​ ​အ​လွန်​အ​ရေး​ပါ​ကြောင်း​ ​အက်​ဆန်း​က​ ​ဆက်​လက်​ရေး​သား​ထား​သည်​။​ ​အက်​ဆန်း​သည်​ ​ဆွီ​ဒင်​အ​စိုး​ရ​က​ ​အ​မျိုး​သ​မီး​ ​၂​ ဦး​ကို​ ​လိင်​ပိုင်း​ဆိုင်​ရာ​ ​စော်​ကား​မှု​ဖြင့်​ ​စွဲ​ချက်​တင်​မှု​ကို​ ​ခံ​ထား​ရ​ပြီး​ ​ယင်း​အ​မှု​ကို​ ​ရင်​ဆိုင်ရန်​ ​ဗြိ​တိန်​ရဲ​တပ်​ဖွဲ့​ထံ​ ​အ​ဖမ်း​ခံ​ခဲ့​ခြင်း​ဖြစ်​သည်​။​

​အ​သက်​ ​၃၉​ ​နှစ်​ရှိ​ ဩ​စ​တြေး​လျ​ ​နိုင်ငံ​သား​သည်​ ​လက်​ရှိ​တွင်​ ​အ​မှု​အ​တွက်​ ​အာ​မ​ခံ​ ​မ​ရ​သေး​ချေ​။​ ၎င်း​သည်​ ​အ​မျိုး​သ​မီးနှစ်ဦး​အား​ ​သူ​မ​တို့​၏​ ​ဆ​န္ဒ​နှင့်​ ​ဆန့်​ကျင်​ကာ​ ​ကွန်​ဒုံး​မ​သုံး​ဘဲ​ ​အ​ကာ​အ​ကွယ်​မဲ့​ ​လိင်​ဆက်​ဆံ​ခဲ့​သည်​ဟူ​သော​ ​စွပ်​စွဲ​ချက်​ဖြင့်​ ​အ​ဖမ်း​ခံ​ထား​ရ​ခြင်း​ဖြစ်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here