​​ဗြိ​တိန်​​ရှိ​​ ​လူ​စည်​ကား​ရာ​နေ​ရာ​များတွင်​ SAS​ ​အ​ထူး​တပ်​ဖွဲ့​များ​​ ​ချ​ထား​မည်

alt

ဗြိ​တိန်​နိုင်ငံ​ရှိ​​ ​ေ​ဈး​ဝယ်​စင်​တာ​များ​ ​အ​ပါ​အဝင် ​လူ​စည်​ကား​သော​ ​အ​ချက်​အ​ခြာ​ ​နေ​ရာ​များ​ကို​ SAS​ ​အ​ထူး​တပ်​ဖွဲ့​များ​က​ ​ကာ​ကွယ်​သွား​မည်​ဟု​ ​သိ​ရ​သည်​။​ ​က​မ္ဘာ​ပေါ်​တွင်​ ​အ​ကျော်​ကြား​ဆုံး​ ​လေ​ထီး​ဆင်း​ ​တိုက်​ခိုက်​ရေး​ ​တပ်​သား​များ​ဖြစ်​သည့်​ SAS ​များ​သည်​ ​ဗြိ​တိန်​၏​ ​

မြို့​ကြီး​များ​တွင်​ ​အ​ကြမ်း​ဖက်​သ​မား​များ​ ဝင်ရောက်​ဖျက်​ဆီး​မှု​ ​ပြု​လုပ်​လာ​နိုင်​သော​ ​အ​နေအ​ထား​ကို​ ​တုန့်​ပြန်​ရန်​ ​အ​သင့်​ဖြစ်​နေသည်​။​ ​ဗြိ​တိန်​သည်​ ​အယ်​ကေး​ဒါး​ ​အ​ကြမ်း​ဖက်​အ​ဖွဲ့​၏​ ​ပစ်​မှတ်​အ​ဖြစ်​ ​ခြိမ်း​ခြောက်​ခံ​နေ​ရ​သော​ကြောင့်​ ​ခ​ရ​စ္စ​မတ်​ ​ကာ​လ​အ​တွင်း​ ​အ​ရေး​ပေါ်​ ​အ​ခြေ​အ​နေ​များ​ ​ကြံု​လာ​ပါ​က​ ​အ​သင့်​ရှိ​နေ​ရန်​ SAS ​များ​ကို​ ​တပ်​ဖြန့်​ထား​ခြင်း​ဖြစ်​သည်​။​

SAS​ အ​ဖွဲ့​များ​မှ​ Who​ Dare​ Wins ​ခေါ်​ ​အ​တော်​ဆုံး​ ​တိုက်​ခိုက်​ရေး​ ​အ​ဖွဲ့​ခွဲ​များ​သည်​ မြန်​နှုန်း​မြင့်​မား​စွာ​ ​ပစ်​ခတ်​နိုင်​သည့်​ ​ဆီမီး​အော်​တို​မက်​တစ်​ ​ခြေ​မှုန်း​ရေး​ ​ရိုင်​ဖယ်​များ​၊​ ဓာတ်​ငွေ့​ဗုံး​ ​ထည့်​ထား​သည့်​ ​ပ​စ္စ​တို​များ​နှင့်​ ​အ​မြင်​အာ​ရုံ​ပြာ​ဝေ​အောင်​ ​လုပ်​ဆောင်​နိုင်​သည့်​ ​ဗုံး​များ​ကို​ ​ကိုင်​ဆောင်​ကာ​ ​လုံ​ခြံု​ရေး​ကို​ ​တာ​ဝန်​ယူ​သွား​မည်​ဖြစ်​သည်​။​ ​၂၀၀၈​ ခု​နှစ်​က​ ​အိ​န္ဒိ​ယ​နိုင်ငံ​၊​ ​မွမ်​ဘိုင်း​တွင်​ ​အ​ကြမ်း​ဖက်​သ​မား​များ​ ​အ​သေ​ခံ​ ​တိုက်​ခိုက်​မှု​မျိုး​ ဥ​ရော​ပ​ ​နိုင်ငံ​များ​တွင်​ ​ပြု​လုပ်​လာ​နိုင်​သည်​ဆို​သည့်​ ​သ​တင်း​များ​ကြောင့်​ SAS​များ​ကို​ ​တပ်​လှန့်​ထား​ခြင်း​ဖြစ်​သည်​။​ ​ထို​စဥ်​က​ ​ပါ​က​စ္စ​တန်​တွင်​ ​လေ့​ကျင့်​ထား​သော​ ​အ​ကြမ်း​ဖက်​သ​မား​များ​က​ ​မွမ်​ဘိုင်း​တွင်​ ​ကွန်​မန်​ဒို​ဆန်​ဆန်​ ​အ​သေ​ခံ​စီး​နင်း​တိုက်​ခိုက်​ခဲ့​ရာ​ ​လူ​ ​၁၇၅​ ဦး​ ​သေ​ဆုံး​ပြီး​ ​၃၀၀​ ​ကျော်​ ​ဒဏ်​ရာ​ရ​ခဲ့​သည်​။​

​ဗြိ​တိန်​ရဲ​တပ်​ဖွဲ့​သည်​ SAS ​များ​၏​ ​အ​ကူ​အ​ညီ​ဖြင့်​ ​လန်​ဒန်​၊​ ​ဘာ​မင်​ဂမ်​ ​မြို့​ကြီး​များ​ရှိ​ ​ေ​ဈး​ဝယ်​စင်​တာ​များ​ကို​ ​အ​ဓိ​က​ထား​ ​စောင့်​ကြည့်​လျက်​ရှိ​သည်​။​ ​ယ​ခု​လုံ​ခြံု​ရေး​ ​အ​စီ​အ​မံ​အ​ရ​ SAS​များ​သည်​ ​အ​ကြမ်း​ဖက်​သ​မား​များ​ကို​ ​အ​သေ​ပစ်​သတ်​ခွင့်​ပါ​ ​ရ​ရှိ​ထား​​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​ကယ်၍​ ​ဆိုး​ဆိုး​ရွား​ရွား​ ​အ​ကြမ်း​ဖက်​မှု​ ​တစ်​ခု​ခု​ ​ပေါ်​ပေါက်​ခဲ့​ပါ​က​ ​၁၉၈၀​ ​ပြည့်​နှစ်​က​ ​လန်​ဒန်​ရှိ​ ​အ​စ္စ​ရေး​သံ​ရုံး​ ​စီး​နင်း​တိုက်​ခိုက်​မှု​အ​ပြီး​ SAS​ တို့​ ​ဗြိ​တိန်​မြေ​တွင်​ ​ပါဝင်​ဆင်​နွှဲ​ရ​မည့်​ ​ပ​ထ​မ​ဆုံး​ ​စစ်​ဆင်​ရေး​ ​ဖြစ်​လာ​မည်​ဟု​ဆို​သည်​။​ ​ထို​စဥ်​က​ ​သံ​ရုံး​ကို​ ​ပိတ်​ဆို့​ထား​ပြီး​ ​ဝန်​ထမ်း​များ​ကို​ ​ဓား​စာ​ခံ​အ​ဖြစ်​ ​ဖမ်း​ဆီး​ထား​သူ​ ​အ​ကြမ်း​ဖက်​သ​မား​ ​၅​ ဦး​ (​သို့​မ​ဟု​တ်)​ ​၆​ ဦး​ကို​ SAS ​အ​ထူး​တပ်​ဖွဲ့​များ​က​ ​သုတ်​သင်​ပြီး​ ​ဓား​စာ​ခံ​ ​၁၉​ ဦး​ကို​ ​ကယ်​တင်​နိုင်​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here