မင်းသမီး ဆယ်မာဟေးယက်မှာ အမေရိကန်သို့ တရားမဝင် ရွှေ့ပြောင်းနေထိုင်ခဲ့သူဖြစ်

alt

ဆယ်​မာ​ဟေး​ယက်​မှာ​​ ​အ​မေ​ရိ​ကန်​သို့​ ​တ​ရား​မဝင်​ ​ရွှေ့​ပြောင်း​နေ​ထိုင်​ခဲ့​သူ​​ ​တစ်ဦး​ဖြစ်​ကြောင်း​​ ​သိ​ရ​သည်​။​ ​ဟော​လီး​ဝုဒ်​တွင်​ ​အောင်​မြင်​မှု​များ​ ​ရ​ရှိ​နေ​သော​ ​မ​က္က​စီ​ကန်​ ​မင်း​သ​မီး​သည်​ ​၁၉၉၁​ ​ခု​နှစ်​က​ ​လော့စ်​အိန်​ဂျယ်​လိစ်​သို့​ ​ပြောင်း​ရွှေ့​ရောက်​ရှိ​လာ​ခြင်း​ဖြစ်​သည်​။​

​သူ​မ​သည်​ ​န​ယူး​အော်​လန်း​သို့​ ​က​လေးငယ်​ ​တစ်ဦး​အ​ဖြစ်​ ​တ​ရား​မဝင် ​လိမ်​လ​ည်ဝင်ရောက်​လာ​ပြီး​ ​ကျောင်း​လာ​တက်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ယ​ခု​အ​ခါ​ ​အ​သက်​ ​၄၄​ ​နှစ်​ ​ရှိ​ပြီ​ဖြစ်​သည့်​ ​ဆယ်​မာ​က​ ​စ​ပိန်​ထုတ်​ V​ မ​ဂ္ဂ​ဇင်း​နှင့်​ ​အင်​တာ​ဗျူး​တွင်​ ​သူ​မ​သည်​ ​အ​မေ​ရိ​ကန်​သို့​ ​တ​ရား​မဝင် ဝင်ရောက်​ခဲ့​ခြင်း​ဖြစ်​ကြောင်း​၊​ ​လာ​ရောက်​စဥ်​က​ ​ကာ​လ​တို​အ​တွက်​သာ​ ​ရည်​ရွယ်​ခဲ့​သော်​လည်း​ ​ယ​ခု​အ​ခါ​ ​အ​ခြေ​ကျ​နေ​ပြီ​ဖြစ်​ကြောင်း​ ရယ်​ရယ်​မော​မော​ ​ပြော​ကြား​ခဲ့​သ​ည်​။​ ​ထို့​အ​ပြင်​ ​သူ​မ​သည်​ ​ဟော​လီး​ဝုဒ်​သို့​ ​စ​တင်​ရောက်​ရှိ​စဥ်​က​ ​လူ​မျိုး​ရေး​ ​ခွဲ​ခြား​မှု​များ​ကို​ ​ဆိုး​ဆိုး​ရွား​ရွား​ ​ကြံု​ခဲ့​ရ​ကြောင်း​ ​ဝန်​ခံ​ခဲ့​သည်​။​ ​

အ​မေ​ရိ​ကန်​လူ​မျိုး​ ​ဒါ​ရိုက်​တာ​နှင့်​ ​ပ​ရို​ဂျူ​ဆာ​များ​သည်​ ​မ​က္က​စီ​ကန်​ ​မိန်း​က​လေး​ ​တစ်ဦး​ကို​ မင်း​သ​မီး​အ​ဖြစ်​ ​နေ​ရာ​ပေး​ရန်​ ​လက်​တွန့်​နေ​ကြောင်း​ ​ဆယ်​မာ​က​ဆို​သည်​။​ မ​က္က​စီ​ကန်​ ​သန်း​ ​၄၀​ ​ကျော်​ရှိ​သော​ ​နိုင်ငံ​တွင်​ ​ယင်း​အ​ခြေ​အ​နေ​သည်​ ​ထူး​ဆန်း​လျက်​ရှိ​ကြောင်း​လည်း​ ​သူ​မ​က​ ​သုံး​သပ်​ခဲ့​သည်​။​ ​သူ​မ​က​ ​ဂျင်​နီ​ဖာ​လို​ပက်​နှင့်​ ​ရစ်​ကီ​မာ​တင်​တို့​သည်​လည်း​ ​အ​လား​တူ​ ​အ​ခြေ​အ​နေ​မျိုး​ ​ကြံု​ခဲ့​သည်​ဟု​ ​ယုံ​ကြည်​ကြောင်း​၊​ ​အ​မေ​ရိ​ကန်​တွင်​ ​အ​ခြား​နိုင်ငံ​များ​မှ​ ​လာ​ရောက်​အ​ခြေ​ချ​ပြီး​ ​အ​နု​ပ​ညာ​ ​လော​က​ထဲဝင်ရေး​မှာ​ ​ပို​မို​ကြိုး​စား​ရန်​ ​လို​မည်​ထင်​ကြောင်း​ ​သုံး​သပ်​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here