စိတ်ကျရောဂါကု ဆေးတစ်မျိုးက ရင်သားကင်ဆာအတွက် အကျိုးဖြစ်စေဟု ဖော်ထုတ်တွေ့ရှိ

alt

က​မ္ဘာ့​အ​မျိုး​သ​မီး​ထု​ကို​​ ​အ​ခြိမ်း​ခြောက်​နိုင်​ဆုံး​​ ​ကင်​ဆာ​တစ်​ခု​အ​ဖြစ်​​ ​တည်​ရှိ​နေ​သော​ ​ရင်​သား​ကင်​ဆာ​ကို​ ​ကု​သ​ရာ​တွင်​ ​စိတ်​ကျ​ရော​ဂါ​ကု​ ​ဆေး​ဝါး​တစ်​မျိုး​က​ ​အ​ကျိုး​ဖြစ်​ထွန်း​စေ​ကြောင်း​ ​သု​တေ​သ​န​ ​ရ​လဒ်​တစ်​ခု​က​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​သည်​။​

Cymbalta ​ခေါ်​ Duloxetine​ ​ဆေး​ဝါး​သည်​ ​ယေ​ဘု​ယျ​အား​ဖြင့်​ ​စိတ်​ကျ​ခြင်း​နှင့်​ ​စိတ်​က​စဥ့်​က​လျား​ ​ဖြစ်​ခြင်း​တို့​အ​တွက်​ ​ကု​သ​ရန်​ ​သုံး​စွဲ​လေ့​ ​ရှိ​သော်​လည်း​ ​ရင်​သား​ကင်​ဆာ​အ​တွက်​ပါ​ ​အာ​နိ​သင်​ရှိ​ကြောင်း​ American​ Association​ for​ the​ Advancement​ of​ Science​ (AAAS) ​အ​ဖွဲ့​က​ ​ကြေ​ညာ​သည်​။​ ထို့​အ​ပြင်​ ​အ​ခြား​သော​ ​နာ​တာ​ရှည်​ ​နာ​ကျင်​မှု​ ​ဝေ​ဒ​နာ​ ​အ​ချို့​တို့​အ​တွက်​လည်း​ ​အ​သုံး​ဝင်ကြောင်း​ AAAS​ မှ​ ​ပ​ညာ​ရှင်​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​ Duloxetine ​ကို​ ​ဖြည့်​တင်း​အ​သုံး​ပြုမှု​သည်​ ​ရင်​သား​ကင်​ဆာ​ ​ဝေ​ဒ​နာ​ရှင်​ ​အ​မျိုး​သ​မီး​များ​အား​ ​နာ​ကျင်​မှု​ ​လျော့​နည်း​သက်​သာ​စေ​ကြောင်း​ ​သိ​ရ​သည်​။​ ​

အ​မျိုး​သ​မီး​ ​၂၉​ ဦး​အား​ ​ယင်း​ဆေး​ဝါး​ ​ဖြည့်​စွက်​ပေး​ခဲ့​ရာ​ ​၃၀​ ​ရာ​ခိုင်​နှုန်း​ကျော်​က​ ​နာ​ကျင်​မှု​ ​သိ​သိ​သာ​သာ​ ​လျော့​နည်း​ကျဆင်း​သွား​ကြောင်း​ ​ဖြေ​ကြား​ခဲ့​သည်​ဟု​ ​ဒေါက်​တာ​လင်း​ဟင်​န​ရီ​က​ဆို​သည်​။​ ၃၃​ ​ကြိမ်​မြောက်​ ​ရင်​သား​ကင်​ဆာ​ ​နှစ်​ပတ်​လည်​ ​ညီ​လာ​ခံ​တွင်​ ​ဒေါက်​တာ​ဟင်​န​ရီ​က​ ​ယ​ခု​တွေ့​ရှိ​ချက်​နှင့်​ ​ပတ်​သက်​ပြီး​ ​အ​သေး​စိတ်​ ​ဖော်​ပြ​ခဲ့​သည်​။​ ​သု​တေ​သီ​များ​က​ ​ယ​ခု​အ​ခါ​ Duloxetine ​ကို​ ​ကု​သ​မှု​များ​တွင်​ ​ဖြန့်​ကျက်​ဖြည့်​သွင်း​ကာ​ စမ်း​သပ်​မှု​များ​ ​ပြု​လုပ်​ရန်​ ​စီ​စဥ်​နေ​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here