​​​​အီတလီတွင် အဖွဲ့လိုက် စက်ဘီးစီသူများအား ကားဖြင့် ဝင်တိုက် သဖြင့် လူ ၈ ဦးသေဆုံး

alt

အ​ဖွဲ့​လိုက်​ ​စက်​ဘီး​စီး​နေ​သူ​များ​ကို​ ​အ​ရှိန်​ပြင်း​ပြင်း​ ​မောင်း​နှင်​လာသည့်ကားတစ်စင်းက​ ​ဝင်​တိုက်​ခဲ့​ရာ​မှ​ ​အီ​တ​လီ​နိုင်ငံ​တွင်​ ​လူ​ ​၈​ ဦး​ ​သေ​ဆုံး​သွား​ကြောင်း​ ​သိ​ရ​သည်​။​ ​

အ​ဆို​ပါ​ ​ကား​ဒ​ရိုင်​ဗာ​သည်​ ​မ​ဆင်​မ​ခြင်​ ​ကား​မောင်း​မှု​များ​ကြောင့်​ ​လိုင်​စင်​သိမ်း​ခံ​ထား​ရ​ပြီး​ ​ဒီ​ဇင်​ဘာ​ ​၅​ ​ရက်​နေ့​ ​အ​ခင်း​ဖြစ်​ပွား​ချိန်​က​လည်း​ ​ဆေး​ခြောက်​သုံး​စွဲ​ထား​သည်​ဟု​ ​ရဲ​များ​က​ဆို​သည်​။​ ​အီ​တ​လီ​တောင်​ပိုင်း​ ​လာ​မီ​ဇီ​ယာ​ ​တာ​မာ​တွင်​ ​ဖြစ်​ပွား​သော​ ​ယာဥ်​တိုက်​မှု​အ​တွင်း​ ​နောက်​ထပ်​လူ​ ​၄​ ဦး​ ​ထပ်​မံ​သေ​ဆုံး​ခဲ့​သည်​။​ ​ရဲ​တပ်​ဖွဲ့​ ​ပြော​ရေး​ဆို​ခွင့်​ရှိ​သူ​ တစ်ဦး​က​ ​လွန်​ခဲ့​သော​ ​၆​ ​လ​တွင်​ ​လိုင်​စင်​သိမ်း​ခံ​ရ​သူ​ ​ဒ​ရိုင်​ဗာ​မှာ​ ​ဆေး​စစ်​မှု​များ​အ​ရ​ ​ဆေး​ခြောက်​သုံး​စွဲ​ထား​ကြောင်း​ ​အ​တည်​ပြု​ခဲ့​သည်​။​

စစ်​ဆေး​မှု​များ​အ​ရ​ ​ပြည်​နယ်​လမ်း​မ​ ​အ​မှတ်​ ​၁၈​ ​တွင်​ ​စက်​ဘီး​နင်း​နေ​သူ​ ​တစ်​စု​ကို​ ဆန့်​ကျင်​ဖက်​မှ​ ​အ​ရှိန်​ပြင်း​ပြင်း​မောင်း​လာ​သည့်​ကား​က​ ​ဝင်​တိုက်​ခဲ့​ကြောင်း​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​သည်​။​ ANSA​​ သ​တင်း​ဌာ​န​က​ ​မော်​တော်​ကား​ ​ဒ​ရိုင်​ဗာ​သည်​ ​အ​ခြား​ကား​တစ်​စင်း​ကို​ ​ကျော်​တက်​ရန်​ ​ကြိုး​စား​ရင်း​ ​ယ​ခု​လို​ ​လူ​အုပ်​ကို​ ​ဝင်​တိုက်​မိ​ခြင်း​ဟု​ ​ဖော်​ပြ​ခဲ့​သည်​။​ ​ထို​နေ့​က​ ​မိုး​လေ​ဝ​သ​နှင့်​ ​မြင်​ကွင်း​အ​နေ​အ​ထား​မှာ​ ​ကောင်း​မွန်​နေ​ကြောင်း​လည်း​ ​အ​ဆို​ပါ​ သ​တင်း​ဌာ​န​က​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here