Wikileaks​​ ​မှ​တ​ဆင့်​​ ​သ​တင်း​အ​ချက်​အ​လက်​ပေါက်​ကြား​မှု​တွင်​​ ​အ​မေ​ရိ​ကန်​တွင်​သာ​​ ​တာ​ဝန်​ရှိ​ဟု​ဆို

alt

ဩ​စ​တြေး​လျ​​ ​အ​စိုး​ရ​က​ Wikileaks​ ​ဝက်​ဆိုက်​မှ​တ​ဆင့်​​ ​နိုင်ငံ​တ​ကာ​ရေး​ရာ​နှင့်​​ ​သံ​တ​မန်​ရေး​ရာ​ ​သ​တင်း​အ​ချက်​အ​လက်​များ​​ ​ပေါက်​ကြား​မှု​နှင့်​ ​ပတ်​သက်​ပြီး​ အ​မေ​ရိ​ကန်​ ​အ​စိုး​ရ​တွင်​သာ​ ​တာ​ဝန်​အ​ရှိ​ဆုံး​ဟု​ ​ပြစ်​တင်​ပြော​ကြား​လိုက်​သည်​။​

ဩ​စ​တြေး​လျ​ ​နိုင်ငံ​ခြား​ရေး​ဝန်​ကြီး​ ​ကီ​ဗင်​ရု​က​ Wikileaks ​မှ​ ​ပေါက်​ကြား​လာ​သော​ ​အ​ချက်​အ​လက်​များ​သ​ည်​ ​အ​မေ​ရိ​ကန်​၏​ ​လုံ​ခြံု​ရေး​ဆိုင်​ရာ​ ​အား​နည်း​ချက်​အ​တွက်​ ​ကြီး​ကြီး​မား​မား​ ​မေး​ခွန်း​ထုတ်​စ​ရာ​ ​ဖြစ်​လာ​ကြောင်း​ ​ထောက်​ပြ​ခဲ့​သည်​။​ Wikileaks​ ဝက်​ဆိုက်​ကို​ ​တည်​ထောင်​သူ​ ဩ​စ​တြေး​လျ​ ​နိုင်ငံ​သား​ ​ဂျူ​လီ​ယန်​ ​အက်​ဆန်း​ကို​ ​ဆွီ​ဒင်​တွင်​ ​လိင်​မှု​ဆိုင်​ရာ​ ​အ​ကြမ်း​ဖက်​ခဲ့​သည်​ဟူ​သော​ ​စွပ်​စွဲ​ချက်​ဖြင့်​ ​ဒီ​ဇင်​ဘာ​ ​၇​ ​ရက်​နေ့​က​ ​ဗြိ​တိန်​နိုင်ငံ​တွင်​ ​ဖမ်း​ဆီး​လိုက်​ပြီး​နောက်​ ​ရု​က​ ​ယ​ခု​လို​ ​လူ​သိ​ရှင်​ကြား​ ​ဝေ​ဖန်​ခဲ့​ခြင်း​ဖြစ်​သည်​။​

Wikieaks​ သည်​ ​အ​မေ​ရိ​ကန်​၏​ ​နိုင်ငံ​တ​ကာ​ရေး​ရာ​ ​ဆက်​နွယ်​မှု​ ​ကွန်​ရက်​ကို​ ​ထိုး​ဖောက်​နိုင်​ခဲ့​ပြီး​ ​မှတ်​တမ်း​ပေါင်း​ ​နှစ်​သိန်း​ခွဲ​ကျော်​ကို​ ​ရ​ရှိ​ခဲ့​သည်​။​ Wikileaks ​မှ​ ​ဖော်​ပြ​ခဲ့​သော​ ​အ​ချို့​အ​ချက်​အ​လက်​များ​သည်​ ​သံ​တ​မန်​ရေး​ရာ​ ​ဆက်​ဆံ​မှု​ကို​ ​ဆိုး​ဆိုး​ရွား​ရွား​ ​ထိ​ခိုက်​သွား​စေ​နိုင်​မည့်​ ​အ​ကြောင်း​အ​ရာ​များ​ ​ဖြစ်​နေ​သည်​။​ ​ယင်း​အ​တွက်​ ​အ​မေ​ရိ​ကန်​က​ ​အ​ပြည့်​အ​၀​ ​တာ​ဝန်​ယူ​သင့်​ကြောင်း​ ​ရု​က​ ​ပြော​ကြား​ခဲ့​သည်​။​ ဩ​စ​တြေး​လျ​နိုင်ငံ​၏​ ​ဝန်​ကြီး​ချုပ်​အ​ဖြစ်​လည်း​ ​တာ​ဝန်​ယူ​ဖူး​သူ​ ​ရု​က​ ​အ​မေ​ရိ​ကန်​၏​ ​လုံ​ခြံု​ရေး​စံ​နှုန်း​သည်​ ​စိုး​ရိမ်​စ​ရာ​ဖြစ်​နေ​သည်​ကို​ ​ယ​ခု​ကိ​စ္စ​က​ ​ဖော်​ပြ​ကြောင်း​၊​ ​အ​မေ​ရိ​ကန်​သည်​ ​အက်​ဆန်း​နှင့်​ Wikileaks ​ကို​ ​ထိန်း​ချုပ်​ရန်​ ​ကြိုး​ပမ်း​နေ​ခြင်း​သည်​ ​စိတ်​ပျက်​စ​ရာ​ ​သုံး​သပ်​ဖြေ​ရှင်း​မှု​ဖြစ်​ပြီး​ ​မိ​မိ​၏​ ​လုံ​ခြံု​ရေး​ကို​ ​ပို​မို​ဇောက်​ချ​ ​ဆောင်​ရွက်​သင့်​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​

အ​မေ​ရိ​ကန်​သည်​ Wikileaks ​ကို​ ​နိုင်ငံ​၏​ ​လုံ​ခြံု​ရေး​ကို​ ​ခြိမ်း​ခြောက်​သော​ ​ဝက်​ဆိုက်​အ​ဖြစ်​ ​စွပ်​စွဲ​ဖော်​ပြ​ခဲ့​ပြီး​ Wikileaks​ ထူ​ထောင်​သူ​ ​အက်​ဆန်း​က​မူ​ ​အ​မေ​ရိ​ကန်​သည်​ ​မီ​ဒီ​ယာ​လွတ်​လပ်​ခွင့်​ကို​ ​တား​ဆီး​ပိတ်​ဆို့​ရန်​ ​ကြိုး​ပမ်း​နေ​ကြောင်း​ ​တုန့်​ပြန်​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here