​​Now​​ ​ဇာတ်​ကား​ရိုက်​ကွင်း​တွင်​​ ​ဂျက်​စ​တင်​တင်း​ဘား​လိတ်​​ ​ဒဏ်​ရာ​ရ

alt

ရိုက်​ကွင်း​တွင်​​ ​ဂျက်​စ​တင်​ ​တင်း​ဘား​လိတ်​​ ​ဒဏ်​ရာ​ရ​ခဲ့​ပြီး​နောက်​ Now​ ဇာတ်​ကား​ ​ရိုက်​ကူး​ထုတ်​လုပ်​မှု​ကို​ ​ဆိုင်းငံ့​ထား​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​သက်​ ​၂၉​ ​နှစ်​ရှိ​ ​အ​ဆို​တော်​မင်း​သား​ ​တင်း​ဘား​လိတ်​သည်​ ​ရိုက်​ကူး​တွင်​ ​စ​တန့်​ပြ​ကွက်​အ​တွက်​ ​ကိုယ်​တိုင်​ပါဝင်ရင်း​ မ​တော်​တ​ဆ​ ​ဒဏ်​ရာ​ရ​ခဲ့​ခြင်း​ဖြစ်​သည်​။​

​ခြေ​ထောက်​တွင်​ ထိ​ခိုက်​ခဲ့​သော​ ​တင်း​ဘား​လိတ်​သည်​ ​လက်​ရှိ​တွင်​ ​ချိုင်း​ထောက်​ဖြင့်​ ​သွား​လာ​နေ​ရ​သည်​။​ ​ယ​ခု​အ​ခါ​ ​စ​တူ​ဒီ​ယို​က​ Now​ဇာတ်​ကား​ ​ရိုက်​ကူး​မှု​ကို​ ​ဆိုင်းငံ့​ထား​မည်​ဟူ​သော​ ​ဆုံး​ဖြတ်​ချက်​အား​ ​အ​တည်​ပြု​ ​ကြေ​ညာ​ခဲ့​သည်​။​ ​တင်း​ဘား​လိတ်​၏​ ​ခြေ​ထောက်​တွင်​ ​ကြွက်​သား​ဒဏ်​ရာ​ ​ရ​ရှိ​ခဲ့​ပြီး​နောက်​ ​ဇာတ်​ကား​ကို​ ​ဆိုင်းငံ့​ထား​ကြောင်း​၊​ ​မ​ကြာ​မီ​ ​ပြန်​လည်​စ​တင်​နိုင်​ရန်​ ​မျှော်​လင့်​ကြောင်း​ ​ထုတ်​လုပ်​ရေး​ ​ကု​မ္ပ​ဏီ​က​ ​ကြေ​ညာ​ခဲ့​သည်​ဟု​ E!​ Online​ ​သ​တင်း​ဌာ​န​က​ ​ဖော်​ပြ​သွား​သည်​။​ ​

အ​တွင်း​လူ​အ​ချို့​က​ ​ရုပ်​ရှင်​ရိုက်​ကူး​မှု​ကို​ ​သီ​တင်း​ပါတ်​ ​အ​နည်းငယ်​မျှ​ ​ရွှေ့​ဆိုင်း​ထား​ရ​ဖွယ်​ ​ရှိ​နေ​ကြောင်း​ ​ခန့်​မှန်း​ခဲ့​သည်​။​ ​ဒါ​ရိုက်​တာ​ ​အင်​ဒ​ရူး​ ​နစ်​ကို​လီ​ ​ရိုက်​ကူး​သော​ ​ဇာတ်​ကား​တွင်​ ​တင်း​ဘား​လိတ်​ ​အ​နေ​နှင့်​ ​ဒဏ်​ရာ​ရ​ခဲ့​သော်​လည်း​ ​သက်​သာ​ပျောက်​ကင်း​သည်​နှင့်​ ​ဆက်​ရိုက်​ရန်​ ​စိတ်​အား​ထက်​သန်​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​

တင်း​ဘား​လိတ်​သည်​ ​ပြီး​ခဲ့​သည့်​ ​လ​ပိုင်း​က​ ​ရုံ​တင်​ပြီး​ ​အောင်​မြင်​မှု​များ​ ​ရ​ရှိ​ခဲ့​သည့်​ The​ Social​ Network​ ​ဇာတ်​ကား​တွင်​လည်း​ ​ပါဝင်သ​ရုပ်​ဆောင်​ခဲ့​သေး​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here