​အိုင်​ဗ​ရီ​ကို့စ်​အ​တိုက်​အ​ခံ​ခေါင်း​ဆောင်​အား​​ ​သ​မ္မ​တ​တင်​မြှောက်​ရေး​​ ​ ကု​လ​သ​မ​ဂ္ဂ​အ​ဆို​ပြု​ချက်​​ ​ရု​ရှားပယ်​ချ

alt

ရု​ရှား​နိုင်ငံ​က​​ ​အိုင်​ဗ​ရီ​ကို့စ်​တွင်​​ ​အ​တိုက်​အ​ခံ​ခေါင်း​ဆောင်​​ ​အ​လက်​ဆိန်​ ​အူ​တာ​ရာ​အား​​ ​သ​မ္မ​တ​တင်​မြှောက်​ရေး​​ ​ထောက်​ခံ​ချက်​ပေး​မည့်​ ​ကု​လ​သ​မ​ဂ္ဂ​ ​အ​ဆို​ပြု​ချက်​အား​ ​ပယ်​ချ​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​

​ပြီး​ခဲ့သည့်​ ​ရွေး​ကောက်​ပွဲ​တွင်​ ​အ​နိုင်​ရ​ခဲ့​သူ​ ​အူ​တာ​ရာ​အား​ ​ကု​လ​သ​မ​ဂ္ဂ​က​ ​သ​မ္မ​တ​အဖြစ်​ ​အ​သိ​အ​မှတ်​ပြု​ ​တင်​မြှောက်​ရန်​ ​အ​မေ​ရိ​ကန်​က​ ဦး​ဆောင်​ပြီး​ ​အ​ဆို​တင်​သွင်း​ခဲ့​သော်​လည်း​ လုံ​ခြံု​ရေး​ကောင်​စီဝင် ​ဗီ​တို​အာ​ဏာ​ပိုင်​ ​နိုင်ငံ​တစ်​ခု​ဖြစ်​သည့်​ ​ရု​ရှား​က​ ​ငြင်း​ဆို​ခဲ့​သည်​။​ ​အိုင်​ဗ​ရီ​ကို့စ်​တွင်​ ​အ​တိုက်​အ​ခံ​များ​က​ ​ရွေး​ကောက်​ပွဲ​ ​အ​နိုင်​ရ​ခဲ့​သော်​လည်း​ လက်​ရှိ​သ​မ္မ​တ​ ​လော​ရင့်​ဂျီ​ဘက်ဘို​က​ ​ရာ​ထူး​မှ​ ​ဆင်း​ပေး​ရန်​ ​ငြင်း​ဆန်​ပြီး​ ​အာ​ဏာ​ကို​ ​ဆက်​လက်​ဖက်​တွယ်​ထား​သည်​။​ ​ဂျီ​ဘက်​ဘိုသည်​ ​အာ​ဘစ်​ဂျန်​မြို့​တော်​ရှိ​ ​သ​မ္မ​တ​နန်း​တော်​တွင်​ ​ဒီ​ဇင်​ဘာ​ ​၇​ ​ရက်​နေ့​က​ ၎င်း​၏​ ​အ​စိုး​ရ​အ​ဖွဲ့​သာ​ ​အ​နိုင်​ရ​ပါ​တီ​အ​ဖြစ်​ ​သတ်​မှတ်​ကြေ​ညာ​သော​ ​အ​ခမ်း​အ​နား​ကို​ ​ပြု​လုပ်​ခဲ့​သည်​။​ ​

ထို​အ​ချိန်​တွင်​ ​ကု​လ​သ​မ​ဂ္ဂ​ ​အ​ထူး​တပ်​ဖွဲ့​များ​၏​ ​စောင့်​ရှောက်​မှု​အောက်​တွင်​ ​ရှိ​နေ​သည့်​ ​ဟို​တယ်​တစ်​ခု​အ​တွင်း​ ​အူ​တာ​ရာ​နှင့်​ ၎င်း​ဖွဲ့​စည်း​မည့်​ ​အ​စိုး​ရ​အ​ဖွဲ့​တို့​က​ ​အ​စည်း​အ​ဝေး​ ​ပြု​လုပ်​နေ​ခဲ့​သည်​။​ ​ကု​လ​သ​မ​ဂ္ဂ​ဆိုင်​ရာ​ ​အ​မေ​ရိ​ကန်​ ​သံ​အ​မတ်​ ​ဆူ​ဆန်​ရိုက်​က​ ​အိုင်​ဗ​ရီ​ကို့စ်​ ​ပြည်​တွင်း​စစ်​ကို​ ​အ​ဆုံး​သတ်​စေ​ခဲ့​သည့်​ ​၂၀၀၂​ ​ခု​နှစ်​ ​ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ကို​ ​လက်​မှတ်​ရေး​ထိုး​ခဲ့​ပြီး​နောက်​ပိုင်း​ ​ကု​လ​သ​မ​ဂ္ဂ​သည်​ ​ယ​ခု​ရွေး​ကောက်​ပွဲ​အ​တွက်​ ​စစ်​မှန်​သော​ ​အ​စိုး​ရ​ကို​ ​ဖွဲ့​စည်း​နိုင်​ရန်​ ​မျှော်​လင့်​ခဲ့​ကြောင်း​၊​ ​ရွေး​ကောက်​ပွဲ​တွင်​ ​အ​နိုင်​ရ​သူ​ကို​ ​အ​စိုး​ရ​အ​ဖြစ်​ ​တင်​မြှောက်​နိုင်​ရေး​အ​တွက်​ ​နိုင်ငံ​တ​ကာ​ ​ဖိ​အား​ပေး​မှု​မျိုး​ ​လို​အပ်​ကြောင်း​ ​ကု​လ​သ​မ​ဂ္ဂ​ ​လုံ​ခြံု​ရေး​ကောင်​စီ​သို့​ ​တင်​ပြ​ခဲ့​သည်​။​ သို့​သော်​လည်း​ ​ရု​ရှား​က​မူ​ ​အိုင်​ဗ​ရီ​ကို့စ်​၏​ ​ပြည်​တွင်း​ရေး​ကို​ ဝင်ရောက်​စွက်​ဖက်​ ​ပါဝင်ရန်​ကိ​စ္စ​မှာ​ ​မူ​ဝါ​ဒ​ရေး​ရာ​အ​ရ​ ​စိုး​ရိမ်​ရ​သည့်​ ​အ​နေ​အ​ထား​ဖြစ်​နေ​ကြောင်း​ ​တုန့်​ပြ​န်​ပြီး​ ​အ​ဆို​ပြု​မှု​ကို​ ​ပယ်​ချ​ခဲ့​သည်​။​

​ဆူ​ဆန်​က​ ​သူ​မ​အ​နေ​နှင့်​ ​ဒီ​ဇင်​ဘာ​ ​၈​ ​ရက်​နေ့​ ​ကု​လ​သ​မ​ဂ္ဂ​ ​အ​စည်း​အ​ဝေး​တွင်​ ​ယင်း​သုံး​သပ်​ချက်​ကို​ ပြင်​ဆင်​နိုင်​ရန်​ ​မျှော်​လင့်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ကု​လ​သ​မ​ဂ္ဂ​သည်​ ​သ​မ္မ​တ​ ​ဂျီ​ဘက်​ဘို​၏​ ​တစ်​ဖက်​သတ်​ ​အာ​ဏာ​သုံး​စွဲ​သော​ ​လုပ်​ရပ်​ကို​ ​ဆန့်​ကျင်​သည့်​အ​နေ​နှင့်​ ​အိုင်​ဗ​ရီ​ကို့စ်​ကို​ ​အ​ဖွဲ့ဝင်အ​ဖြစ်​မှ​ ​ခေ​တ္တ​ဆိုင်းငံ့​ထား​လိုက်​သည်​။​ ​ဂျီ​ဘက်​ဘို​သည်​ ​အိမ်​နီး​ချင်း​ ​အာ​ဖ​ရိ​က​ ​နိုင်ငံ​များ​၏​ ​ဝေ​ဖန်​မှု​ ​ဖိ​အား​ဒဏ်​နှင့်​ပါ​ ​ရင်​ဆိုင်​နေ​ရ​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here