ချားစ်​မင်း​သားနှင့်​​ ​ကြင်​ယာ​တော်​​ ​လိုက်​ပါ​လာ​သည့်​​ ​မော်​တော်​ကား​အား​​ ​ကျောင်း​သား​များ​တိုက်​ခိုက်

alt

ဗြိတိန် နိုင်ငံတွင် တော်ဝင်​ မင်းသား ချားစ်နှင့် ကြင်ယာတော် ကယ်မီလာ တို့ လိုက်ပါ လာသော မော်တော်ကားကို ကျောင်းသားများက ဒေါသ တကြီး တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ဗြိတိန်၏ လက်ရှိ အာဏာရ ညွန့်ပေါင်း အစိုးရသည် ကောလိပ် ကျောင်းစရိတ်များ တိုးမြှင့်ရန် ပါလီမန်တွင် အဆို တင်သွင်းမှု မဲခွဲ ဆုံးဖြတ်ချက် အောင်မြင် ခဲ့ပြီးနောက် အကြီး အကျယ် ဒေါသ ထွက်နေသည့် ကျောင်းသား များက အသက် ၆၃ နှစ်ရှိ မင်းသားနှင့် ကြင်ယာတော်ကို ရန်ပြု ခဲ့ခြင်း ဖြစ်သည်။ တော်ဝင် မိသားစုမှ တာဝန်ရှိသူများက ဒီဇင်ဘာ ၉ ရက်နေ့က ဖြစ်ပွားခဲ့သော ကိစ္စတွင် မင်းသားရော၊ ကယ်မီလာပါ ထိခိုက်မှု မရှိဟု ပြောကြား သွားသည်။ လမ်းပိတ် သဖြင့် ခပ်ဖြည်းဖြည်း သွားနေသော ကားကို ဦးတည် တိုက်ခိုက် ခဲ့ခြင်း အပေါ် ချားစ် မင်းသားတို့ ဇနီး မောင်နှံမှာ အတော်ပင် တုန်လှုပ် နေကြောင်း သိရသည်။

ဗြိတိန်တွင် ကျောင်းစရိတ် တိုးမြှင့်လိုက်ခြင်းအား ကျောင်းသားများက အထူးပင် မကျေမနပ်ဖြစ်ပြီး ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်လာရာ ရဲများနှင့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်။ ယင်းသည် ဆယ်စုနှစ် များစွာအတွင်း ဗြိတိန်တွင် ကြီးကြီးမားမား ပေါ်ပေါက်လာသည့် နိုင်ငံရေးဆိုင်ရာ မကျေမနပ် အုံကြွမှုလည်း ဖြစ်လာသည်။

ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က တော်ဝင်​ မိသားစု၏ မော်တော်ကားကို တိုက်ခိုက် ခဲ့သည့် သတင်းမှာ အလွန် အံ့ဩ ထိတ်လန့် စရာ ဖြစ်ခဲ့ကြောင်း ဝန်ခံ ပြောကြား ခဲ့သည်။ ရဲများက ဝက်စ်မင်နစ်စတာနှင့် အနီးတဝိုက်တွင် သောင်းကျန်း နေသော ကျောင်းသား ၄၃ ဦးကို ထိန်းသိမ်း ထားရကြောင်း အတည်ပြုခဲ့သည်။ ရဲတပ်ဖွဲ့၏ အဆိုအရ ဆန္ဒပြ သူများသည် အသေးစား မီးရှို့မှု အချို့ကို ပြုလုပ်ခဲ့သလို လမ်းပေါ်တွင် ဖျက်ဆီးမှုများနှင့် ပြူတင်းပေါက်များကို ရိုက်ခွဲမှုများပါ ပြုလုပ် ခဲ့ကြောင်း သိရှိ ရသည်။​

LEAVE A REPLY

Please enter your comment!
Please enter your name here