IE​​ 9​ ​တွင်​ ​လုံ​ခြံု​ရေး​ဆိုင်​ရာ​​ ​ဝန်​ဆောင်​မှု​သစ်​များ​ ​ပါ​ဝင်​လာ​မည်

alt

Microsoft​ က​ ​အ​သစ်​ထုတ်​လုပ်​မည့်​​ Web​ Browser ​ဖြစ်​သော​ Internet​​ Explorer​ 9​ (IE9)​ တွင်​ ​လုံ​ခြံု​ရေး​ဆိုင်​ရာ​​ ​ဝန်​ဆောင်​မှု​ Feature ​သစ်​များ​​ ​ပါဝင်လာ​မည်​ဟု​ ​သိ​ရ​သည်​။​​

IE9​ ကို​ ​အ​သုံး​ပြု​ထား​သူ​များ​အ​နေ​နှင့်​ ​မိ​မိ​ရှာ​ဖွေ​ကြည့်​ရှု​ခဲ့​သော​ ​ဝက်​ဆိုက်​များ​ကို​ ​အ​ခြား​သူ​များ​က​ ​ခြေ​ရာ​ခံ​နိုင်​ခြင်း​ ​မ​ရှိ​အောင်​ ​ပြု​လုပ်​နိုင်​သော​ Anti-Tracking ​စ​နစ်​ကို​ Microsoft ​က​ ​ထည့်​သွင်း​ပေး​ထား​သည်​ဟု​ဆို​သည်​။​

IE9 ​ကို​ ​အ​သုံး​ပြု​ပြီး​ Data​ များ​ ​ပေး​ပို့​ခြင်း​၊​ ​လက်​ခံ​ခြင်း​တို့​ ​ပြု​လုပ်​ထား​ခြင်း​ကို​ ​ခြေ​ရာ​ခံ​ ​မ​လိုက်​နိုင်​သော​ ​စ​နစ်​သည်​ ​လုံ​ခြံု​ရေး​ကဏ္ဍ​တွင်​ ​အ​ရေး​ပါ​သော​ ​ခြေ​လှမ်း​တစ်​ရပ်​ ​ဖြစ်​လာ​မည်​ဟု​ Microsoft​ က​ ​ပြော​ကြား​ထား​သည်​။​ ​အင်​တာ​နက်​ ​အ​သုံး​ပြု​သူ​ ​အ​များ​စု​သည်​ ​မိ​မိ​တို့​၏​ ​လုပ်ငန်း​ဆောင်​ရွက်​ချက်​များ​ကို​ ​ခြေ​ရာ​ခံ​ ​ရှာ​ဖွေ​ပြီး​ Web​ Browser ​မှ​တ​ဆင့်​ ​ဖော်​ထုတ်​သိ​ရှိ​နိုင်​သည်​ကို​ ​သ​တိ​မ​မူ​တတ်​ကြ​ချေ​။​ Microsoft​ ၏​ ​ဒု​တိ​ယဥ​က္က​ဌ​ ​ဒင်း​ဟာ​ချာ​မို​ဗစ်​နှင့်​ ​ကိုယ်​ရေး​အ​ချက်​အ​လက်​ လုံ​ခြံု​ရေး​ဆိုင်​ရာ​ဌာ​န​ ​အ​ကြီး​အ​ကဲ​ ​ပီ​တာ​ကူ​လင်း​တို့​က​ Feature​ သစ်​နှင့်​ ​ပတ်​သက်​ပြီး​ Blog​ Post ​တစ်​ခု​ဖြင့်​ ​ရှင်း​လင်း​ပြော​ကြား​ခဲ့​သည်​။​

Feature​ သစ်​တွင်​ Cookie​ Tracking​ Protection ​နှင့်​ Trakcing​ Protection​ List​ စ​သည်​တို့​ကို​ ​ထ​ည့်​ပေး​ထား​ပြီး​ Web​ Address ​များ​ကို​ ​စု​ဆောင်း​သိမ်း​ဆည်း​ပေး​သွား​မည်​ဖြစ်​သည်​။​ InPrivate ​စီ​စစ်​မှု​ ​စ​နစ်​ကို​ ​အ​သုံး​ပြု​ပြီး​ ​ယင်း​တို့​ကို​ ​အ​သုံး​ပြု​သူ​ ​တစ်ဦး​တည်း​က​ ​သိ​ရှိ​နိုင်​ကာ​ ​အ​ခြား​သူ​များ​ ​ခြေ​ရာ​မ​ခံ​နိုင်​အောင်​ Microsoft​ က​ ​စီ​မံ​ပေး​ထား​သည်​။​ IE9​ ကို​ ​၂၀၁၁​ ​ခု​နှစ်​ ​အ​စော​ပိုင်း​တွင်​ ​စ​တင်​ဖြန့်​ချီ​နိုင်​ဖွယ်​ ​ရှိ​နေ​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here