အသက် ၁၁ အရွယ် မိန်းကလေးငယ်တစ်ဦး ၃ လအတွင်း အကြိမ် ၁၀၀ ကျော် မုဒိမ်းကျင့်ခံခဲ့ရ

alt

အ​သက်​ ​၁၁​​ ​နှစ်​အ​ရွယ်​ မိန်း​က​လေးငယ်​ ​တစ်ဦး​မှာ​ ​၃​ ​လ​အ​တွင်း​ ​အ​ကြိမ်​ ​၁၀၀​ ​ကျော်​ ​မု​ဒိမ်း​ကျင့်​ခံ​ရ​ကြောင်း​ ​သိ​ရ​သည်​။​ ​၂၀၀၆​ ​ခု​နှစ်​က​တည်း​ ​ဖြစ်​ပွား​ခဲ့​သော​ ​ကိ​စ္စ​မှာ​ ​မိန်း​က​လေး​၏​မိ​ခင်​ ​တန်​ဂျွန်း​က​ ​နိုဝင်ဘာ​ ​၂၈​ ရက်​နေ့​တွင်​ Mini​ Blog​ ရေး​သား​သည့်​ Weibo ​တွင်​ ​

ရေး​သား​ခဲ့​ပြီး​နောက်​မှ​ ​လူ​အ​များ​ ​သိ​ရှိ​လာ​ခြင်း​ဖြစ်​သည်​။​ ​တ​ရုတ်​နိုင်ငံ​မှ​ ​အ​မျိုး​သ​မီး​ ​တစ်င်္ဦး​ဖြစ်​သော​ ​တန်​သည်​ သ​မီးငယ်​ ​လီ​လီ​ကို​ ​ဆေး​ဝါး​ကု​သ​ရန်​ ​အင်​တာ​နက်​မှ​ ​အ​ကူ​အ​ညီ​ ​တောင်း​ခံ​ရင်း​ ​သ​မီး​ဖြစ်​သူ​၏​ ​ကြေ​ကွဲ​ဖွယ်​ ​ဖြစ်​ရပ်​ကို​ ​ရေး​သား​ဖော်​ပြ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​၂၀၀၆​ ​ခု​နှစ်​၊​ ​အောက်​တို​ဘာ​ ​၁​ ​ရက်​နေ့​က​ ​​ယောင်​ဇူး​တွင်​ ​နေ​ထိုင်​သည့်​ လီ​လီ​လေး​သည်​ ​သူ​မ​နှင့်​ ​ရေ​ခဲ​ပြင်​ ​စ​ကိတ်​ကွင်း​ ​တစ်​ခု​တွင်​ ​ရင်း​နှီး​ခင်​မင်​ခဲ့​သူ​ အ​သက်​ ​၂၃​ ​နှစ်​အ​ရွယ်​ ​ဇူ​ဂျွန်​ဟော​ဆို​သူ​နှင့်​ ​မုန့်​စား​ရန်​ ​အ​ပြင်​ထွက်​လည်​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​ဇူ​သည်​ ​ဗီ​ဒီ​ယို​ရုံ​တစ်​ခု​သို့​ ​လီ​လီ​အား​ ​ခေါ်​သွား​ပြီး​ ​အ​ကြိမ်​အ​တော်​များ​များ​ ​မု​ဒိမ်း​ကျင့်​ခဲ့​သည်​။​ ​ထို့​နောက်​ ​သ​နား​စ​ရာ​ ​မိန်း​က​လေး​ကို​ ​ဇူ​က​ ​မည်​သူ့​ကို​မျှ​ ​ထို​ကိ​စ္စ​ ​ပြန်​မ​ပြော​ရန်​ ​ခြိမ်း​ခြောက်​ခဲ့​သည်​။​ ​မ​ဟုတ်​ပါ​က​ ​သူ​မ​၏​ ​ဆ​ရာ​မ​နှင့်​ ​အ​တန်း​ဖော်​များ​ရော​၊​ ​မိ​သား​စု​များ​ကို​ပါ​ ​သတ်​ပစ်​မည်​ဟု​ ​ကြိမ်း​ဝါး​ခဲ့​သည်​။​ ​

လီ​လီ​မှာ​ ​အ​လွန်​ကြောက်​ရွံ့​ပြီး​ ​မိ​ဘ​များ​ကို​ ​ပြန်​မ​တိုင်​ပင်​ခဲ့​ချေ​။​ ​၂​ ​ရက်​အ​ကြာ​တွင်​ ​ဇူ​သည်​ အ​လုပ်​လုပ်​ရ​မည်​ဟု​ဆို​ကာ​ ​လီ​လီ​အား​ ​အ​တင်း​ခေါ်​ဆောင်​သွား​တော့​သည်​။ ​လီ​လီ​သည်​ ​မိ​ခင်​အ​တွက်​ ​ရည်​စူး​ပြီး​ “​မေ​မေ​၊​ ​သ​မီး​ ​စာ​ဆက်​မ​သင်​နိုင်​တော့​ဘူး​။​ ​သူ​တို့​က​ ​သ​မီး​ကို​ ​အ​လုပ်​လုပ်​စေ​ချင်​တယ်​။​ ​ခု​သ​မီး​ ​သွား​ရ​တော့​မယ်​။​ ​ဒါ​ပေ​မယ့်​ ​သ​မီး​ပြန်​လာ​မယ်​ ​မေ​မေ​။​ ​သ​မီး​ဆက်​ဆက်​ ​ပြန်​လာ​ခဲ့​မယ်”​ဟူ​သော​စာ​ကို​ ​ရေး​ပြီး​ထား​ခဲ့​သည်​။​ ​တန်​သည်​ ​ထို​စာ​ကို​ယူ​ကာ​ ​ရဲထံ​သို့​ ​ချက်​ချင်း​တိုင်​ကြား​ခဲ့​သည်​။​ ​ရဲ​များ​က​ မိန်း​က​လေး​မှာ​ ​ဖျား​ယောင်း​သွေး​ဆောင်​ ​ခံ​ခဲ့​ရ​သည်​။​ တန်​သည်​ ​လူ​စည်​ကား​ရာ​ ​အ​ရပ်​များ​တွင်​ ​သ​မီး​လေး​၏​ပုံ​ဖြင့်​ ​လူ​ပျောက်​ကြေ​ညာ​ခဲ့​သည်​။​ ​၂၀၀၆​ ​ခု​နှစ်​၊​ ​ဒီ​ဇင်​ဘာ​ ​၂၀​ ​ရက်​နေ့​တွင်​မူ​ ​လူ​တစ်ဦး​က​ ​သူ​မ​ထံ​ ​ဖုန်း​ဆက်​ကာ​ ​လီ​လီနှင့်​တူ​သော​ ​မိန်း​က​လေး​ ​တစ်ဦး​ကို​ ​မ​ကောင်း​သည့်​ ​က​လပ်​တစ်​ခု​တွင်​ ​တွေ့​ခဲ့​ကြောင်း​ ​ဖုန်း​ဆက်​အ​ကြောင်း​ကြား​ခဲ့​သည်​။​ ​တန်​နှင့်​ ​ရဲ​များ​သည်​ ​ထို​က​လပ်​သို့​ ​လိုက်​သွား​ပြီး​ ​လီ​လီ​ကို​ ​ကယ်​တင်​ခဲ့​သည်​။​ ​

လီ​လီ​က​ ​သူ​မ​အား​ ​ပြည့်​တန်​ဆာ​ဘ​၀​ ​သွတ်​သွင်း​ကာ​ ​အ​လုပ်​လုပ်​စေ​ခဲ့​ကြောင်း​ ​ဖွင့်​ဟ​ခဲ့​သည်​။​ ​လီ​လီ​သည်​ ​၃​ ​လ​မျှ​ ​အ​ချိန်​အ​တွင်း​ ​အ​မျိုး​သား​များ​နှင့်​ အ​ကြိမ်​ ​၁၀၀​ ​ကျော်​ ​လိင်​ဆက်​ဆံ​ခဲ့​ရ​သည်​။​ ​တစ်​ကြိမ်​ဆို​လျင်​ ​အ​မျိုး​သား​ ​၄​ ဦး​ (​သို့​မ​ဟုတ်)​ ​၅​ ဦး​က​ ​တ​ပြိုင်​တည်း​ ​အုပ်​စု​ဖွဲ့​ ​မု​ဒိမ်း​ကျင့်​ခဲ့​ကြောင်း​ ​လီ​လီ​က​ဆို​သည်​။​ ​သူ​မ​သည်​ ​ဖောက်​သည်​တစ်ဦး​နှင့်​ ​တွေ့​ဆုံ​ပြီး​တိုင်း​ ​ယွမ်​ ​၃၀​ ​ရ​ရှိ​ပြီး​ ​က​လပ်​ပိုင်​ရှင်​က​ ​ယွမ်​ ​၇၀​ ​ရ​ယူ​ကြောင်း​ ​သိ​ရ​သည်​။​ ​သို့​သော်​လည်း​ ​သူ​မ​ရ​သ​မျှ​ကို​ ​ဇူ​က​သာ​ ​မောင်ပိုင်​စီး​ခဲ့​သည်​။​ ​ထို​ဖြစ်​ရပ်​နှင့်​ ​ပတ်​သက်​ပြီး​ ​ရဲ​များ​က​ လူ​ ​၇​ ဦး​ကို​ ​ဖမ်း​ဆီး​ခဲ့​သည်​။​

​လီ​လီ​သည်​ ​ယ​ခု​အ​ချိန်​ထိ​ ​စိတ်​ပိုင်း​ဆိုင်​ရာ​ ​ဝေ​ဒ​နာ​များ​ ​ခံ​စား​နေ​ရ​ဆဲ​ဖြစ်​ပြီး​ ​လို​အပ်​သော​ ​ဆေး​ဝါး​ကု​သ​မှု​ ​စ​ရိတ်​အ​တွက်​ ​တန်​က​ ​ယ​ခု​လို​ ​အင်​တာ​နက်​မှ​တ​ဆင့်​ ​အ​ကူ​အ​ညီ​ ​တောင်း​ခံ​ခဲ့​ခြင်း​ဟု​ ​သိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here