စိန်​စီ​ထား​သည့်​​ ​ဂြိုလ်​တစ်​လုံး​​ ​ရှာ​ဖွေ​တွေ့​ရှိ

alt

နက္ခတ်ဗေဒ ပညာရှင် အဖွဲ့တစ်ခုသည် စိန်စီ ထားသော ဂြိုဟ် တစ်လုံးကို ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း သိရသည်။ ကာဘွန်ရင်းမြစ် အလွန် ပေါကြွယ်ဝသော အဆိုပါ ဂြိုဟ်ကို WASP-12b ဟု အမည် ပေးထားပြီး ကမ္ဘာမှ အလင်းနှစ် ၁၂၀၀ အကွာတွင် တည်ရှိ နေသည်ဟု ဆိုသည်။

ယင်းဂြိုဟ်သည် ကာဘွန် အသွင်ကွဲ တစ်မျိုး ဖြစ်သည့် စိန်များ ဖွေးဖွေးလှုပ် ကြွယ်ဝစွာ ရှိနေမည် ဟု ယူဆ ရကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ကမ္ဘာဂြိုဟ်သည် ကာဘွန် ပါဝင်​ ဖွဲ့စည်းမှု နည်းပါးပြီး အောက်စီဂျင် ဓာတ်ငွေ့ များပြားသော်လည်း ယင်းဂြိုဟ်ကမူ အောက်စီဂျင် ပြတ်လပ်နေပြီး ကာဘွန် ဖွဲ့စည်းမှုက ရာခိုင်နှုန်း အများဆုံး ပါဝင်​ လျက်ရှိသည်။ WASP ပရောဂျက်က တွေ့ရှိခဲ့သဖြင့် ဂြိုဟ်အမည်ကို WASP-12b ဟု အမည် ပေးခဲ့ခြင်း ဖြစ်ပြီး အမေရိကန် နိုင်ငံ၊ မက်ဆာ ချူးဆက် နည်းပညာ ကျောင်းမှ ပညာရှင် နီကူမန်ဟွန်ဟန်းနှင့် အပေါင်းအဖော်များက ရှာဖွေ နိုင်ခဲ့ခြင်း ဖြစ်သည်။

ဂြိုဟ်တစ်ခုလုံးမှာ အလွန် ပူပြင်းပြီး ကာဘွန်ဓာတ်များနှင့် ဖွံစည်းထားကြောင်း၊ ဂြိုဟ်မျက်နှာပြင်မှာ ကျောက်သား အလွန် များပြားသည်ဟု ယုံကြည် ရကြောင်း နီကူမန်က ရှင်းပြခဲ့သည်။ WASP-12b သည် မိမိတို့အတွက် အလွန် အရေးပါသော စူးစမ်းရှာဖွေ တွေ့ရှိမှု ဟုလည်း ၎င်းက ဆိုသည်။ အဆိုပါ ဂြိုဟ်သည် ၎င်း ဗဟိုပြု လှည့်ပတ်နေသည့် ကြယ်တာရာနှင့် အလွန် နီးကပ် သဖြင့် အပူချိန်မှာ ပြင်းထန် လှကြောင်း သိရသည်။ ထို့အပြင် ကြယ်တာရာကို လှည့်ပတ်သည့် မြန်နှုန်းလည်း မြင့်မားလှရာ တစ်ပတ်တွက် (၂၆) နာရီသာ ကြာမြင့်သည်။

ကမ္ဘာ ဂြိုဟ် သည် ၎င်းဗဟိုပြုရာ ကြယ်တာရာ ဖြစ်သည့် နေကို တစ်ပတ်ပြည့်အောင် လှည့်ပတ်ရန် အချိန် ၃၆၅.၂၅ ရက် ကြာမြင့်ကြောင်း သိရှိရသည်။​

LEAVE A REPLY

Please enter your comment!
Please enter your name here