ဗြိ​တိန်​သည်​ ဥ​ရော​ပ​တွင်​​ ​အဝ​လွန်​မှု​​ အ​ခြေ​အ​နေ​ ​အ​မြင့်​မား​ဆုံး​ဖြစ်

alt

ဗြိတိန် နိုင်ငံသည် လက်ရှိတွင် ဥရောပ၏ အဝလွန်သည့် အခြေအနေ အမြင့်မားဆုံး နိုင်ငံ တစ်ခု အဖြစ် ရပ်တည် နေကြောင်း စစ်တမ်းများ အရ သိရသည်။ သုတေသီများက ဥရောပ နိုင်ငံပေါင်း ၃၁ ခုတွင် အဝ လွန်သည့် အခြေအနေနှင့်

ပတ်သက်ပြီး စနစ်တကျ လေ့လာမှုများ ပြုလုပ်ခဲ့ရာ ဗြိတိန်က ထိပ်ဆုံးမှ ရပ်တည် နေသည်။ ဥရောပ တစ်တိုက်လုံး၏ ပျမ်းမျှ အဝလွန်မှု ပမာဏသည် ၁၅.၅ ရာခိုင်နှုန်း​ ရှိနေပြီး ဗြိတိန်က ၂၄.၅ ရာခိုင်နှုန်းဖြင့် အမြင့်မားဆုံး ဖြစ်နေသည်။

ယင်း ပမာဏအရ ပျမ်းမျှ အားဖြင့် ဗြိတိသျှ လူမျိုး ၄ ဦးတွင် ၁ ဦးသည် အဝလွန် နေသည်ဟု ဆို နိုင်မည် ဖြစ်သည်။ ဗြိတိသျှ ကျွန်းစုနှင့် ကပ်လျက်ရှိနေသော အိုင်ယာလန်က ဒုတိယ နေရာတွင် ၂၃ ရာခိုင်နှုန်းဖြင့် ရပ်တည် နေသည်။ အီတလီ၊ ရိုမေးနီးယား စသော နိုင်ငံများသည် အဝလွန်သူ ဦးရေကို ၁၀ ရာခိုင်နှုန်းအောင် ရှိနေ စေရန် ထိန်းသိမ်း ထားနိုင် ခဲ့သည်။

ဥရောပ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေး စီမံကိန်း အတွက် တစိတ်တဒေသ အဖြစ် ကောက်ခံသော စစ်တမ်းအရ ဥရောပ တိုက်တွင် ရှိနေသော ကလေးငယ် ရ ဦး တိုင်းတွင် ၁ ဦးသည် ပျမ်းမျှအားဖြင့် ရှိသင့်သော ကိုယ်အလေးချိန်ထက် ပိုများနေကြောင်း သိရသည်။ ဗြိတိန် တစ်နိုင်ငံ ထဲတွင် အဝလွန်သူ အရေအတွက်သည် ၂၀၀၇ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း ရ၀ ရာခိုင်နှုန်း ထိုးတက်လာဖွယ် ရှိနေသည်ဟု စစ်တမ်းက သုံးသပ်ဖော်ပြထားသည်။

လက်ရှိတွင် ဗြိတိန်ရှိ ကလေးငယ် အားလုံး၏ ၁၂ ရာခိုင်နှုန်းသည် အဝလွန်သည့် အခြေအနေ ရှိနေကြောင်း သတင်း ရရှိသည်။​

LEAVE A REPLY

Please enter your comment!
Please enter your name here