ဟေ​တီ​ကာ​လဝမ်း​ရော​ဂါ​​ ​ကူး​စက်​ပျံ့​နှံ့​မှု​​ ​ ကု​လ​သ​မ​ဂ္ဂ​တွင်​ ​တာဝန်​မ​ကင်း​ဟု​ဆို

alt

ဟေ​တီ​တွင်​​ ​အ​ကြီး​အ​ကျယ်​ ​ဒု​က္ခ​ကြုံ​စေ​သည့်​​ ​ကာ​လ​ဝမ်း​ရော​ဂါ​ကို​​ ​စ​တင်​ပျံ့​နှံ့​စေ​မှု​တွင်​​ ​ကု​လ​သ​မ​ဂ္ဂ​၏​ ​စ​နက်​မ​ကင်း​ကြောင်း​​ ​သိ​ရ​သည်​။​ ​ဇန်​န​ဝါ​ရီ​လ​က​​ ​က​မ္ဘာ​ကျော်​ ​ဟေ​တီင​လျင်​ကြီး​ ​လှုပ်​ခတ်​ပြီး​နောက်​ ​ကယ်​ ဆယ်​ရေး​ ​လုပ်ငန်း​များ​ ​

ဆောင်​ရွက်​ရန်​ ​လာ​ရောက်​သည့်​ ​ကု​လ​သ​မ​ဂ္ဂ​ ​ငြိမ်း​ချမ်း​ရေး​ ​ထိန်း​သိမ်း​မှု​ ​တပ်​ဖွဲ့ဝင် ​နီ​ပေါ​စစ်​သား​များ​က​ ​အ​ဆိုပါ​ ​ကပ်​ရော​ဂါ​ကို​ ​ဟေ​တီ​သို့​ ​သယ်​ဆောင်​လာ​သည်​ဟု​ ​ယုံ​ကြည်​ရ​ကြောင်း​ ​ပြင်​သစ်​မှ​ ​ရော​ဂါ​ဗေ​ဒ​ ​ ပ​ညာ​ရှင်​တစ်ဦး​၏​ ​လေ့​လာ​တွေ့​ရှိ​ချက်​ကို​ ​အ​ခြေ​ခံပြီး​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ခဲ့​သည်​။​ ​

သို့​သော်​လည်း​ ​ယင်း​ကို​ ​နီ​ပေါ​စစ်​တပ်​က​ ​အ​ပြင်း​အ​ခန်​ ​ဝေ​ဖန်​ကန့်​ကွက်​ထား​သည်​။​ ​နီ​ပေါ​စစ်​ဖက်​ ​ပြော​ရေး​ဆို​ခွင့်​ရ​ပု​ဂ္ဂိုလ်​ ​ရာ​မင်​ဒ​ရာ​ ​ချီ​ဟာထ​ရီ​က​ ​နီ​ပေါ​စစ်​သား​များ​ထံ​မှ​ ​ရော​ဂါ​စ​တင်​သည်​ဟူ​သော​ ​စွပ်​စွဲ​ချက်​အ​တွက်​ ​တိ​ကျ​သည့်​ ​သက်​သေ​အ​ထောက်​အ​ထား​ ​မ​ရှိ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​အ​ခြေ​အ​မြစ်​မ​ရှိ​ဘဲ​ ​နီ​ပေါ​စစ်​တပ်​ကို​ ​ထိ​ခိုက်​စေ​သည့်​ ​ကောက်​ချက်​များ​ကို​ ​မိ​မိ​တို့​ ​ကန့်​ ကွက်​ကြောင်း​၊​ ​ယ​ခု​သ​တင်း​သည်​ ​တိ​ကျ​သော​ ​အ​ချက်​အ​လက်​များ​အ​ပေါ်​ ​အ​ခြေ​ခံ​ထား​သည့်​ ​သက်​သေ​အ​ထောက်​အ​ထား​ ​မ​ရှိ​ကြောင်း​ ​ချီ​ဟာ​ထ​ရီ​က​ ​ပြော​ဆို​သွား​သည်​။​

​ပြင်​သစ်​မှ​ ​ကူး​စက်​ရော​ဂါ​ ​လေ့​လာ​ရေး​ ​ပ​ညာ​ရှင်​ ​ရီး​နက်​ပီ​ရာ​ ရော့​က​ ​ယ​ခု​ကိ​စ္စ​ကို​ ​စုံ​စမ်း​ဖော်​ထုတ်​ခဲ့​သော်​လည်း​ ​လူ​သိ​ရှင်​ကြား​ ​ကြေ​ညာ​ခြင်း​ ​မ​ရှိ​သေး​ချေ​။​ ​သို့​သော်​လည်း​ ၎င်း​နှင့်​ ​နီး​စပ်​သူ​ ​တစ်ဦး​က​ AFP​သ​တင်း​ဌာ​န​သို့​ ​ဆက်​သွယ်​အ​သိ​ပေး​ခဲ့​ပြီး​ ​ကူး​စက်​မှု​သည်​ ​ကု​လ​သ​မ​ဂ္ဂ​ ​အ​ခြေ​စိုက်​ရာ​ ​နီ​ ပေါ​စစ်​သား​များ​၏​ ​တန်း​လျား​မှ​ ​စ​တင်​ခဲ့​သည်​ဟု​ ​ယုံ​ကြည်​ရ​ကြောင်း​ ​အ​သိ​ပေး​ခဲ့​သည်​။​ ​ယ​ခု​သ​တင်း​သည်​ ​ရော​ဂါ​ထိန်း​ချုပ်​အောင်​ ​လုပ်​ဆောင်​နိုင်​မှု​များ​တွင်​ ​အား​နည်း​ညံ့​ဖျင်း​ကြောင်း​ ​ဝေ​ဖန်​မှု​များ​ ​ရင်​ဆိုင်​နေ​ရ​သည့်​ ​ကု​လ​သ​မ​ဂ္ဂ​အ​ တွက်​ ​ပို​မို​ဆိုး​ရွား​သော​ ​ထိုး​နှက်​ချက်​ ​ဖြစ်​လာ​ခဲ့​သည်​။​ ​

ဟေ​တီ​တွင်​ ​ကာ​လ​ဝမ်း​ရော​ဂါ​ကြောင့်​ ​လူ​ပေါင်း​ ​၂၀၀၀​ ​ကျော်​ ​သေ​ဆုံး​ကာ​ ​၉၀၀၀​၀​ ​ကျော်​ ​ပြင်း​ပြင်း​ထန်​ထန်​ ​ဖျား​နာ​ခဲ့​ကြောင်း​ သ​တင်း​များ​က​ ​ဖော်​ပြ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here