Wikileaks​​ ​ထောက်​ခံ​သူ​များက​​ ​အွန်​လိုင်း​ငွေ​ချေ​စ​နစ်​များ​အား​​ ​တိုက်​ခိုက်

alt

Credit Card လုပ်ငန်းကြီးများ ဖြစ်ကြသည့် Mastercard နှင့် Visa တို့မှာ Wikileaks ကို ထောက်ခံအားပေးသည့် ကွန်ပျူတာ Hacker များ၏ တိုက်ခိုက် ထိုးနှက်မှုကို ခံခဲ့ရကြောင်း သိရသည်။

Mastercard သုံးစွဲသူများက ပေးချေမှု စနစ်များကို ချိတ်ဆက် လက်ခံ၍ မရ နိုင်ကြောင်း အရေးဆိုခဲ့ ပြီးနောက် Mastercard က သီးခြား တိုက်ခိုက်မှုများ ရှိနေကြောင်း ကြေညာခဲ့သည်။ Visa ကလည်း ၎င်းတို့ ထိန်းချုပ်ထားသည့် ဝက်ဆိုက် တစ်ခု လုံးဝ ဖွင့်မရအောင် Hack လုပ်ခံ ရကြောင်း ပြောကြား သွားသည်။ Mastercard နှင့် Visa တို့သည် နိုင်ငံတကာ အစိုးရများက ဝေဖန်မှုများ ပြုလုပ် နေသည့် ဖော်ကောင် ဝက်ဆိုက် Wikileaks နှင့် လုပ်ငန်း လက်တွဲ ဆောင်ရွက်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ ပြီးနောက် ဒီဇင်ဘာ ရ ရက်နေ့က စတင် တိုက်ခိုက် ခံခဲ့ရသည်။

နိုင်ငံတကာ အစိုးရများနှင့် ပတ်သက်သည့် ထောက်လှမ်းရေး ကေဘယ် လျှို့ဝှက် မှတ်တမ်းများကို Wikileaks တည်ထောင်သူ ဂျူလီယန် အက်ဆန်းက ဖော်ထုတ်ခဲ့ပြီးနောက် အမေရိကန် အစိုးရက ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့ရာ Credit Card ကုမ္ပဏီကြီး နှစ်ခုက တင်းမာမှုကြားမှ လက်ရှောင်နေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ Mastercard ၏ ဝက်ဆိုက်မှာ နှောင့်ယှက်မှုများ အကြိမ်ကြိမ် တွေ့ကြံုနေပြီး တစ်ခါတရံ Access Denied ပါ ဖြစ်သွားကြောင်း သိရသည်။ ဖိအားများ ရှိနေသော်လည်း Microblogging ဝက်ဆိုက်ဖြစ်သည့် Twitter ကမူ Wikileaks နှင့် ဆက်စပ်နေသည့် အသုံးအနှုန်းများ၊ Postများကို ပယ်ဖျက်မည် မဟုတ်ကြောင်း ပြောကြားထားသည်။

Mastercard သည် လက်ရှိတွင် တိုက်ခိုက်မှုများကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေရဆဲ ဖြစ်သော်လည်း မကြာမီတွင် အပြီးသတ် ရှင်းလင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားထားသည်။​

LEAVE A REPLY

Please enter your comment!
Please enter your name here