Google​​ Chrome​ OS​ ​စတင်​ထုတ်​လုပ်

alt

Google​ က​ ​ကွန်​ပျူ​တာ​များ​တွင်​​ ​အ​သုံး​ပြု​နိုင်​မည့်​​ ၎င်း​တို့​၏​ ​ပ​ထ​မ​ဆုံး​​ Operating​ System ​ဖြစ်​သော​ Chrome​​ OS ​ကို​ ​စ​တင်​ထုတ်​လုပ်​လိုက်​ပြီ​ဖြစ်​သည်​။​​ OS ​လော​က​တွင်​ ​မို​ဘိုင်း​ဖု​န်း​များ​အ​တွင်း​ ​အ​သုံး​ပြု​နိုင်​မည့်​ Android ​ဖြင့်​ ​စ​တင်​အ​ခြေ​တည်​ကာ​ ​အောင်​မြင်​မှု​များ​ ​ရ​ခဲ့​ပြီး​နောက်​

Chrome​ OS ​ကို​ Google ​က​ ​ယ​ခု​သီ​တင်း​ပါတ်​တွင်​ ​တ​ရားဝင် ​မိတ်​ဆက်​လိုက်​သည်​။​ Google​ ၏​ ​အင်​ဂျင်​နီ​ယာ​ဌာ​န​ ​ဒါ​ရိုက်​တာ​ ​လိုင်း​နက်​အပ်​ဆွန်​က​ ​ကု​မ္ပ​ဏီ​မှ​ ​အ​သစ်​ထုတ်​လိုက်​သော​ OS ​သည်​ Laptop​ ကွန်​ပျူ​တာ​များ​အ​ပေါ်​ ​အ​ဓိ​က​ ​အာ​ရုံ​စိုက်​ ​ရည်​ရွယ်​ထား​ကြောင်း​ ​ရှင်း​လင်း​ပြော​ကြား​ခဲ့​သည်​။​

၎င်း​၏​ ​ဌာ​န​သည်​ Android​ ရော​၊​ Chrome​ OS ​အ​တွက်​ပါ​ ​တာ​ဝန်​ယူ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​သို့​ သော်​လည်း​ Chrome​ OS​ ကို​ ​လက်​တ​လော​ ​ခေတ်​စား​လာ​သည့်​ Tablet​အ​မျိုး​အ​စား​ ​ကွန်​ပျူ​တာ​များ​အ​တွက်​ ​မ​ရည်​ရွယ်​ဟု​လည်း​ ​အပ်​ဆွန်​က​ဆို​သည်​။​ Chrome​ OS ​ကို​ Beta​ အ​နေ​နှင့်​ ​မိတ်​ဆက်​ပေး​စဥ်​က​ ​တာ​ဝန်​ယူ​ခဲ့​သူ​ Google​ ၏​ ​ထုတ်​ကုန်​စီ​မံ​ရေး​ဌာ​န​ ​ဒု​တိ​ယဥ​က္က​ဌ​ ​ဆွန်​ဒါ​ပစ်​ကယ်​က​ OS​အ​သစ်​ကို​ ​တ​ရားဝင် ​မိတ်​ဆက်​မှု​အား​ ​ဆန်​ဖ​ရန်​ဆ​စ္စ​ကို​တွင်​ ​ဒီ​ဇင်​ဘာ​ ​၇​ ​ရက်​နေ့​က​ ​ပြု​လုပ်​ပေး​ခဲ့​သည်​။​

Google​ ၏​ OS ​နှစ်​ခု​ဖြစ်​သော​ Android​ ရော​၊​ Chrome ​ပါ​ ​မ​ တူ​ညီ​သော​ Feature ​များ​ ​ရှိ​နေ​ပြီး​ Tablet​ ကွန်​ပျူ​တာ​များ​တွင်​ ​မ​ဖြစ်​မ​နေ​ ​လို​အပ်​သည့်​ Touchscreen​ ​နည်း​ပ​ညာ​အ​တွက်​ ​ရည်​ရွယ်​သည့်​ Touch​ UI ​ခေါ်​ Feature ​မှာ​ Chrome​ OS​ တွင်​ ​အ​ဆင့်​မြှင့်​တင်​ ​တည်​ဆောက်​နေ​ဆဲ​ဟု​ ​ ပစ်​ကယ်​က​ ​ရှင်း​ပြ​ခဲ့​သည်​။​ ​သ​တင်း​များ​၏​ ​အ​ဆို​အ​ရ​ Google ​၏​ Chrome​ OS ​ကို​ ​တ​ရားဝင် ​အ​သုံး​ပြု​ထား​သော​ Notebook ​နှင့်​ Netbook​ ကွန်​ပျူ​တာ​များ​ကို​ ​၂၀၁၁​ ​အ​စော​ပိုင်း​တွင်​ ​ေ​ဈး​ကွက်​အ​တွင်း​ ​ဝယ်​ယူ​နိုင်​ဖွယ်​ ​ရှိ​နေ​ကြောင်း​ ​သိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here