ချစ်​သူ​ဟောင်း​များ​နှင့်​​ ​ပါ​တီ​ပွဲ​ကျင်း​ပ​သည့်​ ဂျင်​နီ​ဖာ​အင်​နစ်​စ​တန်

alt

ဟောလီးဝုဒ် မင်းသမီး ဂျင်နီဖာ အင်နစ်စတန်သည် ချစ်သူဟောင်းများအား ဖိတ်ကြားသည့် ပါတီပွဲ တစ်ခုကို ကျင်းပခဲ့ကြောင်း သိရသည်။ Marley and Me စတား မင်းသမီးသည် ၂၀၀၅ ခုနှစ်က ခင်ပွန်းဟောင်း ဘရတ်ပစ်နှင့် လမ်းခွဲ ခဲ့သည့် နောက်ပိုင်း

တွဲခဲ့သည့် ခရစ်စတိုဖာဂါတင်၊ 300 မင်းသား ဂါရတ်ဘက်တလာ တို့အပြင် ကျောင်းသူ ဘဝက တွဲခဲ့သည့် ငယ်ချစ်ဦး ကိုပါ ပါတီပွဲသို့ ဖိတ်ကြား ခဲ့သည်။ အသက် ၄၁ နှစ် ရှိပြီ ဖြစ်ပြီး အချစ်ရေးတွင် ကံမကောင်းသူ ဟု နာမည်ကြီးသော အင်နစ်စတန်နှင့် ရင်းနှီးသူ တစ်ဦးက ပြီးခဲ့သည့် သီတင်း ပါတ်ကုန်က ဘီဗီလီဟေးရှိ ဇိမ်ခံ အိမ်ကြီးတွင် ကျင်းပ ပြုလုပ်သော ဧည့်ခံပွဲအတွင်း ချစ်သူဟောင်းများ အပါအဝင် လူပေါင်း ၁၅၀ ခန့်ကို ဖိတ်ကြား ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဧည့်ခံပွဲသို့ အော်စကာဆု ရဖူးသည့် မင်းသားတွမ်ဟင့် တက်ရောက် ခဲ့သလို ပစ်၏ လက်ရှိချစ်သူ အိန်ဂျယ်လီနာ ဂျိုလီကို ရှုတ်ချဝေဖန်မှု ပြုလပ်ခဲ့သူ ချဲလ်ဆီးဟန်ဒလာလည်း ရောက်ရှိခဲ့သည်။ သို့သော်လည်း အင်နစ်ယေ စတန်နှင့် ဇာတ်လမ်း ရှိခဲ့ဖူးသူ ဂျွန်မေယာကိုမူ မတွေ့ရဟု ပါတီပွဲ တက်ရောက် သူများက ဆိုသည်။ အင်နစ်စတန် အနေနှင့် ချစ်သူဟောင်းများ အား ဖိတ်ကြား တွေ့ဆုံမှုနှင့် ပတ်သက်ပြီး မည်သည့် မှတ်ချက်မှ မပေးခဲ့ကြောင်းလည်း Daily Mirror က ဖော်ပြထားသည်။​

LEAVE A REPLY

Please enter your comment!
Please enter your name here