စ​င်္ကာ​ပူ​နိုင်ငံ​ရှိ​​ ​၅​ ​နှစ်​သား​က​လေးငယ်​မှာ​ ၎င်း​၏​ ​သား​အ​ရင်း​ ​ဖြစ်​နိုင်​​ကြောင်း​ ​ရော်​နယ်​ဒို​ပြော​ကြား

alt

စ​င်္ကာ​ပူ​နိုင်ငံ​ရှိ​​ ​၅​ ​နှစ်​သား​ ​က​လေးငယ်​​ ​တစ်ဦး​သည်​ ၎င်း​၏​ ​သား​အ​ရင်း​​ ​ဖြစ်​နိုင်​ကြောင်း​ ​ဘ​ရာ​ဇီး​​ ​တိုက်​စစ်​မှူး​ ​ရော်​နယ်​ဒို​က​​ ​ဝန်​ခံ​ပြော​ကြား​လိုက်​သည်​။​ ​အ​သက်​ ​၃၄​ ​နှ​စ်​ ​ရှိ​ပြီ​ဖြစ်​သော​

​ဘ​ရာ​ဇီး​ ​လက်​ရွေး​စင်​ ဟောင်း​က​ ​ယ​ခု​အ​ခါ​ ​က​လေးငယ်​အား​ DNA​ စစ်​ဆေး​မှု​ ​ပြု​လုပ်​ရန်​ ​စီ​စဥ်​နေ​ကြောင်း​ ၎င်း​၏​ Twitter​ Account ​မှ​တ​ဆင့်​ ​ရေး​သား​ဖော်​ပြ​ခဲ့​သည်​။​ ​

က​မ္ဘာ့​အ​ကောင်း​ဆုံး​ ​ဘော​လုံး​သ​မား​ဆု​ကို​ ​၃​ ​ကြိမ်​ဆွတ်​ခူး​ ​ရ​ရှိ​ဖူး​သည့်​ ​ရော်​နယ်​ဒို​က​ ​အဲ​လက်​ဟု​ ​အ​မည်​ပေး​ထား​သည့်​ ​က​လေးငယ်​သည်​ ​ယဥ်​ကျေး​ပြီး​ ​ချစ်​စ​ဖွယ်​ဖြစ်​ကြောင်း​၊​ ​ကျန်း​မာ​ပျော်​ရွှင်​စွာ​ ​ရှိ​နေ​ပြီး​ ​စ​င်္ကာ​ပူ​တွင်​ ​နေ​ထိုင်​ကြောင်း​၊​ ​က​လေးင​ယ်​၏​ DNA ​ဆေး​စစ်​မှတ်​တမ်း​ကို​ ​ရင်​ခုန်​စွာ​ ​စောင့်​မျှော်​နေ​ကြောင်း​ ​ ရေး​သား​ထား​သည်​။​ ​

အဲ​လက်​လေး​၏​ ​မိ​ခင်​ဖြစ်​သူ​ ​မစ်​ချီ​လီ​အူ​မီ​ဇူ​သည်​ ​၂၀၀၉​ ​ခု​နှစ်​က​တည်း​က​ ​က​လေးငယ်​၏​ ​ဖ​ခင်​ရင်း​အ​ဖြစ်​ ​ရော်​နယ်​ဒို​က​ ​လက်​ခံ​လာ​စေ​ရန်​ ​ကြိုး​ပမ်း​ဆောင်​ရွက်​ခဲ့​သည်​။​ ​ဘ​ရာ​ဇီး​လူ​မျိုး​ ​တစ်ဦး​ဖြစ်​သူ​ ​အူ​မီ​ဇူက​ ​ ၂၀၀၂​ ​ခု​နှစ်​အ​တွင်း​ ​ရော်​နယ်​ဒို​ ​ ​ပါဝင်သည့်​ ​ဘ​ရာ​ဇီး​အ​သင်း​ ​က​မ္ဘာ့​ဖ​လား​ ​ဘော​လုံး​ပွဲ​တွင်​ ​အ​နိုင်​ရ​ ​ဗိုလ်​စွဲ​ခဲ့​ပြီး​နောက်​ ​ကျင်း​ပ​ပြု​လုပ်​သည့်​ ​ပါ​တီ​ပွဲ​တွင်​ သူ​မ​နှင့်​ ​တွေ့​ဆုံ​ခဲ့​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​ရော်​နယ်​ဒို​ ​စ​ပိန်​က​လပ်​ ​ရီး​ရဲလ်​မက်​ဒ​ရစ်​သို့​ ​ပြောင်း​ရွှေ့​သွား​ပြီး​နောက်​ ​တို​ကျို​သို့​ ​၂၀၀၄​ ​ခု​နှစ်​တွင်​ ​ခြေ​စမ်း​ပွဲ​ ​လာ​ရောက်​က​စား​ခဲ့​ရာ​ ​သူ​မ​နှင့်​ ​ထပ်​မံ​တွေ့​ဆုံ​ပြီး​ ​အဲ​လက်​လေး​ကို​ ​ကိုယ်​ဝန်​ရ​လာ​ကြောင်း​ ​အ​သက်​ ​၂၈​ ​နှစ်​ ​ရှိ​နေ​ပြီ​ဖြစ်​သည့်​ ​အူ​မီ​ဇူ​က​ဆို​သည်​။​​ အူ​မီ​ဇူ​သည်​ ​နောက်​ပိုင်း​တွင်​ ​စ​င်္ကာ​ပူ​သို့​ ​ပြောင်း​ရွှေ့​နေ​ထိုင်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​

​ရော်​နယ်​ဒို​သည်​ ​လက်​ရှိ​တွင်​ ​၁၀​ ​နှစ်​အ​ရွယ်​ ​သား​တစ်ဦး​၊​ ​၁​ ​နှစ်​ကျော်​နှင့်​ ​၈​ ​လအ​ရွယ်​ ​သ​မီး​လေး​ ​နှစ်ဦး​တို့​ ​ရှိ​နေ​သည်​။​ ​သား​ဖြစ်​သူ​ကို​ ​ဇ​နီး​ဟောင်း​နှင့်​ ​ရ​ခဲ့​ပြီး​ ​သ​မီး​များ​ကို​ ​လက်​ရှိ​ဇ​နီး​ ​ဘီ​အာ​အန်​သို​နီ​နှင့်​ ​မွေး​ဖွား​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​လက်​ရှိ​အ​ချိန်​တွင်​ ​ဘ​ရာ​ဇီး​က​လပ်​ ​ကို​ရင်​သီ​ရန်​အ​တွက်​ ​က​စား​နေ​သော​ ရော်​နယ်​ဒို​သည်​ ​၁၉၉၀​ ​ပြည့်​လွန်​နှစ်​များ​က​ ​က​မ္ဘာ​ပေါ်​တွင်​ ​အ​ကောင်း​ဆုံး​ ​ ဘော​လုံး​သ​မား​ ​တစ်ဦး​အ​ဖြစ်​ ​ထွန်း​ပေါက်​ထင်​ရှား​ခဲ့​ပြီး​ ဥ​ရော​ပ​၏​ ​အ​ကြီး​မား​ဆုံး​ ​က​လပ်​များ​ဖြစ်​သည့်​ ​ဘာ​စီ​လို​နာ​၊​ ​အင်​တာ​မီ​လန်​၊ ​ရီး​ရဲလ်​မက်​ဒ​ရစ်​နှင့်​ ​အေ​စီ​မီ​လန်​တို့​တွင်​ သွား​ရောက်​က​စား​ခဲ့​သလို​ ​ဘ​ရာ​ဇီး​နှင့်​အ​တူ​ ​၂၀၀၂​ ​ခု​နှစ်​ ​က​မ္ဘာ့​ဖ​လား​ ​ချန်​ပီ​ယံ​ဘွဲ့​ကို​ ​ဆွတ်​ခူး​ရာ​တွင်​ ​ဂိုး​သွင်း​အ​များ​ဆုံး​ဆု​နှင့်​ ​အ​ကောင်း​ဆုံး​ ​တိုက်​စစ်​မှူး​ဆု​များ​ကိုပါ​ ​ပိုင်​ဆိုင်​နိုင်​ခဲ့​သည်​။​ ထို​ု့​အ​ပြင်​ ​ဂျာ​မ​နီ​ ​ဂ​န္တဝင် ​က​စား​သ​မား​ ​ဂတ်​မူ​လာ​ကို​ ​ကျော်​ဖြတ်​ကာ​ ​က​မ္ဘာ့​ဖ​လား​ ​သ​မိုင်း​တ​လျှောက်​ ​ဂိုး​အ​များ​ဆုံး​ ​သွင်း​ယူ​နိုင်​သူ​အ​ဖြစ်​ ​၁၅​ ​ဂိုး​ဖြင့်​ ​ရပ်​တည်​နေ​နိုင်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here