အ​စ္စ​ရေး​တော​မီး​ကို​​ ​စတင်​မွှေး​ခဲ့​မိ​ကြောင်း​ ​၁၄​ ​နှစ်​သား​ ဝန်​ခံ​ပြော​ကြား

alt

အ​စ္စ​ရေး​နိုင်ငံ​​ ​သ​မိုင်း​တ​လျှောက်​ ​အ​ကြီး​မား​ဆုံး​​ ​တော​မီး​ကို​ ​စ​တင်​မိ​ခဲ့​ကြောင်း​​ ​အ​သက်​ ​၁၄​ ​နှစ်​အ​ရွယ်​​ ​လူငယ်​တစ်ဦး​က​ ​ဝန်​ခံ​ပြော​ကြား​ခဲ့​သည်​ဟု​​ ​အ​စ္စ​ရေး​ ​ရဲ​တပ်​ဖွဲ့​က​ ထုတ်​ပြန်​ကြေ​ညာ​သွား​သည်​။​ ​

ယူ​ဆီ​ဖီ​ယာ​ ​ရွာ​လေး​မှ​ ​လူငယ်​လေး​သည်​ ​ဒီ​ဇင်​ဘာ​ ​၂​ ​ရက်​နေ့​က​ ​စ​တင်​သည့်​ ​တော​မီး​ကို​ ​မ​တော်​တ​ဆ​ ​မွှေး​ခဲ့​မိ​ပြီး​ ​မ​နိုင်​သည့်​အ​တွက်​ ​ထွက်​ပြေး​လာ​ကြောင်း​ ​ရဲ​များ​က​ ​ဂျေ​ရု​ဆ​လင်​ပို့စ်​ ​သ​တင်း​စာ​သို့​ ​ပြော​ကြား​ခဲ့​သည်​။​ ​အ​ဆို​ပါ​ ​လူငယ်​ကို​ ​ဖမ်း​မိ​ပြီး​နောက်​ ​ဟိုင်​ဖာ​တ​ရား​ရုံး​တွင်​ ​ဒီ​ဇင်​ဘာ​ ​၇​ ​ရက်​နေ့​က​ ​စ​တင်​စစ်​ဆေး​ခဲ့​သည်​။​ ​အ​စ္စ​ရေး​ ​တော​မီး​သည်​ ​အ​ရှိန်​အ​ဟုန်​ကောင်း​ကောင်း​ ​လောင်​ကျွမ်း​ခဲ့​ပြီး​နောက်​ ​လူ​ ​၄၂​ ဦး​ ​သေ​ဆုံး​စေ​ခဲ့​သည်​။​ ​ကာ​မယ်​တော​အုပ်​မှ​ ​စ​တင်​လောင်​ကျွမ်း​သော​ ​မီး​ကြောင့်​ ​ဟိုင်​ဖာ​ရဲ​တပ်​ဖွဲ့​ ​အ​ကြီး​အ​ကဲ​ ​အူ​ဗာ​တို​မာ​နှင့်​ ​အ​ကျဥ်း​ထောင်​ ​ဝန်​ထမ်း​၊​ ​မီး​သတ်​သ​မား​၊​ ​စေ​တ​နာ့​ဝန်​ထမ်း​ ​၄၁​ ဦး​တို့​ ​သေ​ဆုံး​ခဲ့​သည်​။​ ​

ဒီ​ဇင်​ဘာ​ ​၆​ ​ရက်​နေ့​က​ ​ကံ​အား​လျော်​စွာ​ မိုး​ရွာ​သွန်း​ခဲ့​ပြီး​နောက်​ ​တော​မီး​ပျံ့​နှံ့​လောင်​ကျွမ်း​မှု​ ​အ​များ​စု​ ​ရပ်​ဆိုင်း​သွား​ပြီ​ဖြစ်​ပြီး​ ဧ​က​ ​၁၂၀၀၀​ ​ကျော်​နှင့်​ ​သစ်​ပင်​ ​၅​ ​သန်း​ကျော်​ ​မီး​လောင်​ပျက်​စီး​ခဲ့​သည်​။​ ​အစ္စ​ရေး​သည်​ ​ယ​ခု​မီး​ကို​ ​မ​ထိန်း​ချုပ်​နိုင်​သ​ဖြင့်​ ဥ​ရော​ပ​ ​နိုင်ငံ​များ​စွာ​မှ​ ​အ​ကူ​အ​ညီ​ကို​ပါ​ ​ရ​ယူ​ခဲ့​ရ​သည်​။​ ​ယ​ခု​မီး​ကို​ ​စ​တင်​မိ​ခဲ့​သူ​ ​လူငယ်​လေး​အား​ ​စစ်​ဆေး​နေ​ဆဲ​ဖြစ်​ပြီး​ ၎င်း​အ​နေ​နှင့်​ ​ကျ​ခံ​ရ​မည့်​ ​ပြစ်​ဒဏ်​ကို​ ​တိ​တိ​ကျ​ကျ​ ​မ​ခန့်​မှန်း​နိုင်​သေး​ကြောင်း​လည်း​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here