​တ​ရုတ်​နိုင်ငံ​မှ​​ ​အင်​တာ​နက်ဝန်​ဆောင်​မှု​ လုပ်ငန်း​အား​ မိ​မိ​ ကိုယ်​ကို​ သတ်​သေ​မှု​ ​မ​တား​ဆီး​သ​ဖြင့်​ ​လျော်​ကြေး​တောင်း

alt

တ​ရုတ်​နိုင်ငံ​မှ​​ ​အင်​တာ​နက်​ ​ဝန်​ဆောင်​မှု​​ ​လုပ်ငန်းတစ်​ခု​ကို​ ​မိ​မိ​ကိုယ်​ကိုယ်​​ ​သတ်​သေ​မှု​တစ်​ခု​တွင်​​ ​တား​ဆီး​ရန်​ ​တာ​ဝန်​ပျက်​ကွက်​မှု​ကြောင့်​​ ​လျော်​ကြေး​ပေး​ဆောင်​ရန်​​ ​အ​မိန့်​ချ​မှတ်​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​

Tencent အ​နေ​နှင့်​ ​တ​ရုတ်​အ​ရှေ့​ပိုင်း​တွင်​ ​နေ​ထိုင်​သည့်​ ​အ​သက်​ ​၂၀​ ​အ​ရွယ်​ ​ဖန်​ဟူ​သော​ ​လူငယ်​တစ်ဦး​ ​သေ​ကြောင်း​ကြံ​စည်​မှု​တွင်​ ​တာ​ဝန်​ပျက်​ကွက်​ကြောင်း​ ​တ​ရား​ရုံး​က​ ​ဆုံး​ဖြတ်​ကာ​ ​ဖန်​၏​ ​မိ​ဘ​များ​ကို​ ​ယွမ်​ငွေ​ ​၅၅၆၀၀​ ​ပေး​ဆောင်​စေ​ရန်​ ​အ​မိန့်​ချ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ဖန်​သည်​ Tencent​၏​ Mail​ ဝန်​ဆောင်​မှု​မှ​တ​ဆင့်​ ​ဇန်​ဟူ​သော​ ​ပု​ဂ္ဂိုလ်​တစ်ဦး​က​ ​ကိုယ့်​ကိုယ်​ကိုယ်​ ​သတ်​သေ​ရန်​ ​တိုက်​တွန်း​သော​ Message ​ကို​ ​ရ​ခဲ့​သည်​။​ ​ဇန်​သည်​ Tencent​ ၏​ QQ​ဟူ​သော​ Message​ဝန်​ဆောင်​မှု​မှ​တ​ဆင့်​ ​အ​ဆို​ပါ​ ​တိုက်​တွန်း​မှု​ကို​ ​ပြု​လုပ်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​

ဖန်​နှင့်​ အ​သက်​ ​၂၂​ ​နှစ်​ရှိ​ ​ဇန်​တို့​သည်​ ​ဇွန်​လ​အ​တွင်း​က​ ​ဟို​တယ်​တစ်​ခု​တွင်​ ​ပိတ်​လှောင်​ကာ​ ​ကာ​ဘွန်​မို​နော့​ဆိုက်​ ​ဓာတ်​ငွေ့​ကို​ ​ရှူ​ရှိုက်​ပြီး​ ​အ​တူ​သေ​ကြောင်း​ ​ကြံ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​သို့​သော်​လည်း​ ​ဇန်​မှာ​ ​အ​ခန်း​တံ​ခါး​ကို​ ​တွန်း​ဖွင့်​လွတ်​မြောက်​ခဲ့​ပြီး​ ​ဖန်​သာ​သေ​ဆုံး​ခဲ့​သည်​။​ ​ယင်း​ကိ​စ္စ​နှင့်​ ​ပတ်​သက်၍​ ​ဖန်​၏​ ​မိ​ဘ​များ​က​ ​အောက်​တို​ဘာ​လ​တွင်​ Tencent​ နှင့်​ ​ဇန်​တို့​အား​ ​တ​ရား​စွဲ​ဆို​ပြီး​ ​နစ်​နာ​ကြေး​ ​ယွမ်​ ​၂၇၀၀၀၀​ ​ရ​ရှိ​လို​ကြောင်း​ ​တောင်း​ဆို​ခဲ့​သည်​။​ ​

တ​ရား​ရုံး​သည်​ ​ဖန်​သတ်​သေ​မှု​တွင်​ ​သွေး​ထိုး​လှုံ့​ဆော်​ခဲ့​သည့်​အ​တွက်​ ​ဇန်​အား​ ဖန်​၏​ ​မိ​ဘ​များ​ထံ​ ​ယွမ်​ငွေ​ ​၁၁၁၀၀၀​ ​ပေး​ဆောင်​ရန်​လည်း​ ​အ​မိန့်​ချ​မှတ်​ခဲ့​ပြီး​ဖြစ်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here