​အီ​တ​လီဝန်​ကြီး​ချုပ်​​ ​လိင်​မှု​ကိ​စ္စ​​ ​ဝါ​သ​နာ​ကြီး​ပုံ​အား​​ ​အ​မျိုး​သ​မီးတစ်ဦး​​ ​ထုတ်​ဖော်​ပြော​ကြား

alt

အီ​တ​လီ​ဝန်​ကြီး​ချုပ်​​ ​ဆီ​ဗီ​ယို​ ​ဘာ​လူ​စ​ကို​နီ​နှင့်​​ ​ပတ်​သက်​ခဲ့​ဖူး​သော​​ ​အ​မျိုး​သ​မီး​ ​တစ်ဦး​က​​ ​ဝန်​ကြီး​ချုပ်​၏​ ​လိင်​မှု​ပျော်​မွေ့​ပုံ​​ ​အ​တွေ့​အ​ကြံု​များ​အား​​ ​ထုတ်​ဖော်​ပြော​ဆို​လိုက်​သည်​။​​

​အ​သက်​ ​၂၈​ ​နှစ်​အ​ရွယ်​​ ​နာ​ဒီ​ယာ​ မက်​ခ​ရီ​က​ ​နို​ဝင်​ဘာ​ ​၂၈​ ​ရက်​နေ့​တွင်​ Sky​ ​ရုပ်​သံ​နှင့်​ ​တွေ့​ဆုံ​ခဲ့​ရာ​ ​သူ​မ​အား​ ​ဘာ​လူ​စ​ကို​နီ​က​ ​ဖိတ်​ကြား​ခဲ့​မှု​နှင့်​ ​ပတ်​သက်​ပြီး​ ​ပွင့်​ပွင့်​လင်း​လင်း​ ​ပြော​ကြား​သွား​ခဲ့​သည်​။​ ​နိုင်ငံ​တွင်​ ​အ​ချမ်း​သာ​ဆုံး​ ​ဘီ​လျံ​နာ​ ​သူ​ဌေး​ကြီး​ ​တစ်ဦး​ဖြစ်​သော​ ​ဝန်​ကြီး​ချုပ်​သည်​ ၎င်း​ပိုင်​ ​စံ​အိမ်​ကြီး​တစ်​လုံး​သို့​ ​သူ​မအား​ ​ဖိတ်​ကြား​ခေါ်​ဆောင်​သွား​ရာ​ ​အ​တွင်း​တွင်​ ​နိုင်ငံ​ခြား​သူ​ ​မိန်း​မ​ချော​များ​ ​အ​မြောက်​အ​မြား​ကို​ ​တွေ့​ခဲ့​ရ​သည်​ဟု​ဆို​သည်​။​ ​မာ​ခ​ရီ​သည်​ ​ဘာ​လူ​စ​ကို​နီ​နှင့်​ ​ပတ်​သက်​ပြီး​ ​ထုတ်​ဖော်​ပြော​ဆို​ခဲ့​သည့်​ ​နောက်​ဆုံး​အ​မျိုး​သ​မီး​လည်း​ဖြစ်​သည်​။​ ​သူ​မ​က​ ​ဝန်​ကြီး​ချုပ်​သည်​ ​လိင်​ပျော်​ပွဲ​တွင်​ ​ပါ​ဝင်​ရန်​ ​သူ​မ​အား​ ​ယူ​ရို​ငွေ​တစ်​သောင်း​ ​ပေး​ခဲ့​ကြောင်း​ ​ဖွင့်​ဟ​ခဲ့​သည်​။​

​မာ​ခ​ရီ​က​ ​အ​သက်​ ​၇၆​ ​နှစ်​ရှိ​ ​ဝန်​ကြီး​ချုပ်​၏​ ​လိင်​ပါ​တီ​ပွဲ​များ​တွင်​ ​မူး​ယစ်​ဆေး​ဝါး​ ​သုံး​စွဲ​မှု​များ​လည်း​ ​ပါ​ဝင်​ကြောင်း​ ​ပြော​ကြား​ခဲ့​သေး​သည်​။​ သို့​သော်​လည်း​ ​ဘာ​လူ​စ​ကို​နီ​၏​ ​ရှေ့​နေ​ဖြစ်​သူ​ ​နစ်​ကို​လို​ ​ဂီ​ဒီ​နီ​က​ ​အ​မျိုး​သ​မီး​၏​ ​ပြော​ဆို​မှု​များ​သည်​ ​အ​ခြေ​အ​မြစ်​မ​ရှိ​၊​ ​သက်​သေ​အ​ထောက်​အ​ထား​ ​မ​ခိုင်​လုံ​ကြောင်း​ ​ပြော​ဆိုခဲ့​ပြီး​ ​ယင်း​သည်​ ​ဝန်​ကြီး​ချုပ်​၏​ ​ဂုဏ်​သိ​က္ခာ​ကို​ ​ထိ​ပါး​စေ​ကြောင်း​ ​တုန့်​ပြန်​ခဲ့​သည်​။​ ​ဘာ​လူ​စ​ကို​နီ​သည်​ ​ယ​ခင်​က​တည်း​က​ ​မိန်း​မ​ကိ​စ္စ​ ​ဝါ​သ​နာ​ပါ​သူ​အ​ဖြစ်​ ​သ​တင်း​ကြီး​ပြီး​ ယင်း​အ​တွက်​ ​ဇ​နီး​ဖြစ်​သူ​နှင့်​ပါ​ ​ကွာ​ရှင်း​ခဲ့​ရ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here