မ​က္က​စီ​ကို​ရဲ​တပ်​ဖွဲ့​အ​ကြီး​အ​ကဲ​​ ​အ​မျိုး​သ​မီး​အား​​ ​မူး​ယစ်​မှောင်​ခို​ဂိုဏ်း​များ​က​​ ​လုပ်​ကြံ​သတ်​ဖြတ်

alt

မက္က​စီ​ကို​နိုင်ငံ​​ ​ရဲ​တပ်​ဖွဲ့​မှ​ ​အ​ကြီး​အ​ကဲ​​ ​အ​မျိုး​သ​မီး​တစ်ဦး​အား​​ ​မူး​ယစ်​ဆေး​ဝါး​ ​မှောင်​ခို​ဂိုဏ်း​များ​က​​ ​လုပ်​ကြံ​သတ်​ဖြတ်​သွား​ခဲ့​သည်​။​ ​အ​သက်​ ​၃၈​ ​နှစ်​အ​ရွယ်​ ​ဟမ်​လီ​ယာ​ ​ဂါ​ဆီ​ယာ​သ​ည်​ ​ယ​ခု​အ​ခါ​ ​မို​ကွယ်​မြို့​တွင်​ ​နှစ်​လ​အ​တွင်း​ ​အ​သတ်​ခံ​ရ​သည့်​ ​အ​ဆင့်​အ​မြင့်​ဆုံး​ ဥ​ပ​ဒေ​ ​ဘက်​တော်​သား​ ​အ​ရာ​ရှိ​တစ်ဦး

​ ​ဖြစ်​လာ​ခဲ့​သည်​။​ ​မြို့​၏​ ​ရဲ​တပ်​ဖွဲ့​ ​အ​ကြီး​အ​ကဲ​အ​ဖြစ်​ ​တာ​ဝန်​ထမ်း​ဆောင်​ပြီး​ နို​ဝင်​ဘာ​ ​၂၉​ ​ရက်​နေ့​က​ ​သူ​မ​ကိုယ်​တိုင်​ ​မောင်း​နှင်​လာ​သော​ကား​ကို​ ​ပစ်​ခတ်​လုပ်​ကြံ​ ​သတ်​ဖြတ်​ခြင်း​ ​ခံ​ခဲ့​ရ​သည်​။​ ​သူ​မ​သည်​ ​မူး​ယစ်​ဆေး​ဝါး​ ​မှောင်​ခို​ဂိုဏ်း​များ​ ​လှုပ်​ရှား​နေ​သည့်​ ​မြို့​များ​တွင်​ ​တာ​ဝန်​ယူ​နေ​သည့်​ ​ရဲ​တပ်​ဖွဲ့​ ​အ​ကြီး​အ​ကဲ​များ​အ​နက်​ ​ရှား​ရှား​ပါး​ပါး​ ​ပါ​ဝင်​နေ​သော​ ​အ​မျိုး​သ​မီး​ဖြစ်​သည်​။​ ​

အ​သက်​ ​၂၀​ ​ကျော်​သာ​ ​ရှိ​သေး​သော​ ​ကျောင်း​သူ​လေး​ ​တစ်ဦး​ဖြစ်​သည့်​ ​မာ​ရီ​ဆို​ ​ဗီး​လက်​ ​ဂါ​ဆီ​ယာ​မှာ​ ​ပ​ရာ​ဆီ​ဒက်​မြို့​တွင်​ ​ရဲ​တပ်​ဖွဲ့​ ​အ​ကြီး​အ​ကဲ​အ​ဖြစ်​ ​တာ​ဝန်​မ​ယူ​မီ​ ​အ​ချိန်​က​ထိ​ ​သူ​မ​သည်​ ​တစ်ဦး​တည်း​သော​ ​အ​မျိုး​သ​မီး​ ​ရဲတပ်​ဖွဲ့​ ​အ​ကြီး​အ​ကဲ​အ​ဖြစ်​ ​ရပ်​တည်​ခဲ့​သည်​။​ ​မ​က္က​စီ​ကို​နိုင်ငံ​တွင်​ ​မူး​ယစ်​ဆေး​ဝါး​ ​မှောင်​ခို​ဂိုဏ်း​များ​နှင့်​ ​ရဲ​တပ်​ဖွဲ့​တို့​ကြား​ ​ပ​ဋိ​ပ​က္ခ​သည်​ ​တ​စ​ထက်​တ​စ​ ​တိုး​ပွား​လာ​ပြီး​ ​သ​မ္မ​တ​ ​ဖီ​လစ်​ပီ​ ​ကယ်​ဒါ​ရွန်​ ​အာ​ဏာ​သက်​တမ်း​တ​လျှောက်​ ​၄​ ​နှစ်​အ​တွင်း​ ​လူ​ပေါင်း​ ​၃၀၀၀၀​ ​နီး​ပါး​မျှ​ ​အ​ပြန်​အ​လှန်​ ​တိုက်​ခိုက်​မှု​များ​အ​တွင်း​ ​သေ​ဆုံး​ခဲ့​သည်​။​

​လေ့​လာ​သူ​များ​က​ ​ဂါ​ဆီ​ယာ​ ​အ​သတ်​ခံ​ရ​ခြင်း​သည်​ ​ရဲ​တပ်​ဖွဲ့​အ​တွင်း​ ​တာ​ဝန်​ထမ်း​ဆောင်​နေ​သော​ ​အ​ခြား​ရဲ​မေ​များ​ကို​ ​စိတ်​ပိုင်း​ဆိုင်​ရာ​ ​ခြိမ်း​ခြောက်​မှု​ကြီး​တစ်​ခု​ ​ဖြစ်​လာ​စေ​နိုင်​ကြောင်း​ ​သုံး​သပ်​ခဲ့​သည်​။​ မ​က္က​စီ​ကို​သည်​ ​အိမ်​နီး​ချင်း​ ​အ​မေ​ရိ​ကန်​နိုင်ငံ​ ​အ​စိုး​ရ​၏​ ​အ​ကူ​အ​ညီ​ဖြင့်​ ​မူး​ယစ်​ဆေး​ဝါး​ ​ဂိုဏ်း​များ​ကို​ ​ဖိ​ဖိ​စီး​စီး​ ​နှိမ်​နင်း​နေ​ခဲ့​သော်​လည်း​ ​မူး​ယစ်​ဂိုဏ်း​များ​အား​ ​လုံး​၀​ပြီး​ပြတ်​သည်​အ​ထိ​ ​ချေ​မှုန်း​နိုင်​ရန်​မှာ​ ​အ​ခက်​အ​ခဲ​များ​စွာ​ ​ရှိ​နေ​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here