မြောက်​ကို​ရီး​ယား​နယ်​စပ်​အ​နီး​ရှိ​​ ​ကျွန်း​များ​တွင်​ ​လူ​နေ​အိမ်​ရာ​များ​ ​တောင်​ကို​ရီး​ယား​ ​ထူ​ထောင်​မည်

alt

တောင်​ကို​ရီး​ယား​သည်​​ ​မြောက်​ကို​ရီး​ယား​နှင့်​​ ​နယ်စပ်​အ​နီး​ရှိ​ ​ကျွန်း​များ​တွင်​​ ​လူ​နေ​မှု​ ​အ​သိုင်း​အ​ဝိုင်း​ကို​​ ​ပြန်​လည်​ချဲ့​ထွင်​ ​တည်​ဆောက်​သွား​မည်​ဟု​​ ​ပြော​ကြား​ခဲ့​သည်​။​​ ​

မြော​က်​ကို​ရီး​ယား​တို့​၏​ ​နယ်​ခြား​စောင့်​ ​ခံ​တပ်​များ​ ​ရှိ​နေ​သည့်​ ​ဒေ​သ​များ​အ​နီး​ရှိ​ ​တောင်​ကို​ရီး​ယား​ပိုင်​ ​ကျွန်းငယ်​များ​ ​ပြန်​လည်​ထူ​ထောင်​ရေး​ကို​ ​လုပ်​ဆောင်​သွား​မည်​ဟု​ ​သ​မ္မ​တ​ ​လီ​မြောင်​ဘက်​က​ဆို​သည်​။​ ​ပြီး​ခဲ့​သည့်​ ​လ​အ​တွင်း​က​ ​မြောက်​ကို​ရီး​ယား​တို့​၏​ ​လက်​နက်​ကြီး​ ​ကျည်​ဆံ​များ​ ​တောင်​ကို​ရီး​ယား​ပိုင်​ ​Yeonpyeong​ ကျွန်း​သို့​ ​ကျ​ရောက်​ပေါက်​ကွဲ​ခဲ့​သည့်​နောက်​ပိုင်း​ ​နှစ်​နိုင်ငံ​ ​နယ်​စပ်​အ​နီး​ရှိ​ ​တောင်​ကို​ရီး​ယား​ပိုင်​ ​ကျွန်းငယ်​များ​တွင်​ ​နေ​ထိုင်​သူ​များ​အ​တွက်​ ​အ​ထိတ်​တ​လန့်​ ​ဖြစ်​ခဲ့​သည်​။​ ​

အ​ခင်း​ဖြစ်​ရာ​ကျွန်း​တွင်​ ​နေ​ထိုင်​သူ​ ​၁၃၀၀​ ​ကျော်​တို့​မှာ​ ​ထွက်​ပြေး​တိမ်း​ရှောင်​သွား​သော်​လည်း​ ​တောင်​ကို​ရီး​ယား​ ​အ​စိုး​ရ​က​ ​ပြန်​လည်​အ​ခြေ​ချ​ရေး​ ​ကူ​ညီ​ပေး​သွား​မည်​ဟု​ ​ပြော​ကြား​ထား​သည်​။​ ​သ​မ္မ​တ​လီ​သည်​ ​ကျူး​ကျော်​ပစ်​ခတ်​မှု​ကို​ ​ချက်​ချင်း​တုန့်​ပြန်​ရန်​ ​နှေး​ကွေး​နေ​မှု​နှင့်​ ​တုန့်​ပြန်​မှု​က​လည်း​ ​အား​နည်း​သည့်​အ​တွက်​ ​ဝေ​ဖန်​မှု​များ​ ​အ​လူး​အ​လဲ​ ရင်​ဆိုင်​နေ​ရ​သည်​။​ ​ယင်း​ကိ​စ္စ​ကြောင့်​ ​တောင်​ကို​ရီး​ယား​ ​ကာ​ကွယ်​ရေး​ ​ဝန်​ကြီး​သည်​လည်း​ ​ရာ​ထူး​မှ​ ​နှုတ်​ထွက်​ခဲ့​ရ​ပြီး​ဖြစ်​သည်​။​ ​

သ​မ္မ​တ​လီ​သည်​ ​လက်​ရှိ​တွင်​ ​နယ်​စပ်​အ​နီး​ ​ကျွ​န်း​များ​ကို​ ​ပြန်​လည်​တည်​ထောင်​ပေး​ရန်​ ​အ​ရေး​တ​ကြီး​ ​လို​အပ်​နေ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​တောင်​ကို​ရီး​ယား​ ​အ​စိုး​ရ​သည်​ Yeonpyeong ​ကျွန်း​ ​ပြန်​လည်​ထူ​ထောင်​ရေး​အ​တွက်​ ​ဝမ်​ငွေ​ ​ဘီ​လျံ​ ​၃၀​ ​ထောက်​ပံ့​သွား​မည်​ဟု​လည်း​ ​ပြော​ကြား​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here