​​ကယ်​လီ​ဖိုး​နီး​ယား​တောင်​ပိုင်း​ရှိ​​ ​နေ​အိမ်​တွင်​​ ​ဗုံး​များ​ရှာ​ဖွေ​တွေ့​ရှိ

alt

အ​မေ​ရိ​ကန်​နိုင်ငံ​၊​​ ​ကယ်​လီ​ဖိုး​နီး​ယား​​ ​တောင်​ပိုင်း​တွင်​ရှိ​သော​​ ​အိမ်တစ်​လုံး​အ​တွင်း​ ​ဗုံး​များ​ကို​ ​ရှာ​ဖွေ​တွေ့​ရှိ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ရဲ​များ​က​ ​အိမ်​အ​တွင်း​ ​ဖောက်​ခွဲ​ရေး​ ​ကိ​ရိ​ယာ​များ​၊​ ​က​ရား​များ​ဖြင့်​ ​ထည့်​ထား​သည့်​ ​ဓာ​တု​ဗေ​ဒ​ ​အ​ရည်​များ​စွာ​ကို​ ​ရှာ​ဖွေ​တွေ့​ရှိ​ကြောင်း​

​ထုတ်​ဖော်​ပြော​ဆို​ခဲ့​ချိန်​တွင်​ ​ယင်း​အိမ်​နှင့်​ ​အ​နီး​တ​ဝိုက်​တွင်​ ​နေ​ထိုင်​သူ​များ​အ​တွက်​ ​အံ့ဩ​ထိတ်​လန့်​စ​ရာ​ ​ဖြစ်​ခဲ့​ရ​သည်​။​ ​အ​စိုး​ရ​ ​ရှေ့​နေ​များ​က​ ​ဆာ​ဘီး​ယား​ဖွား​ ​ဂျော့​ဂျာ​ဘက်​ဆို​သူ​သည်​ ​အ​ဆို​ပါ​ ​အိမ်​အ​တွင်း​ ​ခို​အောင်း​ကာ​ ​ပ​မာ​ဏ​ ​များ​ပြား​လှ​သည့်​ ​အိမ်​လုပ်​ဖောက်​ခွဲ​ရေး​ ပ​စ္စည်း​များ​ကို​ ​တိတ်​တ​ဆိတ်​ ​ပြု​လုပ်​စု​ဆောင်း​နေ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​ကုန်​က​ ​စီး​နင်း​ရှာ​ဖွေ​ခဲ့​ပြီး​နောက်​ ​ယ​ခု​အ​ခါ​ ​ရဲ​တပ်​ဖွဲ့​သည်​ ​အ​န္တ​ရာယ်​များ​လှ​သော​ ​စွန့်​စား​မှု​အ​ဖြစ်​ ​ယင်း​ဖောက်​ခွဲ​ရေး​ ​ကိ​ရိ​ယာ​များ​ကို​ ​ဖယ်​ရှား​ရန်​ ​ကြိုး​ပမ်း​လျက်​ရှိ​သည်​။​ ​

တာ​ဝန်​ရှိ​သူ​များ​က​ ​အ​နီး​တ​ဝိုက်​ကို​ ​ရှင်း​လင်း​ပြီး​ ​အိမ်​တစ်​ခု​လုံး​ကို​ ​အ​ထူး​ကြပ်​မတ်​ထား​သော​ဇုန်​အ​ဖြစ်​ ​သတ်​မှတ်​ကာ​ ​ဖောက်​ခွဲ​ပစ်​ရန်​မှာ​ ​အ​ဖြစ်​နိုင်​ဆုံး​ ​နည်း​လမ်း​အ​ဖြစ်​ ​ယူ​ဆ​ထား​သည်​။​ ​အိမ်​အ​တွင်း​ ​မျက်​နှာ​ကျက်​ပေါ်​တွင်​ ​ဝှက်​ထား​သော​ ​ဖောက်​ခွဲ​ရေး​ ​ပ​စ္စည်း​များ​အ​ပြင်​ ​လက်​စ​မ​သတ်​ရ​သေး​သည့်​ လက်​ပစ်​ဗုံး​ ​၁၃​ ​လုံး​ကို​ပါ​ ​တွေ့​ရှိ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​ကယ်​လီ​ဖိုး​နီး​ယား​ ​ပြည်​နယ်​အုပ်​ချုပ်​ရေး​မှူး​ ​အာ​နိုး​ရှာ​ဝါ​ဇင်​ဂျာ​က​ ​မ​သ​င်္ကာ​သူ​ ​ဂျာ​ဘက်​မှာ​ ​လွတ်​မြောက်​နေ​ဆဲ​ဖြစ်​သ​ဖြင့်​ ​ပြည်​နယ်​အ​တွင်း​ ​နေ​ထိုင်​သူ​များ​ကို​ ​နိုး​နိုး​ကြား​ကြား​ ​ရှိ​စေ​ရန်​ ​သ​တိ​ပေး​ထား​သည်​။​ ​ယင်း​အိမ်​အ​တွင်း​ရှိ​ ​ဖောက်​ခွဲ​ရေး​ ​ပ​စ္စည်း​များ​ကို​ ​စ​နက်​တံ​ဖြုတ်​ရန်​အ​တွက်​ ဗုံး​ကျွမ်း​ကျင်​သူ​ ​၄၀​ ​ကျော်​တို့​က​ ​ကြိုး​ပမ်း​လုပ်​ဆောင်​နေ​ဆဲ​ဟု​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here