အမေရိကန်တွင် အလုပ်လက်မဲ့ဦးရေ မြင့်တက်လာ

alt

အ​မေ​ရိ​ကန်​နိုင်ငံ​၏​​ ​အ​လုပ်​လက်​မဲ့​ ဦး​ရေ​သည်​​ ​၉.​၈​ ​ရာ​ခိုင်​နှုန်း​ထိ​​ ​မြင့်​တက်​လာ​ကြောင်း​​ ​သိ​ရ​သည်​။​ ​နို​ဝင်​ဘာ​လ​ကုန်​ထိ​​ ​စာ​ရင်း​များ​က​ ​နိုင်ငံ​တွင်း​​ ​အ​လုပ်​အ​ကိုင်​ ​မ​ရှိ​သူ​ ​အ​ရေ​အ​တွက်​သည်​ ​နောက်​ထပ်​ ​၀.​၂​ ​ရာ​ခိုင်​နှုန်း​ ​တက်​လာ​ခြင်း​ဖြစ်​ကြောင်း​ ​ညွှန်​ပြ​နေ​သည်​။​

​ယင်း​မ​တိုင်​မီ​ ​တစ်​လ​က​ ​အ​လုပ်​လက်​မဲ့​ ​အ​ရေ​အ​တွက်​မှာ​ ​၉.​၆​ ​ရာ​ခိုင်​နှုန်း​ ​ရှိ​ခဲ့​သည်​။​ ​အ​လုပ်​အ​ကိုင်​ ​အ​ချက်​အ​လက်​ ​စာ​ရင်း​ပြု​စု​ရေး​ ​ဌာ​န​က​ ​နို​ဝင်​ဘာ​လ​အ​တွင်း​ ​ပု​ဂ္ဂ​လိ​က​ ​စီး​ပွား​ရေး​ ​လုပ်ငန်း​များ​က​ ​အ​လုပ်​နေ​ရာ​ ​၉၃၀၀၀​ ​ကျော်​ ​ဖန်​တီး​ပေး​နိုင်​ခဲ့​သော်​လည်း​ ​အ​လုပ်​လက်​မဲ့​ ​အ​ရေ​အ​တွက်​ ​ဆက်​လက်​တိုး​ပွား​နေ​ဆဲ​ဟု​ဆို​သည်​။​ ​အောက်​တို​ဘာ​လ​က​ ​အ​လုပ်​နေ​ရာ​သစ်​ ​၁၆၀၀၀၀​ ​ကျော်​ထိ​ ​တိုး​ပွား​ခဲ့​သည်​။​ ​စီး​ပွား​ရေး​ ​ပ​ညာ​ရှင်​များ​က​ ​အ​စိုးရ​၏​ ​အ​လုပ်​နေ​ရာ​ ​၅၀၀၀၀​ ​ကျော်​အ​တွက်​ ​လမ်း​ဖွင့်​ပေး​ခဲ့​မှု​ ​အ​ပါ​အဝင်​ ​အ​လုပ်​အ​ကိုင်​သစ်​ ​ရ​ရှိ​သူ​ ​၁၄၆၀၀၀​ ​ကျော်​ထိ​ ​နို​ဝင်​ဘာ​တစ်​လ​အ​တွင်း​ ​တိုး​ပွား​လာ​မည်​ဟု​ ​ခန့်​မှန်း​ခဲ့​သည်​။​ ​

လေ့​လာ​သူ​များ​က​ ​အ​မေ​ရိ​ကန်​တွင်​ ​ပျမ်း​မျှ​ ​အ​လုပ်​ပြုတ်​သူ​ ​အ​ရေ​အ​တွက်​သည်​ ​လ​စဥ်​ ​၂၈၀၀၀​ ​ကျော်​ ​ရှိ​နေ​ဆဲ​ဟု​ဆို​သည်​။​ ​မေ​ရီ​လန်း​ ​တ​က္က​သိုလ်​မှ​ ​စီး​ပွား​ရေး​ ​ပ​ညာ​ရှင်​ ​ပီ​တာ​မို​ရီ​ဆီ​က​ ​နိုင်ငံ​အ​တွင်း​ ​အ​လုပ်​လက်​မဲ့​ ​အ​ရေ​အ​တွက်​ ​ညွှန်​ကိန်း​များ​ ​မြင့်​တက်​နေ​ဆဲ​ ​ဖြစ်​သည့်​တိုင်​ အ​လုပ်​အ​ကိုင်​နေ​ရာ​ ​အ​ခွင့်​အ​လမ်း​ ​တိုး​ပွား​လာ​ခြင်း​သည်​ ​အား​ရ​ဖွယ်​ဖြစ်​ပြီး​ ​အ​ပေါင်း​လ​က္ခ​ဏာ​ဆောင်​သည့်​ ​ကိ​စ္စ​တစ်​ခု​ဖြစ်​ကြောင်း​ ​သုံး​သပ်​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here