လူ ရ ဦးကို သတ်ဖြတ်ခဲ့သည့် အသက် ၁၄ နှစ်အရွယ် မက္ကစီကို မူးယစ်မှောင်ခို ဂိုဏ်သားတစ်ဦး ဖမ်းဆီးရမိ

alt

မ​က္က​စီ​ကို​​ ​ရဲ​တပ်​ဖွဲ့​သည်​ ​မူး​ယစ်​ဆေး​ဝါး​​ ​မှောင်​ခို​ဂိုဏ်း​သား​များ​အ​နက်​​ ​အ​သက်​ ​၁၄​ ​နှစ်​သာ​​ ​ရှိ​သေး​သော​ ​လက်​ရဲ​ဇက်​ရဲ​ ​အ​ကြမ်း​ဖက်​သ​မား​လေး​ ​တစ်ဦး​ကို​ ​ဖမ်း​မိ​ခဲ့​ကြောင်း​ သိ​ရ​သည်​။​ ​

အယ်​ပွန်​ချီ​ဟု​ ​လူ​သိ​များ​သော​ ​အက်​ဂါ​ဂျာ​မီ​နက်​သည်​ ​အ​သက်​ ​၁၄​ ​နှစ်​သာ​ ​ရှိ​သေး​ပြီး​ ၎င်း​သည်​ ​မူး​ယစ်​ဆေး​ဝါး​ဂိုဏ်း​ ​မို​ရာ​လော့​၏​ ​ကြေး​စား​လူ​သတ်​သ​မား​ဟု​ ​ယူ​ဆ​ရ​ကြောင်း​ ​ရဲ​များ​က​ဆို​သည်​။​ ​ဒီ​ဇင်​ဘာ​ ​၄​ ​ရက်​နေ့​ ​ည​ပိုင်း​က​ ​အ​မေ​ရိ​ကန်​သို့​ ​ထွက်​ပြေး​ရန်​ ​ကြိုး​စား​သည့်​ ​အယ်​ပွန်​ချီ​ကို​ ​ကွာ​နာ​ဗာ​ကာ​မြို့​ ​လေ​ယာဥ်​တစ်​စင်း​ပေါ်​တွင်​ ​ဖမ်း​ဆီး​ရ​မိ​ခဲ့​ခြင်း​ဖြစ်​သည်​။​

၎င်း​နှင့်​အ​တူ​ ​အ​သက်​ ​၁၆​ ​နှစ်​ရှိ​ ​အစ်​မ​ဖြစ်​သူ​ကို​ပါ​ ​ဒု​စ​ရိုက်​ဂိုဏ်း​များ​နှင့်​ ​ယှက်​နွယ်​နေ​သော​ကြောင့်​ ​ဖမ်း​ဆီး​ခဲ့သည်​။​ ​ထို​မောင်​နှ​မ​နှင့်​အ​တူ​ ​လိုက်​ပါ​လာ​သူ​ ​အ​ခြား​ ​မွေး​ချင်း​ညီ​အစ်​မ​ ​တစ်ဦး​မှာ​မူ​ ​ဒု​စ​ရိုက်​မှု​များ​နှင့်​ ​ဆက်​နွယ်​နေ​ကြောင်း​ ​အ​ထောက်​အ​ထား​ ​မ​တွေ့​ရ​သ​ဖြင့်​ ​ရဲ​များ​က​ ​လွှတ်​ပေး​ခဲ့​သည်​။​ ​စစ်​ဆေး​မှု​များ​ ​ပြု​လုပ်​ပြီး​ချိန်​တွင်​ ​အယ်​ပွန်​ချီ​သည်​ ​အ​နည်း​ဆုံး​ ​လူ​ ​၇​ ဦး​ကို​ ​သ​တ်​ဖြတ်​ခဲ့​ဖူး​ကြောင်း​ ​ဝန်​ခံ​ခဲ့​သည်​။​ ၎င်း​က​ ​မူး​ယစ်​မှောင်​ခို​ဂိုဏ်း​များ​ ဩ​ဇာ​ဖြန့်​ကျက်​ထား​သည့်​ ​ဒေ​သ​များ​တွင်​ ​လူ​သတ်​မှု​များ​ ​ကျူး​လွန်​ခဲ့​ကြောင်း​ ​ဖြောင့်​ချက်​ပေး​ခဲ့​သည်​။​

မ​က္က​စီ​ကို​တွင်​ ​တ​ရားဥ​ပ​ဒေ​ ​စိုး​မိုး​ရေး​ ​အ​ဖွဲ့​အ​စည်း​များ​နှင့်​ ​မူး​ယစ်​ဆေး​ဝါး​ ​မှောင်​ခို​ဂိုဏ်း​များ​ကြား​ ​အ​ပြန်​အ​လှန်​ ​ယှဥ်​ပြိုင်​မှု​သည်​ ​တ​စ​ထက်​တ​စ​ ​ကြီး​မား​လာ​ခဲ့​ပြီး​ ရ​လဒ်​အ​ဖြစ်​ ​လူ​ပေါင်း​သောင်း​နှင့်​ချီ​ ​အ​မြောက်​အ​မြား​ ​သေ​ဆုံး​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here