သွား​တိုက်​ဆေး​တွင်​​ ​ပါ​ဝင်​သ​ည့်​​ ​ဓာ​တု​ပ​စ္စည်း​ကြေင့်​​ ​ သ​န္ဓေ​သား​တွင်​ ဦ​နှောက်​ထိ​ခိုက်​နိုင်

alt

သွား​တိုက်​ဆေး​များ​တွင်​​ ​ပါ​ဝင်​သော​ ​ဓာ​တု​ဗေ​ဒ​​ ​ပ​စ္စည်း​တစ်​မျိုး​သည်​​ ​ကိုယ်​ဝန်​ဆောင်​ ​သ​န္ဓေ​သား​များ​ကို​​ ​ထိ​ခိုက်​စေ​နိုင်​ကြောင်း​​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​များ​က​​ ​သ​တိ​ပေး​လိုက်​သည်​။​​ ​

သွား​တိုက်​ဆေး​နှင့်​​ ​ဆပ်​ပြာ​တို့​တွင်​ ​အ​သုံး​ပြု​ထား​သည့်​ Triclosan​ ​အ​မည်​ရှိ​ ​ဓာ​တု​ပ​စ္စည်း​သည်​ ​မိ​ခင်​မှ​ ​သ​န္ဓေ​သား​ထံ​သို့​ ​သွေး​စီး​ဆင်း​မှု​ကို​ ​တား​ဆီး​ပြီး​ ​က​လေးငယ်​၏​ ဦး​နှောက်​ကို​ ​အောက်​စီ​ဂျင်​ ​ပြတ်​လပ်​အောင်​ ​လုပ်​ဆောင်​ကြောင်း​ ​သု​တေ​သီ​များ​က​ဆို​သည်​။​ ​ယင်း​ဖြစ်​စဥ်​သည်​ ​သ​န္ဓေ​သား​၏​ ​ကြီး​ထွား​မှု​ကို​ ​အ​ဟန့်​အ​တား​ ​ဖြစ်​စေ​နိုင်​မည်​ဟု​ ​သိ​ရ​သည်​။​

​အ​မေ​ရိ​ကန်​နိုင်ငံ​၊​ ဖ​လော်​ရီ​ဒါ​ ​တ​က္က​သိုလ်​မှ​ ​ပ​ရော်​ဖက်​က​ဆာ​ ​မာ​ဂ​ရက်​ဂျိမ်း​က​ ​ယ​ခု​ကိ​စ္စ​သည်​ ​အ​န္တ​ရာယ်​ ​တစ်​ခု​အ​ဖြစ်​ ​သတ်​မှတ်​နိုင်​သော်​လည်း​ မည်​သည့်​အ​တိုင်း​အ​တာ​ထိ​ ​သက်​ရောက်​နိုင်​မည်​ကို​ ​မ​သိ​ရ​သေး​ဟု​ ​ပြော​ကြား​ခဲ့​သည်​။​ Triclosan​သည်​ ​အင်​အား​ကောင်း​သော​ ​ဘက်​တီး​ရီး​ယား​ဖျက်​ ​ဓာတ်​ပ​စ္စည်း​ ​တစ်​မျိုး​ဖြစ်​ပြီး​ ​လွန်​ခဲ့​သော​ ​နှစ်​ပေါင်း​ ​၅၀​ ​ခန့်​က​တည်း​က​ ​သုံး​စွဲ​လာ​ခဲ့​သည်​။​ ​ယ​ခု​အ​ခါ​ ​ရေ​မွှေး​များ​၊​ ​လက်​ဆေး​ဆပ်​ပြာ​၊​ ​ကိုယ်​တိုက်​ဆပ်​ပြာ​နှင့်​ ​သွား​တိုက်​ဆေး​ကဲ့​သို့​ ​ပ​စ္စည်း​များ​တွင်​ ​ယင်း​ကို​ တွင်​တွင်​ကျယ်​ကျယ်​ ​အ​သုံး​ပြု​လျက်​ရှိ​သည်​။​

ဥ​ရော​ပ​ ​ကော်​မ​ရှင်​က​ Triclosan​ကို​ အ​န္တ​ရာယ်​ကင်း​ကြောင်​ ​ကြေ​ညာ​ထား​သော်​လည်း​ ​အ​သုံး​ပြု​သော​ ​ပ​စ္စည်း​တွင်​ ​အ​လွန်​ဆုံး​ ​၀.​၃​ ​ရာ​ခိုင်​နှုန်း​ထက်​ ​ပို​မ​ထည့်​ရန်​ ​စည်း​မျဥ်း​သတ်​မှတ်​ ​တား​မြစ်​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here