အစ္စရေးတောမီး ငြှိမ်းသတ်ရန် နိုင်ငံတကာမှ မီးသတ် လေယာဉ်များ လာရောက် ကူညီ

alt

အ​စ္စ​ရေး​နိုင်ငံ​တွင်​​ ​ပြင်း​ပြင်း​ထန်​ထန်​​ ​လောင်​ကျွမ်း​နေ​သော​​ ​တော​မီး​ကို​ ​ကူ​ညီ​ငြှိမ်း​သတ်​ရန်​ ​နိုင်ငံ​ခြား​ ​မီး​သတ်​လေ​ယာဥ်​များ​ ပ​ထ​မ​ဆုံး​အ​ကြိမ်​ ​ရောက်​လာ​ပြီ​ဖြစ်​သည်​။​ ​ဆိပ်​ကမ်း​မြို့​ ​ဟိုင်​ဖာ​အ​နီး​ ​လောင်​ကျွမ်း​နေ​သော​ ​တော​မီး​ကြောင့်​ ​လူ​ ​၄၁​ ဦး​ထက်​မ​နည်း​ ​သေ​ဆုံး​ခဲ့​ပြီး​ဖြစ်​သည်​။

​ ​ဒီ​ဇင်​ဘာ​ ​၄​ ​ရက်​နေ့​က​ ဥ​ရော​ပ​နိုင်ငံ​ ​အ​သီး​သီး​မှ​ ​ပေး​ပို့​သော​ ​လေ​ယာဥ်​များ​ ​ရောက်​ရှိ​လာ​ခြင်း​သည်​ ​မီး​ကို​ ​အင်​တိုက်​အား​တိုက်​ ​ငြှိမ်း​သတ်​နေ​ရ​သည့်​ ​အ​စ္စ​ရေး​အ​တွက်​ ​အား​တက်​စ​ရာ​ ​ဖြစ်​လာ​ရ​သည်​။​ ​လူ​ပေါင်း​ ​၁၅၀၀၀​ ​ကျော်​ ​နေ​အိမ်​များ​ ​စွန့်​ခွာ​ထွက်​ပြေး​ခဲ့​ရ​သည့်​မီး​သည်​ ​အ​စ္စ​ရေး​နိုင်ငံ​ ​သ​မိုင်း​တွင်​ ​အ​ဆိုး​ဆုံး​တော​မီး​ ​ဖြစ်​လာ​ကြောင်း​ ​အာ​ဏာ​ပိုင်​များ​က​ဆို​သည်​။​ ​အ​စ္စ​ရေး​သည်​ ​က​မ္ဘာ​ပေါ်​တွင်​ ​အ​ကောင်း​ဆုံး​ ​လေ​တပ်​ပိုင်​ဆိုင်​သည့်​ ​နိုင်ငံ​တစ်​ခု​ ​ဖြစ်​သော်​လည်း​ ​မီး​သတ်​လုပ်ငန်း​အ​တွက်​ ​အ​ရေး​ပါ​သည့်​ ​အ​ဆို​ပါ​ ​လေ​ယာဥ်​များ​ ​မ​ရှိ​ချေ​။​ ​

ယ​ခု​အ​ခါ​ ​ဂ​ရိ​၊​ ​ဘူ​ဂေး​ရီး​ယား​၊​ ​ဆိုက်​ပ​ရပ်​နှင့်​ ​ဗြိ​တိန်​တို့​က​ ​လေ​ယာဥ်​ ​၈​ ​စင်း​နှင့်​ ​ရ​ဟတ်​ယာဥ်​ ​၃​ ​စင်း​ကို​ ​မီး​သတ်​လုပ်ငန်း​အ​တွက်​ ​ပေး​ပို့​ထား​ပြီး​ ​စ​ပိန်​၊​ ​တူ​ရ​ကီ​၊​ ​ခ​ရို​အေး​ရှား​၊​ ​ပြင်​သစ်​၊​ ​ရု​ရှား​၊​ ​အ​ဇာ​ဘိုင်​ဂျန်​၊​ ​အီ​ဂျစ်​နှင့်​ ​ရို​မေး​နီး​ယား​တို့​ကလည်း​ ​လေ​ယာဥ်​များ​ ​ပေး​ပို့​ရန်​ ​စီ​စဥ်​နေ​သည်​။​ ​အ​စ္စ​ရေး​ ​ဝန်​ကြီး​ချုပ်​ ​ဘင်​ဂျ​မင်​ ​နာ​တန်​ညာ​ဟူက​ ​ယ​ခု​ကဲ့​သို့​ ​အ​ကူ​အ​ညီ​များ​ ​ပေး​ပို့​သည့်​ ​နိုင်ငံ​အား​လုံး​အား​ ​အ​ထူး​ကျေး​ဇူး​တင်​ရှိ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​

တူ​ရ​ကီ​သည်​ ​အ​စ္စ​ရေး​ ​ထိန်း​ချုပ်​ထား​သည့်​ ​ဂါ​ဇာ​ဒေ​သ​သို့​ ​တူ​ရ​ကီ​ပိုင်​ ​ထောက်​ပံ့​ရေး​ ​သ​င်္ဘော​များ​ ​သွား​ရောက်​စဥ်​ ​အ​စ္စ​ရေး​က​ ​ပစ်​ခတ်​ခဲ့​မှု​ကြောင့်​ ​နှစ်​နိုင်ငံ​ကြား​ ​မ​ကြေ​လည်​မှု​များ​ ​ရှိ​နေ​သည့်​တိုင်​ ​ဝန်​ကြီး​ချုပ်​ ​ရီ​ဆပ်​တေ​ယစ်​ ​အာ​ဒို​ဂန်​က​ ​အ​စ္စ​ရေး​သို့​ ​မီး​သတ်​လေ​ယာဥ်​ ​၂​ ​စင်း​ ​ပို့​ဆောင်​ပေး​ရန်​ ​အ​မိန့်​ထုတ်​ခဲ့​ရာ​ ​ယင်း​သည်​ ​ကာ​လ​အ​တန်​ကြာ​အ​တွင်း​ ​နှစ်​နိုင်ငံ​ ​ဆက်​ဆံ​ရေး​တွင်​ ​အ​ပေါင်း​လက္ခ​ဏာ​ဆန်သည့်​ ​အ​ကြီး​မား​ဆုံး​ ​လုပ်​ဆောင်​ချက်​ ​ဖြစ်​လာ​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here