ကိုလံဘီယာတွင် မိုးသည်းထန်ပြီး မြေပြိုမှုများဖြစ်ပွား

alt

ကို​လံ​ဘီ​ယာ​နိုင်ငံ​တွင်​​ ​မိုး​သည်း​ထန်​ပြီး​ ​မြေ​ပြို​မှု​များ​ကြောင့်​​ ​အ​နည်း​ဆုံး​ ​လူ​ ​၅၀​​ ​ကျော်​ ​သေ​ဆုံး​ဖွယ်​​ ​ရှိ​နေ​ကြောင်း​ ​သိ​ရ​သည်​။​​ ​ကယ်​ဆယ်​ရေး​ ​လုပ်​သား​များ​က​​ ​မန်​ဒယ်​လင်း​မြို့​အ​နီး​ ​ရွှံ့​နွံ​ချပ်​ကြီး​များ​အောက်​ ​ပိတ်​မိ​နေ​သော​ ​လူ​များ​ကို​ ​ကယ်​ဆယ်​ရေး​ခွေး​များ​ ​အ​သုံး​ပြု​ပြီး​ ​ရှာ​ဖွေ​လျက်​ရှိ​သည်​။

​ ​တန်​ပေါင်း​များ​စွာ​ ​လေး​လံ​သည့်​ ​အ​ပျက်​အ​စီး​များ​အောက်​ ​ရောက်​နေ​သူ​များ​အ​နက်​ ​ရုပ်​အ​လောင်း​ ​တစ်​ခု​ကို​ ​ဒီ​ဇင်​ဘာ​ ​၅​ ​ရက်​နေ့​က​ ​ဆွဲ​ထုတ်​နိုင်​ခဲ့​ကြောင်း​ ​ကယ်​ဆယ်​ရေး​တပ်​ဖွဲ့​ ​တာ​ဝန်​ရှိ​သူ​ ​တစ်ဦး​က​ဆို​သည်​။​ ​ဆယ်​စု​နှစ်​ ​၄​ ​ခု​အ​တွင်း​ ​အ​ဆိုး​ရွား​ဆုံး​ ​မိုး​ရွာ​သွန်း​မှု​များ​ကြောင့်​ ​ပြို​ကျ​နေ​သည့်​ ​အ​ပျက်​အ​စီး​များ​ကြောင့်​ ​ပိတ်​မိ​နေ​သူ​များ​အ​တွက်​ ​အ​သက်​အ​န္တ​ရာယ်​ ​စိုး​ရိမ်​ရ​ကြောင်း​ ​ကြက်​ခြေ​နီ​အ​ဖွဲ့​က​ဆို​သည်​။​

​ယ​ခု​နှစ်​အ​တွင်း​ ​မိုး​သည်း​ထန်​မှု​များ​ကြောင့်​ ​ကို​လံ​ဘီ​ယာ​တွင်​ ​သေ​ဆုံး​သူ​ ​အ​ရေ​အ​တွက်​ ​၁၇၆​ ဦး​ထက်​မ​နည်း​ ​ရှိ​ခဲ့​ပြီး​ဖြစ်​သည်​။​ ​ဒီ​ဇင်​ဘာ​လ​ ​၅​ ​ရက်​နေ့​က​ ​ရွာ​သွန်း​ခဲ့​သော​မိုး​ကြောင့်​ ​မြေ​ပြို​မှု​များ​ ​ဖြစ်​လာ​ပြီး​ ​လူ​ ​၅၀​ ​ထက်​မ​နည်း​ ​အ​ရှင်​လတ်​လတ်​ ​မြေ​ဖို့​ခံ​ရ​ခြင်း​ဖြစ်​သည်​။​ ယ​ခင်​က​ ​မြေ​ပြို​ခဲ့​သည့်​ ​အ​တွေ့​အ​ကြံု​များ​ ​ရှိ​ခဲ့​သော်​လည်း​ ​နှစ်​ပေါင်း​များ​စွာ​အ​တွင်း​ ယ​ခု​ကိ​စ္စ​သည်​ ​အ​ဆိုး​ဆုံး​ဖြစ်​ကြောင်း​ ​သ​ဘာ​​​​၀​​ ​ဘေး​အ​န္တ​ရာယ်​ ​အ​ခြေ​အ​နေ​တွင်​ ​အ​ရေး​ပေါ်​ ​ကူ​ညီ​ရေး​ဌာ​န​မှ​ ​တာ​ဝန်​ရှိ​သူ​ ​တစ်ဦး​ဖြစ်​သည့်​ ဂျွန်​ရန်​ဒွန်​က​ဆို​သည်​။​ ​မြေ​ပြို​မှု​များ​ကြောင့်​ ​မြို့​ပေါ်​ရှိ​ ​လူ​ပေါင်း​ ​ခု​နစ်​သောင်း​ကျော်​မှာ​လည်း​ ​နေ​အိမ်​များ​ကို​ ​စွန့်​ခွာ​ထွက်​ပြေး​ခဲ့​ရ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here