တရုတ်နိုင်ငံမှ ခရီးသည်တင် မီးရထား စံချိန်တင် အမြန်ဆုံး ခုတ်မောင်းနိုင်ခဲ့

alt

တ​ရုတ်​နိုင်ငံ​မှ​​ ​ခ​ရီး​သည်​တင်​ မီး​ရ​ထား​ ​တစ်​စင်း​သည်​ နိုင်ငံ​အ​တွက်​ ​အ​မြန်​ဆုံး​ ​စံ​ချိန်​ကို​ ​ရ​ရှိ​အောင်​ ​ခုတ်​မောင်း​နိုင်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​စမ်း​ခုတ်​မောင်း​မှု​ ​တစ်​ခု​အ​တွင်း​ ​ဘေ​ဂျင်း​နှင့်​ ​ရှန်​ဟိုင်း​ကြား​ ​ပြေး​လမ်း​ကို​ ​

တစ်​နာ​ရီ​ ​၄၈၆​ ​ကီ​လို​မီ​တာ​ထိ​ရောက်​အောင်​ ​ယင်း​ရ​ထား​က​ ​မောင်း​နှင်​နိုင်​ခဲ့​သည်​ဟု​ Xinhua​ ​သ​တင်း​ဌာ​န​က​ဆို​သည်​။​ ​

အ​မြန်​ရ​ထား​ ​နည်း​ပ​ညာ​ ​အ​လွန်​တိုး​တ​က်​ ​ဖွံ့​ဖြိုး​သော​ ​တ​ရုတ်​နိုင်ငံသည်​ ​ပို​မို​မြန်​ဆန်​သော​ ​ရ​ထား​များ​ကို​ ​စမ်း​သပ်​တီ​ထွင်​နေ​ဆဲ​ဖြစ်​သည်​။​ ​သို့​သော​လည်း​ ​ယင်း​ရ​ထား​ထက်​မြန်​သော​ ​ရ​ထား​များ​ကို​ ​က​မ္ဘာ့​နိုင်ငံ​ကြီး​ ​အ​ချို့​တွင်​ ​စမ်း​သပ်​ခဲ့​ပြီး​ဖြစ်​သည်​။​ ​ပြင်​သစ်​တွင်​ ​အ​ထူး​ပြု​ပြင်​ထား​သော​ TGV​​ ရ​ထား​တစ်​စင်း​သည်​ ​စမ်း​သပ်​မောင်း​နှင်​စဥ်​ ​တစ်​နာ​ရီ​ ​၅၇၈.​၄​ ​ကီ​လို​မီ​တာ​ထိ​ ​အ​ရှိန်​မြှင့်​နိုင်​ခဲ့​သည်​။​ ​၂၀၀၇​ ​ခု​နှစ်​က​ TGV​​ ရ​ထား​ ​စမ်း​သပ်​မှု​ ​မ​တိုင်​မီ​ ​၄​ ​နှစ်​က​တည်း​က​ ​ဂျ​ပန်​သည်​ ​တစ်​နာ​ရီ​ ​၅၈၁​ ​ကီ​လို​မီ​တာ​ ​မြန်​နှုန်း​ထိ​ ​မြှင့်​နိုင်​သော​ ​ရ​ထား​ကို​ ​စမ်း​သပ်​ပြီး​ဖြစ်​သည်​။​

တ​ရုတ်​နိုင်ငံ​သည်​ ​အ​မြန်​ရ​ထား​ ​နည်း​ပ​ညာ​ ​တိုး​တက်​ရေး​အ​တွက်​ ​ဒေါ်​လာ​ ​၃၂.​၅​ ​ဘီ​လျံ​ ​ရံ​ပုံ​ငွေ​သတ်​မှတ်​ ​ဆောင်​ရွက်​နေ​ပြီး​ ​အ​ဓိ​က​ ​မြို့​ကြီး​များ​ကို​ ​အ​မြန်​ရ​ထား​ဖြင့်​ ​ဆက်​သွယ်​ချိတ်​ဆက်​ရန်​ ​ကြိုး​ပမ်း​နေ​သည်​။​ ​တ​ရုတ်​သည်​ ​၂၀၁၂​ ​တွင်​ ​အ​မြန်​ရ​ထား​လမ်း​အ​ရှည်​ ​၁၃၀၀၀​ ​ကီ​လို​မီ​တာ​၊​ ​၂၀၂၀​ ​တွင်​ ​၁၆၀၀၀​ ​ကီ​လို​မီ​တာ​ ​ဖောက်​လုပ်​ပြီး​စီး​ရန်​ ​မျှော်​လင့်​ထား​သည်​။​ ထို့​အ​ပြင်​ ​တ​ရုတ်​ရ​ထား​ ​ပို့​ဆောင်​ရေး​ ​ဌာ​န​သည်​ ​အ​မြန်​ရ​ထား​များ​ ​မြန်​နှုန်း​ကို​ ​တစ်​နာ​ရီ​ ​ကီ​လို​မီ​တာ​ ​၅၀၀​ ​အ​ထက်​ထိ​ ​မြှင့်​တင်​နိုင်​ရန်​ ​မျှော်​လင့်​နေ​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here