အသက် ၁၄ နှစ် အရွယ် မလေးရှား ကျောင်းသူ မင်္ဂလာပွဲ အပေါ် မလေးရှားတွင် အမြင်ကွဲပြားမှုများ ထွက်ပေါ်

alt

မ​လေး​ရှား​နိုင်ငံ​အ​တွင်း​​ ​အ​သက်​ ​၁၄​ ​နှစ်​အ​ရွယ်​​ ​ကျောင်း​သူ​လေး​ ​တစ်ဦး​၏​​ ​မ​င်္ဂလာ​ပွဲ​နှင့်​ ​ပတ်​သက်​ပြီး​​ ​အ​မြင်​ကွဲ​ပြား​မှု​များ​​ ​ထွက်​ပေါ်​လျက်​ရှိ​သည်​။​​ ​မ​လေး​ရှား​တွင်​ ​အ​သ​က်​မ​ပြည့်​ဘဲ​ ​လက်​ထပ်​မှု​ကို​ ဥ​ပ​ဒေ​ဖြင့်​ ​တား​မြစ်​ထား​သော်​လည်း​ ​အစ္စလာမ်​ ​ဘာ​သာ​ရေး​အ​ရ

​ ​မိ​ဘ​များ​၏​ ​ခွင့်​ပြု​ချက်​ကြောင့်​ ​ဆီ​ရာ​ယီ​ ​တ​ရား​ရုံး​က​ ​လက်​ထပ်​ခွင့်​ ​ပေး​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ယင်း​သည်​ ​မ​လေး​ရှား​တွင်​ ​ဖြစ်​လေ့​ဖြစ်​ထ​ရှိ​သော​ ​အ​နေ​အ​ထား​တစ်​ရပ်​ ​မ​ဟုတ်​သ​လို​ ​ဝေ​ဖန်​မှု​များ​ ​ထွက်​ပေါ်​လာ​ခဲ့​သည်​။

​ ​ကွာ​လာ​လမ်​ပူ​ ​မွတ်​ဆ​လင်​ဌာ​န​က​ ​ဒီ​ဇင်​ဘာ​ ​၄​ ​ရက်​နေ့​တွင်​ ​စုံ​တွဲ​ ​၂၅၀​ ​ကို​ ​စု​ပေါင်း​လက်​ထပ်​ရန်​ ​လှုံ့​ဆော်​စီ​စဥ်​ပေး​ခဲ့​ရာ​ ​ယင်း​တို့​အ​နက်​ ​အ​သက်​ ​၁၄​ ​နှစ်​အ​ရွယ်​ ​ကျောင်း​သူ​လေး​ ​တစ်ဦး​နှင့်​ ​၂၃​ ​နှစ်​အ​ရွယ်​ ​ကျောင်း​ဆ​ရာ​လေး​ ​တစ်ဦး​တို့​၏​ ​လက်​ထပ်​ပွဲ​လည်း​ ​ပါ​ဝင်​ခဲ့​သည်​။​ ​အ​မျိုး​သ​မီး​၊​ ​မိ​သား​စု​နှင့်​ ​လူ​မှု​အ​ဖွဲ့​အ​စည်း​ ​ဖွံ့​ဖြိုး​ရေး​ ​ဝန်​ကြီး​ဖြစ်​သူ​ ​ဒါ​တက်​ဆာ​ရီ​ ​ရှာ​ရီ​ဇက်​က​ ​အ​စိုး​ရ​အ​နေ​နှင့်​ ​အ​သက်​မ​ပြည့်​ဘဲ​ ​လက်​ထပ်​မှု​ကို​ ​အား​ပေး​ခြင်း​ ​မ​ရှိ​ကြောင်း​ ​ပြော​ကြား​ခဲ့​သော်​လည်း​ ​အ​ရေး​ယူ​မှု​ ​ပြု​လုပ်​ရန်​ ​အ​စီ​အ​စဥ်​မ​ရှိ​ကြောင်း​လည်း​ ​ပြော​ဆို​သွား​သည်​။​ ​

အ​စိုး​ရ​အ​နေ​နှင့်​ ​က​လေး​များ​ကို​ ​လက်​ထပ်​ပေး​နေ​ခြင်း​ကို​ ​လက်​မ​ခံ​ကြောင်း​ ​ရှင်း​ရှင်း​လင်း​လင်း​ ​သ​ဘော​ထား​ ​ထုတ်​ပြန်​ကြောင်း​ ​ရှာ​ရီ​ဇက်​က​ ​ကြေ​ညာ​ခဲ့​သည်​။​ ​မ​လေး​ရှား​ရှိ​ ​က​လေး​သူငယ်​ ​အ​ခွင့်​အ​ရေး​အ​ဖွဲ့​များ​က​ အ​သက်​မ​ပြည့်​ဘဲ​ ​ထိမ်း​မြား​လက်​ထပ်​မှု​ကို​ ​ကန့်​ကွက်​မှု​များ​ ​ပြု​လုပ်​နေ​သည်​။​ ​အ​မျိုး​သ​မီး​ ​ထောက်​ပံ့​ရေး​အ​ဖွဲ့​မှ​ ​အ​မှု​ဆောင်​ ​ဒါ​ရိုက်​တာ​ ​အီ​ဗီ​ဂျို​ရှာ​က​ ​အ​စိုး​ရ​အ​နေ​နှင့်​ အစ္စလာမ်​​ ဘာ​သာ​ဝင်​များ​အား​ ​အ​သက်​မ​ပြည့်​သေး​သူ​ ​အ​မျိုး​သ​မီး​များ​ကို​ ​လက်​ထပ်​ခွင့်​ ​ပေး​ထား​ခြင်း​အ​တွက်​ ဥ​ပ​ဒေ​ကို​ ​ရုတ်​သိမ်း​ပေး​ရန်​ ​တောင်း​ဆို​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here