ဦး​နှောက်​တစ်​ခြမ်း​​ ​ဖယ်​ထုတ်​လိုက်​ရ​သော်​လည်း​ ​အ​မေ​ရိကန်​က​လေးငယ်​ ​အ​သက်​ရှင်​နိုင်​ခဲ့

alt

အ​မေ​ရိ​ကန်​မှ​​ ​က​လေးငယ်​ ​တစ်ဦး​သည်​​ ​ရော​ဂါ​ကြောင့်​ ဦး​နှောက်​တစ်​ခြမ်း​ကို​​ ​ဖယ်​ထုတ်​လိုက်​ရ​သော်​လည်း​​ ​အ​သက်​ရှင်​ ​ရပ်​တည်​နိုင်​ခဲ့​သည်​။​​ ​အ​သက်​ ​၂​ ​နှစ်​သာ​​ ​ရှိ​သေး​သော​ ​က​လေး​မ​လေး​​ ​ကေ​တီ​ဗာ​တီ​ချီ​လာ​သည်​ ​ထူး​ခြား​သော​ ​

အာ​ရုံ​ကြော​ ​အား​နည်း​မှု​ ​အ​ခြေ​အ​နေ​တစ်​ခု​ကြောင့်​ ​တစ်​နေ့​လျင်​ ​အ​ကြိမ်​ ​၅၀​ ​မျှ​ ​သွက်​ချာ​ပါ​ဒ​ ​ဝေ​ဒ​နာ​ကို​ ​ခံ​စား​ခဲ့​ရ​သည်​။​ ​သူ​မ​၏​ ​မိ​ဘ​များ​ဖြစ်​သည့်​ ​မာ​ရီ​ရယ်​ဆီ​လာ​နှင့်​ ​ဘ​ရိုင်​ယန်​တို့​သည်​ ​၂၀၀၈​ ​ခု​နှစ်​၊​ ဧ​ပြီ​လ​က​တည်း​က​ ​သ​မီး​ဖြစ်​သူ​၏​ ပုံ​မှန်​မ​ဟုတ်​သော​ ​အ​ခြေ​အ​နေ​ကို​ သ​တိ​ထား​မိ​ခဲ့​ပြီး​ ​စစ်​ဆေး​မှု​များ​ ​ပြု​လုပ်​ခဲ့​ရာ​ ​အ​ဆို​ပါ​ ​အာ​ရုံ​ကြော​ ​ရော​ဂါ​ကို​ ​သိ​ရှိ​လာ​ခြင်း​ဖြစ်​သည်​။​ ​

အော်​ရီ​ဂွန်​ရှိ​ ​ပို့​တ​လန်​တွင်​ ​နေ​ထိုင်​သော​ ​က​လေး​မ​လေး​၏​ ​သွ​က်​ချာ​ပါ​ဒ​ ​ဝေ​ဒ​နာ​မှာ​ ​အ​န္တ​ရာယ်​ ​ကြီး​မား​ကြောင်း​ ဆုံး​ဖြတ်​ပြီး​နောက်​ ​ဆ​ရာ​ဝန်​များ​က​ ​မိ​ဘ​များ​နှင့်​ ​ခွဲ​စိတ်​ရေး​ကိ​စ္စ​ကို​ တိုင်​ပင်​ခဲ့​ကြ​သည်​။​ နို​ဝင်​ဘာ​ ​၂၂​ ​ရက်​နေ့​က​ ​ကယ်​လီ​ဖိုး​နီး​ယား​ ​ဆေး​တ​က္က​သိုလ်​ ​ဆေး​ရုံ​မှ​ ​အာ​ရုံ​ကြော​ ​အ​ထူး​ကု​များ​သည်​ ​မိန်း​က​လေး​အား​ ​၈​ ​နာ​ရီ​ကြာ​ ​ခွဲ​စိတ်​မှု​ ​ပြု​လုပ်​ပြီး​ ဦး​နှောက်​တ​ဝက်​ကို​ ​ဖယ်​ထုတ်​လိုက်​ရ​သည်​။​ ​မူ​မှန်​မ​ဟုတ်​ဘဲ​ ​ပျက်​စီး​မှု​များ​ ​ဖြစ်​ပေါ်​နေ​သည့်​ ဦး​နှောက်​ခြမ်း​ကို​ ​ဖယ်​လိုက်​သည့်​အ​တွက်​ ​မိန်း​က​လေး​သည်​ ​အ​နာ​ဂတ်​တွင်​ ​သာ​မန်​လူ​တစ်ဦး​ကဲ့​သို့​ ​ကျန်း​မာ​ပျော်​ရွှင်​စွာ​ ​နေ​ထိုင်​သွား​နိုင်​မည်​ဟု​ ​ဆ​ရာ​ဝန်​များ​က​ ​မျှော်​လင့်​နေ​သည်​။​ ​

ကေ​တီ​၏​ ​မိ​ခင်​ဖြစ်​သော​ ​မ​ရီ​ရယ်​က​ ​သ​မီးငယ်​သည်​ ​မ​ကြာ​ခ​ဏ​ ​သွက်​ချာ​ပါ​ဒ​ဖြစ်​ပြီး​ ​ဝေ​ဒ​နာ​ကို​ ​ဆိုး​ဆိုး​ရွား​ရွား​ ​ခံ​စား​ရ​ကြောင်း​၊​ ​ဆ​ရာ​ဝန်​များ​က​ ​ထို​အ​တိုင်း​ဆက်​သွား​လျင်​ ​အ​သက်​အ​န္တ​ရာယ်​ ​စိုး​ရိမ်​ရ​သည်​ဟု​ ​ဆ​ရာ​ဝန်​များ​က​ ​ပြော​ကြား​ခဲ့​ကြောင်း​ ​ရှင်း​ပြ​ခဲ့​သည်​။​ ​ယခု​အ​ခါ​ ​က​လေး​မ​လေး​၏​ ​အ​ခြေ​အ​နေ​ ​တိုး​တက်​ကောင်း​မွန်​နေ​ပြီး​ ​ခ​ရ​စ္စ​မတ်​တွင်​ ​အိမ်​ပြန်​နိုင်​မည်​ဟု​ ​ဆ​ရာ​ဝန်​များ​က​ ​မျှော်​လင့်​နေ​ကြ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here