ဖူးစာဖက်ရှာဖွေပေးသည့် ဝန်ဆောင်မှုကို မယုံကြည်ကြောင်း တရုတ်မင်းသမီးပြောကြား

alt

တ​ရုတ်​ ​ရုပ်​ရှင်​မင်း​သ​မီး​​ ​ရှု​ကြည်​က​ ​သူ​မ​သည်​​ ​ဖူး​စာ​ဖက်​ ​ယှဥ်​တွဲ​ရှာ​ဖွေ​ပေး​သည့်​ Matchmaking​ ​ဝန်​ဆောင်​မှု​ကို​​ ​မ​ယုံ​ကြည်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​​ ​သူ​မ​နောက်​ဆုံး​ ​ပါ​ဝင်ထား​သည့်​ If​ You​ Are​ the​ One​ 2​ ​ဇာတ်​ကား​သည်​ ​

ထိုင်​ဝမ်​မှ​ Matchmaking​ ​စုံ​တွဲ​များ​အ​ကြောင်း​ ​တင်​ဆက်​ထား​သော်​လည်း​ ​သူ​မ​ကိုယ်​တိုင်​က​မူ​ ​မ​နှစ်​သက်​ကြောင်း​ ​ရှု​ကြည်​က​ဆို​သည်​။​ ​အသက်​ ​၃၄​ ​နှစ်​ရှိ​ ​မင်း​သ​မီး​က​ ​အ​သေ​အ​ချာ​ ​မ​သိ​သူ​ ​တစ်ဦး​နှင့်​ ​အ​ချက်​အ​လက်​များ​ပေါ်​ ​အ​ခြေ​ခံ​ပြီး​ ​သွား​ရောက်​တွေ့​ဆုံ​ရ​သည်​ကို​ ​ကြောက်​ရွံ့​ကြောင်း​ ​ဖွင့်​ဟ​ခဲ့​သည်​။​

သူ​မ​က​ ​ဇာတ်​ကား​အ​တွင်း​ ​ပါ​ဝင်​သ​ရုပ်​ဆောင်​မှု​နှင့်​ ​ပတ်​သက်​ပြီး​မူ​ ​ကျေ​နပ်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​သူ​မ​အ​နေ​နှင့်​ ​လက်​ထပ်​မည်​ဆို​ပါ​က​ Matchmaking​​ ကို​ ​အား​မ​ကိုး​ဘဲ​ ​သူငယ်​ချင်း​များ​ကို​သာ​ ​အ​ကူ​အ​ညီ​ ​တောင်း​ဖြစ်​လိမ့်​မည်​ဟု​ ​ရယ်​ရယ်​မော​မော​ ​ပြော​ဆို​သွား​သည်​။​ ​

ဆံ​ပင်​ရှည်​ရှည်​များ​နှင့်​ ​ညှို့​အား​ပြင်း​သည့်​ ​အ​လှ​ရှင်​ ​မင်း​သ​မီး​က​ ​သူ​မ​သည်​ ​သင့်​တော်​သော​ ​အ​မျိုး​သား​ ​တစ်ဦး​ကို​ ​ရှာ​ဖွေ​ဆဲ​ဟု​ ​ဝန်​ခံ​ခဲ့​သည်​။​ ​သူ​မ​အ​တွက်​ ​ရုပ်​ရည်​ချော​မော​မှု​သည်​ ​အ​ဓိ​က​မ​ကျ​ကြောင်း​၊​ ​နား​လည်​မှု​ရှိ​ပြီး​ ​အပြန်​အ​လှန်​ ​အ​လိုက်​သိ​မှု​သည်​ ​အ​ရေး​အ​ပါ​ဆုံး​ဖြစ်​ကြောင်း​ ​ရှု​ကြည်​က​ ​မှတ်​ချက်​ပြုသွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here