နော်​ဝေး​တွင်​​ ​အ​မျိုး​သ​မီးဝန်​ထမ်း​များ​​ ​ဓ​မ္မ​တာ​လာ​ချိန်​တွင်​​ ​အ​နီ​ရောင်​လက်​စည်းဝတ်​ဆင်​ရန်​ ​အ​ကြံ​ပြု

alt

နော်​ဝေး​နိုင်ငံ​ရှိ​​ ​အ​မျိုး​သ​မီး​ ​ဝန်​ထမ်း​များ​အ​နေ​နှင့်​​ ​ဓ​မ္မ​တာ​ ​လာ​နေ​ချိန်​တွင်​​ ​အ​နီ​ရောင်​ ​လက်​စည်း​များ​​ ​ဝတ်​ထား​ရန်​ ​အ​ကြံ​ပြု​ထား​သည်​။​​ ​စ​ကင်​ဒီ​နေ​ဗီး​ယန်း​​ ​ဒေ​သ​ရှိ​ ​နိုင်ငံ​မှ​​ ​အ​လုပ်​ခွင်​များ​သည်​ ​စည်း​ကမ်း​ကောင်း​မွန်​မှု​ဖြင့်​ ​

နာ​မည်​ကြီး​ရာ​ ​အ​မျိုး​သ​မီး​များ​ ​လက်​ပတ်​တွင်​ ​အ​နီ​ရောင်​ ​စည်း​ထား​ခြင်း​ဖြင့်​ ​သူ​မ​တို့​ ​အ​လုပ်​ချိန်​အ​တွင်း​ ​ခ​ဏ​ခ​ဏ​ ​အိမ်​သာ​သွား​နေ​ရ​ခြင်း​အ​ပေါ်​ ​မည်​သူ​က​မျှ​ ​မေး​မြန်း​စုံ​စမ်း​တော့​မည်​ ​မ​ဟုတ်​ချေ​။​ ​

အ​လုပ်​သ​မား​ ​ယူ​နီ​ယံ​ကာ​ ​ယ​ခု​အ​ကြံဉာဏ်​ကို​ ​စည်း​မျဥ်း​တစ်​ခု​အ​ဖြစ်​ ​တင်​သွင်း​သတ်​မှတ်​ပေး​ရ​န်​ ​တောင်း​ဆို​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​နော်​ဝေး​တွင်​ ​ထုတ်​လုပ်​မှု​ ​ပ​မာ​ဏ​ ​ကျ​ဆင်း​လာ​ခြင်း​နှင့်​ ​ပတ်​သက်​ပြီး​ ​အ​လုပ်​သ​မား​များ​ ​အ​လုပ်​ခွင်​တွင်​ ​အ​ချိန်​ဖြုန်း​မှု​ ​များ​ပြား​နေ​ခြင်း​ကြောင့်​ဟု​ ​စစ်​တမ်း​အ​ချို့​က​ ​ဖော်​ပြ​ခဲ့​ပြီး​နောက်​ ​အ​လုပ်​ချိန်​ ​အ​လေ​အ​လွင့်​ ​မ​ရှိ​အောင်​ ​ကြပ်​မတ်​ရန်​ ​လုပ်ငန်း​ရှင်​များ​က​ ​စီ​စဥ်​လာ​ကြ​သည်​။​ ​သို့​သော်​လည်း​ ​အ​မှန်​တ​ကယ်​ ​လို​အပ်​ချက်​အ​ရ​ ​မ​ကြာ​ခ​ဏ​ ​အိမ်​သာ​သွား​ရ​သည့်​ ​အ​မျိုး​သ​မီး​များ​အ​တွက်​ ​သီး​သန့်​အ​စီ​အ​မံ​တစ်​ခု​ ​ပြု​လုပ်​ရန်​ ​အ​လုပ်​သ​မား​ ​ယူ​နီ​ယံ​က​ ​ဆုံး​ဖြတ်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​

လေ့​လာ​မှု​များ​အ​ရ​ ​နော်​ဝေး​တွင်​ ​ကု​မ္ပ​ဏီ​ ​၆၆​ ​ရာ​ခိုင်​နှုန်း​မျှ​သည်​ ​အိမ်​သာ​ဝင်​ရာ​တွင်​ ​အ​ချိန်​မှတ်​သား​မှု​ ​ပြု​လုပ်​ရန်​ ​အီ​လက်​ထ​ရော​နစ်​ကတ်​ ​စ​နစ်​ကို​ ​သုံး​စွဲ​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​ထို့​အ​ပြင်​အ​ချို့​က​လည်း​ ​နေ့​စဥ်​အိမ်​သာ​ဝင်​မှု​ ​အ​ရေ​အ​တွက်​နှင့်​ ​ကြာ​မြင့်​ချိန်​ကို​ ​မှတ်​တမ်း​တင်​ရန်​ ဧည့်​မှတ်​တမ်း​ ​ပြု​စု​ထား​သည်​။​ ​ထို​သို့​သော​ ​အ​ခြေ​အ​နေ​တွင်​ ​အ​မျိုး​သ​မီး​များ​ ဓ​မ္မ​တာ​ကြောင့်​ ​အိမ်​သာ​သို့​ ​မ​ကြာ​မ​ကြာ​ ​သွား​ရ​ခြင်း​မှာ​ အ​ခက်​အ​ခဲ​တစ်​ခု​ ​ဖြစ်​လာ​ခဲ့​ရာ​ ​ယ​ခု​ကဲ့​သို့​ ​လက်​ပတ်​အ​နီ​ ​စည်း​ထား​ရန်​ ​အ​လုပ်​သ​မား​ ​ယူ​နီ​ယံ​က​ ​နှိုး​ဆော်​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here